စပါးနဲ့ အာဆင်နယ်တို့အထဲ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ပိုနီးစပ်တဲ့အသင်းကို ဂါးလက်စ် ဖွင့်ဟ
[UNICODE]
0-Getty-Images-1420844390
IMAGE: GOAL
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဝီလီယံဂါးလက်စ်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ခန့်မှန်းသုံးသပ်မှုတစ်ချို့ ပြုလု်ပ်ခဲ့တာပါ။ ဂါးလက်စ်ဟာ မြောက်လန်ဒန်ဒါဘီပြိုင်ဘက်တွေဖြစ်ကြတဲ့ အာဆင်နယ်နဲ့ စပါးတို့အကြား ချန်ပီယံဆုအခြေအနေနဲ့ပတ်သက်ပြီး သုံးသပ်ပြခဲ့တာပါ။
0-Zinchenko
IMAGE: GOAL
ဂါးလက်စ်ဟာ အာဆင်နယ်နဲ့ စပါးနှစ်သင်းစလုံးမှာ ကစားဖူးသူတစ်ဦးပါ။ ဂါးလက်စ်ဟာ အာဆင်နယ်ဟာ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၀ခုနှစ်အထိ ကစားခဲ့ပြီး အဲဒီနောက် စပါးအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ စပါးမှာထက်စာရင် ဂါးလက်စ်ဟာ အာဆင်နယ်မှာပိုပြီးနာမည်ကျော်ခဲ့ပါတယ်။
2171680-william-gallas-1
IMAGE: GOAL
ဂါးလက်စ်ဟာ အာဆင်နယ်နဲ့အတူ ဆုဖလားအောင်မြင်မှု ရယူနိုင်ခြင်းမရှိခဲ့ပေမယ့် တစ်ကိုယ်စာခြေစွမ်းကတော့ တောက်ပခဲ့တာပါ။ ဒီရာသီမှာ အပြိုင်တိုးတက်လျက်ရှိနေတဲ့ မြောက်လန်ဒန်ဒါဘီနှစ်သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ စပါးတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ ပတ်သက်ပြီး ဂါးလက်စ်က ခန့်မှန်းမှု ပြုလုပ်ခဲ့ပါတယ်။
Arsenal-celebrate-against-Brentford-1200x630
IMAGE: GOAL
ဒီရာသီမှာ စပါးထက်စာရင် အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူဖို့ အခြေအနေပိုကောင်းတယ်လို့ ဂါးလက်စ်က ထင်မြင်လျ်ကရှိနေတာပါ။ “ပရီးမီးယားလိဂ်ချန်ပီယံဆုမှာ စပါးထက်စာရင် အာဆင်နယ်က ပိုပြီးအခြေအနေကောင်းတယ်လို့ ကျွန်တော်ကတော့ ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရာသီမှာအာဆင်နယ်က ချန်ပီယံလိဂ် မကစားထားဘူးလေ။
b74bcf4f-fdd0-4e97-8a62-19eb69e92612
IMAGE: GOAL
ဒီတော့ အာဆင်နယ်က ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်ခုတည်းကိုပဲ သေချာအာရုံစိုက်ရမှာပါ ။သူတို့က ရည်မှန်းချက်က အဆင့်လေးဝင်ခွင့်လား၊ ချန်ပီယံဆုအတွက်လားဆိုတာကိုတော့ ကျွန်တော် သေချာမသိပါဘူး။ “ဒီရာသီမှာ ငါတို့က ပရီးမီးယားလိဂ်ဖလားရယူဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်ထားတယ်။ ဒီတော့ ငါတို့ လုပ်လိုက်ကြစို့”ဆိုပြီး အာတီတာက သူ့ကစားသမားတွေကို ပြောထားမှာပါ”လို့ ဂါးလက်စ်က ဖွင့်ဟခဲ့ပါတယ်။
https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1414673625
IMAGE: GOAL
အာဆင်နယ်ဟာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အခြေအနေကောင်းတွေကို ပိုင်ဆိုင်ထားပြီး ပရီးမီးယားလိဂ် (၇)ပွဲကစားခဲ့ရာမျှာ (၆) ပွဲအထိ အနိုင်ရရှိထားခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာမှာ ရပ်တည်လျက်ရှိနေပါတယ်။
[ZAWGYI]
0-Getty-Images-1420844390
IMAGE: GOAL
0-Zinchenko
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!