ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆောက်ဂိတ်ရဲ့အင်္ဂလန် ဘယ်အဆင့် ရောက်နိုင်မလဲဆိုတာ အဖြေထုတ်ပေးလိုက်တဲ့ စူပါကွန်ပျူတာ

[UNICODE]

0-Getty-Images-1401031223
IMAGE: GOAL

စူပါကွန်ပျူတာကတော့ လက်ရှိနိုင်ငံတာပွဲစဉ်တွေ ယှဉ်ပြိုင်ကစားအပြီးမှာ ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခန့်မှန်းချက်ပြုလုပ်ခဲ့ပြန်ပါတယ်။ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်အရ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဘယ်အဆင့်အထိ ရပ်တည်ရမလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာကောင်းလှပါတယ်။

73-UPVEZC4-JLGDFZRK757-MOS7-QI
IMAGE: GOAL

ဆောက်ဂိတ် မကိုင်တွယ်ခင်အထိ အင်္ဂလန်လက်ရွေးစင်အသင်းဟာ ၁၉၉၆ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ကို (၂) ကြိမ်သာ တက်ရောက်ပြီး ဗိုလ်လုပွဲကိုတော့ တစ်ကြိမ်မှ တက်ရောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ဆောက်ဂိတ်ဟာ ၂၀၁၆ ခုနှစ်မှာ အင်္ဂလန်နည်းပြခန့်အပ်ခံခဲ့ရပြီး ပွဲဦးထွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ဆောက်ဂိတ် တာထွက်လှပခဲ့ပါတယ်။

3461593-70617028-2560-1440
IMAGE: GOAL

ဆောက်ဂိတ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်ကို ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲပြီးနောက် ဆောက်ဂိတ်ရဲ့အင်္ဂလန်ဟာ ရလဒ်ဆိုးတွေ ဆက်တိုက်ရင်ဆိုင်နေရပြီး မှောင်မိုက်လျက်ရှိနေတာပါ။

Gareth-Southgate-2
IMAGE: GOAL

အင်္ဂလန်ပရိသတ်တွေကလည်း ဆောက်ဂိတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ တောင်းဆိုနေကြပါတယ်။ လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာအင်္ဂလန်ဟာ အမေရိကန်၊ ဝေးလ်၊ အီရန်တို့နဲ့ တစ်အုပ်စုတည်းကျရောက်လျက်ရှိနေပါတယ်။ ဘက်တင်းအေပီပီဖြစ်တဲ့ SBK ကတော့ အဲဒီအုပ်စုမှာ အင်္ဂလန်မှာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်ကိုတက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။

rice-0
IMAGE: GOAL

ဲဒီနောက် ရှုံးထွက်အဆင့်မှာ အင်္ဂလန်ဟာ ဆီနီဂေါနဲ့ ရင်ဆိုင်ရမယ်လို့ SBK က ခန့်မှန်းခဲ့ပြန်ပါတယ်။ ဆီနီဂါဟာ နယ်သာလန်၊ အီကွေဒေါ၊ အိမ်ရှင်ကာတာတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေတာပါ။ ဆီနီဂါကိုဖြတ်ကျော်ခဲ့ပြီးရင်တော့ အင်္ဂလန်ဟာ ပြင်သစ်နဲ့ တွေ့ဆုံမယ်လို့ SBK ရဲ့ခန့်မှန်းချက်အရသိရပါတယ်။

should-england-sack-gareth-southgate
IMAGE: GOAL

ပြင်သစ်နဲ့ တွေ့ဆုံတဲ့ ကွာတားဖိုင်နယ်အဆင့်မှာပဲ အင်္ဂလန်ဟာ အိမ်ပြန်လာရဖို့ရှိတယ်လို့ ခန့်မှန်းခဲ့ပြီးအင်္ဂလန်ရဲ့ ၂၀၂၂ ကမ္ဘာ့ဖလားအခြေအနေကို အဖြေထုတ်ပေးခဲ့ပါတယ်။ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ ဘရာဇီးတို့တွေ့ဆုံကာ ဘရာဇီး ဗိုလ်စွဲသွားမယ်လို့ SBK က ဟောကိန်းထုတ်ခဲ့ပါတယ်။

[ZAWGYI]

0-Getty-Images-1401031223
IMAGE: GOAL

စူပါကြန္ပ်ဴတာကေတာ့ လက္ရွိႏို္င္ငံတာပြဲစဥ္ေတြ ယွဥ္ၿပိဳင္ကစားအၿပီးမွာ ကမာၻ႕ဖလားၿပိဳင္ပြဲနဲ႔ ပတ္သက္ၿပီး ခန္႔မွန္းခ်က္ျပဳလုပ္ခဲ့ျပန္ပါတယ္။ စူပါကြန္ပ်ဴတာရဲ႕ ခန္႔မွန္းခ်က္အရ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္း ဘယ္အဆင့္အထိ ရပ္တည္ရမလဲဆုိတဲ့အခ်က္က စိတ္၀င္စားစရာေကာင္းလွပါတယ္။

73-UPVEZC4-JLGDFZRK757-MOS7-QI
IMAGE: GOAL

ေဆာက္ဂိတ္ မကိုင္တြယ္ခင္အထိ အဂၤလန္လက္ေရြးစင္အသင္းဟာ ၁၉၉၆ ခုႏွစ္ေနာက္ပိုင္း ကမာၻ႕ဖလားၿပိဳင္ပြဲမွာ ဆီမီးဖိုင္နယ္ကို (၂) ႀကိမ္သာ တက္ေရာက္ၿပီး ဗုိလ္လုပြဲကိုေတာ့ တစ္ႀကိမ္မွ တက္ေရာက္ႏုိင္ျခင္း မရွိခဲ့ပါဘူး။ ေဆာက္ဂိတ္ဟာ ၂၀၁၆ ခုႏွစ္မွာ အဂၤလန္နညး္ျပခန္႔အပ္ခံခဲ့ရၿပီး ပြဲဦးထြက္ ကမာၻ႕ဖလားၿပိဳင္ပြဲမွာေတာ့ ေဆာက္ဂိတ္ တာထြက္လွပခဲ့ပါတယ္။

3461593-70617028-2560-1440
IMAGE: GOAL

ေဆာက္ဂိတ္ဟာ ၂၀၁၈ ကမာၻ႕ဖလားၿပိဳင္ပြဲမွာ အဂၤလန္ကို ဆီမီးဖိုင္နယ္၊ ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ဗုိလ္လုပြဲအထိ ပို႔ေဆာင္ေပးႏုိင္ခဲ့တာပါ။ ဒါေပမယ့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲၿပီးေနာက္ ေဆာက္ဂိတ္ရဲ႕အဂၤလန္ဟာ ရလဒ္ဆုိးေတြ ဆက္တုိက္ရင္ဆုိင္ေနရၿပီး ေမွာင္မုိက္လ်က္ရွိေနတာပါ။

Gareth-Southgate-2
IMAGE: GOAL

အဂၤလန္ပရိသတ္ေတြကလည္း ေဆာက္ဂိတ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုေနၾကပါတယ္။ လာမယ့္ ကမာၻ႕ဖလားၿပိဳင္ပြဲမွာအဂၤလန္ဟာ အေမရိကန္၊ ေ၀းလ္၊ အီရန္တို႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္လ်က္ရွိေနပါတယ္။ ဘက္တင္းေအပီပီျဖစ္တဲ့ SBK ကေတာ့ အဲဒီအုပ္စုမွာ အဂၤလန္မွာ အုပ္စုဗုိလ္အျဖစ္ ေနာက္တစ္ဆင့္ကိုတက္ေရာက္ႏိုင္မယ္လုိ႔ ခန္႔မွန္းခဲ့ပါတယ္။

rice-0
IMAGE: GOAL

ဲဒီေနာက္ ရႈံးထြက္အဆင့္မွာ အဂၤလန္ဟာ ဆီနီေဂါနဲ႔ ရင္ဆုိင္ရမယ္လုိ႔ SBK က ခန္႔မွန္းခဲ့ျပန္ပါတယ္။ ဆီနီဂါဟာ နယ္သာလန္၊ အီေကြေဒါ၊ အိမ္ရွင္ကာတာတုိ႔႔နဲ႔ တစ္အုပ္စုတည္းက်ေရာက္ေနတာပါ။ ဆီနီဂါကိုျဖတ္ေက်ာ္ခဲ့ၿပီးရင္ေတာ့့ အဂၤလန္ဟာ ျပင္သစ္နဲ႔ ေတြ႕ဆံုမယ္လို႔ SBK ရဲ႕ခန္႔မွန္းခ်က္အရသိရပါတယ္။

should-england-sack-gareth-southgate
IMAGE: GOAL

ျပင္သစ္နဲ႔ ေတြ႕ဆံုတဲ့ ကြာတားဖိုင္နယ္အဆင့္မွာပဲ အဂၤလန္ဟာ အိမ္ျပန္လာရဖို႔ရွိတယ္လို႔ ခန္႔မွန္းခဲ့ၿပီးအဂၤလန္ရဲ႕ ၂၀၂၂ ကမာၻ႕ဖလားအေျခအေနကို အေျဖထုတ္ေပးခဲ့ပါတယ္။ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲဗုိလ္လုပြဲမွာ ျပင္သစ္နဲ႔ ဘရာဇီးတို႔ေတြ႕ဆံုကာ ဘရာဇီး ဗုိလ္စြဲသြားမယ္လုိ႔ SBK က ေဟာကိန္းထုတ္ခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!