အာဂျင်တီးနားတို့ ရှုံးပွဲမရှိ စံချိန်ကျိုးပျက်ခဲ့ရတဲ့ အံ့အားသင့်ဖွယ်ပွဲစဉ်က မှတ်မှတ်ရရ ပြောစရာအချက်များ
[UNICODE] အစကောင်းခဲ့ပေမယ့် အနှောင်းမသေချာခဲ့တဲ့ မက်ဆီတို့အုပ်စု
7-D6-BRFHCHGAVUEGJPYHRQJMOFQ
အာဂျင်တီးနားဟာ အစပိုင်းမှာတော့ ပုံစံကောင်းပြခဲ့ပြီး ပွဲချိန် ၉ မိနစ်မှာကတည်းက မက်ဆီရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အာဂျင်တီးနားရဲ့ တိုက်စစ်ကစားပုံက အားရစရာကောင်းခဲ့ပြီး မက်ဆီ၊ မာတီနက်ဇ်တို့ ဂိုးတွေထပ်သွင်းခဲ့ပေမယ့် လူကွံျ့ဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ပထမပိုငးမှာတော့ အာဂျင်တီးနားဟာ ဆော်ဒီထက် သိသိသာသာ အသာရခဲ့တာပါ။
စိတ်ဓာတ်ကောင်းပြသခဲ့တဲ့ ဆော်ဒီ
2022-11-22-T112426-Z-1769423451-UP1-EIBM0-VON89-RTRMADP-3-SOCCER-WORLDCUP-ARG-SAU-REPORT
သမိုင်းဝင်နိုင်ပွဲတစ်ခုမှာ ဆော်ဒီနဲ့ ပတ်သက်ပြီး အဓိက ချီးကျူးရမှာက စိတ်ဓာတ်ပိုင်းပါပဲ။ စောစောစီးစီး ဂိုးပေးခဲ့ရပေမယ့် ဆော်ဒီတို့ဟာ စိတ်ဓာတ်မကျဘဲ အာဂျင်တီးနားလို ထိပ်ကြီးအသင်းတစ်သင်းကို အကောင်းဆုံး တုံ့ပြန်နိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဆော်ဒီရဲ့စိတ်ဓာတ်ပိုင်းကတော့ တကယ့်ကို ချီးကျူးစရာ ဖြစ်ခဲ့ရပါတယ်။
မက်ဆီကို လှည့်စားခဲေ့ပမယ့် မအောင်မြင်ခဲ့တဲ့ ဆော်ဒီ ဂိုးသမား
resize
ဆော်ဒီဂိုးသမားအနေနဲ့ ပင်နယ်တီကန်ခါနီးမှာ မက်ဆီကို လှည့်စားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဆော်ဒီဂိုးသမားအနေနဲ့ မက်ဆီကို ညာဘက်ကိုကန်ဖို့ လက်ညိုးထိုးပြခဲ့ပြီး အဲဒီနောက် သူ့ကတော့ ဘယ်ဘက်ကို ဒိုင်ဗင်ပစ်ခဲ့ပါတ်ယ။ ဒါပေမယ့် မက်ဆီက အေးအေးဆေးဆေးပဲ ညာဘက်ကို ကန်သွင်းခဲ့ပါတယ်။
ကလေးဆန်တဲ့ အမှားတွေကျူးလွန်ခဲ့တဲ့ အာဂျင်ခံစစ်
saleh-al-shehri-saudi-arabia-777434398
ဆော်ဒီကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဂျင်တီးနားခံစစ်ကြောင်းက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ အော်တာမန်ဒီနဲ့ ရိုမီရိုတို့အကြား အချိတ်အဆက်ပိုင်း အားနည်းခဲ့ပြီး ဒုတိယပိုင်းမှာ ပေးလိုက်ရတဲ့ နှစ်ဂိုးစလုံးမှာ သူတို့နှစ်ယောက်ရဲ့ အမှားမကင်းခဲ့ပါဘူး။
ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရတဲ့ အာဂျင်တီးနား
Untitled
ဆော်ဒီကိုအရေးနိမ့်ခဲ့တဲ့ပွဲမှာ အာဂျင်တီးနားတို့ နှမြောစရာကောင်းတာ တစ်ခုကတော့ ကာလရှည်ရှုံးပွဲမရှိစံချိန် ကျိုးပျက်ခဲ့ရတာပါ။ အာဂျင်တီးနားဟာ ၂၀၁၉ ခုနှစ်အတွင်းကတည်းက ရှုံးပွဲမရှိခဲ့ဘဲ အီတလီရဲ့ ၃၇ ပွဲရှုံးပွဲအရှည်ကြာဆုံးစံချိန်ကိုလိုက်မီဖို့ ၁ ပွဲသာ လိုတော့တာပါ။ ဒါပေမယ့် အာဂျင်တီးနားဟာ အီရန်ကို မထင်မှတ်ဘဲ အရေးနိမ့်ခဲ့ပြီး ရှုံးပွဲမရှိစံချိန်ပျက်ခဲ့ရပါတယ်။
[ZAWGYI] အစကောင်းခဲ့ပေမယ့် အနှောင်းမသေချာခဲ့တဲ့ မက်ဆီတို့အုပ်စု
မက်ဆီကို လှည့်စားခဲပေ့မယ့် မအောင်မြင်ခဲ့တဲ့ ဆော်ဒီ ဂိုးသမား
resize
Untitled
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!