တိုက်စစ်ပိုင်းအားနည်းချက်တွေ၊ ဒိုင်ရဲ့အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေကြောင့် ဥမကွဲသိုက်မပျက်ခဲ့ရတဲ့ ဒိန်းမတ်ပွဲ (ဒိန်းမတ် ဝ-၀ တူနီးရှား)

ဒိန်းမတ် ဝ-၀ တူနီးရှား

2022-11-22t135510z-1-lynxmpeial0l3-rtroptp-3-soccer-worldcup-dnk-tun-report

ဒိန်းမတ်နဲ့ တူနီးရှားတို့ပွဲစဉ်ကတော့ အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ဂိုးမရှိသရေနဲ့ ပွဲပြီးဆုံးသွးာခဲ့ပါတယ်။ ဒီပွဲမှာ ဒိန်းမတ်ဟာ ၃-၅-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာ ဒိုဘတ်ချ်၊ အော်ဆန်တို့ကို တွဲပေးခဲ့ပါတယ်။

ba91ed93a83fdc4189e1fca8568b28b3-XL

ကွင်းလယ်မှာ အဲရစ်ဆင်၊ ဟော့ဗျက်၊ ဒီလာနေးတို့ကို အသုံးပြုခဲ့ကာ မာဟီနဲ့ ခရစ်တန်တို့ကို Wing Back တွေအဖြစ် အသုံးပြုခဲ့ပါတယ်။ နောက်တန်းမှာ ခရစ္စတန်ဆန်၊ ခါဂျာ၊ အန်ဒါဆင်တို့ကို ကစားစေခဲ့တာပါ တူနီးရှားကလည်း ၃–၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး သူတို့ရဲ့အတောင့်တင်းဆုံးလူစာရင်းနဲ့ ဒိန်းမတ်ကို ရင်ဆိုင်ခဲံတာပါ။

Denmark-s-Kasper-Dolberg-Tunisias-Yassine-Meriah-F365

ပွဲအစကတည်းက နှစ်သင်းစလုံးအပြန်အလှန်ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ ပွဲကကြည့်ကောင်းခဲ့ပါတယ်။ တူနီးရှားဟာ ခံစစ်ကို ကျစ်လျစ်အောင် တည်ဆောက်ပြီး တန်ပြန်တိုက်စစ်တွေကနေ ဒိန်းမတ်ကို ဒုက္ခပေးနိုင်ခဲ့ပါတယ်။

e81lsa7o-christian-eriksen-vs-tunisia-625x300-22-November-22

ဒိန်းမတ်ဟာ ဘောလုံးပိုင်ဆိုင်မှု အသာစီးကနေ ကစားနိုင်ခဲ့ပေမယ့် မာကျောတဲ့ တူနီးရှားခံစစ်ကြောင်းကို ထိုးဖောက်ဖု့ိ အခက်တွေ့နေခဲ့ရပါတယ်။ တူနီးရှားရဲ့ တန်ပြန်တိုက်စစ်တွေ ထိရောက်ပြီး ပထမပိုင်းမှာ တန်ပြန်တိုက်စစ်ကနေ တစ်ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံ့နေခဲ့ပါတယ်။

Untitled1

ပထမပိုင်းမှာ ဒိန်းမတ်ထက် တူနီးရှားကတောင် ဂိုးပေါက်ကန်ခွင့်ရခဲ့ပေမယ့် တူနီးရှားတိုက်စစ်က အဆုံးသတ်ပိုင်း ညံ့ဖျင်းခဲ့ပါတယ်။ ဒိန်းမတ်မှာလည်း ကွင်းလယ်မှာ အဲရစ်ဆင်က ပတ်မွှေပြီး ကောင်းသလောက် တိုက်စစ်က အလုပ်မဖြစ်ခဲ့ဘဲ ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့သာ ပြီးဆုံးခဲ့ပါတယ်။

WCup-Denmark-Tunisia-Soccer-244-1669129298517-1669129298517-1669129314226-1669129314226

ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံးရဲ့ ကစားပုံက ပိုမိုမြိုင်ဆိုင်လာခဲ့ပါတယ်။ ဒီပွဲမှာ ကွင်းလယ်ဒိုင်ရဲ့ ဆုံးဖြတ်ချက်တွေကလည်း အငြင်းပွားဖွယ်ရာဖြစ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ဒိန်းမတ်တို့ အခွင့်အရေးတွေ ရခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ်အားနည်းလို့ ဂိုးမိုးခေါင်ခဲ့ကာ ဂိုးမရှိသရေနဲ့ပဲ ပွဲပြီးဆုံးခဲ့ရပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!