မက်ဆီရဲ့လက်မှတ်ရဖို့ အရဲစွန့်ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ဖြစ်ရပ်

[UNICODE]

6c3b7c00a20b96eecaec96004c3805c1
IMAGE: GOAL

အာဂျင်တီးနားနဲ့ ဂျမေကာတို့ယှဉ်ပြိုင်ခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ ပရိသတ်တစ်ဦးက မက်ဆီရဲ့လက်မှတ်ရရှိဖို့ ကွင်းအတွင်းကို အရဲစွန့်ဝင်ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ရပ်က ကွင်းလုံခြုံရေးတွေကြောင့် အာင်မြင်သွားခြင်းတော့ မရှိခဲ့ပါဘူး။

Getty-Images-1243561714
IMAGE: GOAL

အာဂျင်တီးနားလက်ရွေးစင်အသင်းဟာ ၂၀၂၁ ခုနှစ်အတွင်း ယှဉ်ပြိုင်ခဲ့တဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗိုလ်စွဲပြီးကတည်းက စွမ်းဆောင်ရည်ကောင်းတွေကို ဆက်တိုက်ပြသနေတာပါ။ ဂျမေကာကို အနိုင်ရရှိခဲ့ပြီးနောက် အာဂျင်တီးနားဟာ ရှုံးပွဲမရှိတာ (၃၅) ပွဲအထိ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ အာဂျင်တီးနားအတွက်ဂိုးတွေကို အယ်ဗာရက်ဇ်နဲ့ မက်ဆီက နှစ်ဂိုးသွင်းယူခဲ့တာပါ။

lionel-mess-argentina-v-jamaica-friendly-2022
IMAGE: GOAL

မက်ဆီဟာ အာဂျင်တီးနားအတွက် စွမ်းဆောင်ရည်ကောင်းတွေကို ထုတ်ပြလျက်ရှိနေပြီး ဂျမေကာနဲ့ပွဲမှာ နှစ်ဂိုးသွင်းယူခဲ့ပြီးနောက် အာဂျင်တီးနားအတွက် ဂိုးပေါင်း ၉၀ ပြည့်မြောက်ခဲ့ပါတယ်။ ဂျမေကာနဲ့ပွဲမှာ မက်ဆီဟာ အဖျားနည်းနည်းတက်နေခဲ့လို့ ပွဲထွက်ခွင့် မရခဲ့ဘဲ ၅၅ မိနစ်မှာမှ လူစားလဲဝင်ရောက်ကစားခဲ့ပါတယ်။

lionel-mess-argentina-v-jamaica-friendly-2022-2
IMAGE: GOAL

ဂျမေကာနဲ့ပွဲစဉ်က မက်ဆီရဲ့ ပွဲသိမ်းဂိုးကလည်း လုံးဝလက်ဖျားခါချင်စရာကောင်းခဲ့ပါတယ်။ မက်ဆီဟာ ပြိုင်ဘက်ဂိုးဧရိယာထိပ်နားမှာ ကန်ခွင့်ရတဲ့ ဖရီးကစ်ကို ကစားသမားတွေ ထောင့်စေအောင် ကာထားတဲ့ကြားက အနိမ့်ဘော သွင်းယူခဲ့တာ ဖြစ်ပါတယ်။

reacts-fan-ran-pitch-ask-764083558
IMAGE: GOAL

အဲဒီပွဲစဉ်အတွင်း ပရိသတ်တစ်ဦးကွင်းအတွင်းဝင်ရောက်တဲ့ဖြစ်ရပ်တစ်ခုလည်းဖြစ်ပွားခဲ့ပါတယ်။ ပွဲကစားနေစဉ်အတွင်း ပရိသတ်တစ်ဦးဟာ ကွင်းအတွင်း အလျင်အမြန်ပြေးဝင်လာကာ မက်ဆီအနားကို သွားခဲ့ပြီး ဆော့ပင် ပေးခဲ့ပါတယ်။ စစချင်း မက်ဆီက နည်းနည်းကြောင်သွားပေမယ့် နောက်တော့ သူပေးတဲ့ ဆော့ပင်ကို ကိုင်ကာ နောက်ကျောမှာ လက်မှတ်ထိုးပေးခဲ့ပါတယ်။

Untitled
IMAGE: GOAL

ဒါပေမယ့် အဲဒီပရိသတ်ရဲ့ စွန့်စားမှုက အပြီးပြတ်တိုင် မအောင်မြင်ခဲ့ပါဘူး။ မက်ဆီက လက်မှတ်ရေးထိုးလို့ မပြီးခင်မှာပဲ လုံခြုံရေးတွေက ရောက်လာပြီး သူ့ကိုဝိုင်းဆွဲခဲ့ကြပါတယ်။ လုံခြုံရေး ၃ ယောက်လောက်က ဝိုင်းဆွဲခဲ့လို့ မက်ဆီတောင်မှ အနည်းငယ် ထိခိုက်မိမလို ဖြစ်သွားခဲ့ရပါတယ်။

ပွဲပြီးဆ့ုံးချိန်မှာတော့ အာဂျင်တီးနားနည်းပြ စကာလိုနီက မက်ဆီကို တင်းနစ်လောကရဲ့ဂန္ထဝင်ကစားသမားဖြစ်သူ ဖက်ဒဲရားနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။ “မက်ဆီက ဖက်ဒဲရားလိုပါပဲ။ သူသာ အနားသွားယူပြီး မြက်ခင်းစိမ်းပေါ်မှာ ဆက်မရှိနိုင်တော့လို့ တွေးမိရင် အားလုံး ဝမ်းနည်းကြပါလိမ့်မယ်”လု့ိ စကာလိုနီက ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

6c3b7c00a20b96eecaec96004c3805c1
IMAGE: GOAL

အာဂ်င္တီးနားနဲ႔ ဂ်ေမကာတုိ႔ယွဥ္ၿပိဳင္ခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲစဥ္မွာ ပရိသတ္တစ္ဦးက မက္ဆီရဲ႕လက္မွတ္ရရွိဖုိ႕ ကြင္းအတြင္းကို အရဲစြန္႔၀င္ေရာက္လာခဲ့ပါတယ္။ ဒါေပမယ့္ သူ႔ရဲ႕လုပ္ရပ္က ကြင္းလံုၿခံဳေရးေတြေၾကာင့္ အာင္ျမင္သြားျခင္းေတာ့ မရွိခဲ့ပါဘူး။

Getty-Images-1243561714
IMAGE: GOAL

အာဂ်င္တီးနားလက္ေရြးစင္အသင္းဟာ ၂၀၂၁ ခုႏွစ္အတြင္း ယွဥ္ၿပိဳင္ခဲ့တဲ့ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ဗုိလ္စြဲၿပီးကတည္းက စြမး္ေဆာင္ရည္ေကာင္းေတြကို ဆက္တုိက္ျပသေနတာပါ။ ဂ်ေမကာကို အႏုိင္ရရွိခဲ့ၿပီးေနာက္ အာဂ်င္တီးနားဟာ ရႈံးပြဲမရွိတာ (၃၅) ပြဲအထိ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ အာဂ်င္တီးနားအတြက္ဂိုးေတြကို အယ္ဗာရက္ဇ္နဲ႔ မက္ဆီက ႏွစ္ဂိုးသြင္းယူခဲ့တာပါ။

lionel-mess-argentina-v-jamaica-friendly-2022
IMAGE: GOAL

မက္ဆီဟာ အာဂ်င္တီးနားအတြက္ စြမ္းေဆာင္ရည္ေကာင္းေတြကို ထုတ္ျပလ်က္ရွိေနၿပီး ဂ်ေမကာနဲ႔ပြဲမွာ ႏွစ္ဂိုးသြငး္ယူခဲ့ၿပီးေနာက္ အာဂ်င္တီးနားအတြက္ ဂုိးေပါင္း ၉၀ ျပည့္ေျမာက္ခဲ့ပါတယ္။ ဂ်ေမကာနဲ႔ပြဲမွာ မက္ဆီဟာ အဖ်ားနည္းနည္းတက္ေနခဲ့လို႔ ပြဲထြက္ခြင့္ မရခဲ့ဘဲ ၅၅ မိနစ္မွာမွ လူစားလဲ၀င္ေရာက္ကစားခဲ့ပါတယ္။

lionel-mess-argentina-v-jamaica-friendly-2022-2
IMAGE: GOAL

ဂ်ေမကာနဲ႔ပြဲစဥ္က မက္ဆီရဲ႕ ပြဲသိမ္းဂိုးကလည္း လံုး၀လက္ဖ်ားခါခ်င္စရာေကာင္းခဲ့ပါတယ္။ မက္ဆီဟာ ၿပိဳင္ဘက္ဂိုးဧရိယာထိပ္နားမွာ ကန္ခြင့္ရတဲ့ ဖရီးကစ္ကို ကစားသမားေတြ ေထာင့္ေစေအာင္ ကာထားတဲ့ၾကားက အနိမ့္ေဘာ သြင္းယူခဲ့တာ ျဖစ္ပါတယ္။

reacts-fan-ran-pitch-ask-764083558
IMAGE: GOAL

အဲဒီပြဲစဥ္အတြင္း ပရိသတ္တစ္ဦးကြင္းအတြင္း၀င္ေရာက္တဲ့ျဖစ္ရပ္တစ္ခုလည္းျဖစ္ပြားခဲ့ပါတယ္။ ပြဲကစားေနစဥ္အတြင္း ပရိသတ္တစ္ဦးဟာ ကြင္းအတြင္း အလ်င္အျမန္ေျပး၀င္လာကာ မက္ဆီအနားကို သြားခဲ့ၿပီး ေဆာ့ပင္ ေပးခဲ့ပါတယ္။ စစခ်င္း မက္ဆီက နည္းနည္းေၾကာင္သြားေပမယ့္ ေနာက္ေတာ့ သူေပးတဲ့ ေဆာ့ပင္ကို ကိုင္ကာ ေနာက္ေက်ာမွာ လက္မွတ္ထုိးေပးခဲ့ပါတယ္။

Untitled
IMAGE: GOAL

ဒါေပမယ့္ အဲဒီပရိသတ္ရဲ႕ စြန္႔စားမႈက အၿပီးျပတ္တုိင္ မေအာင္ျမင္ခဲ့ပါဘူး။ မက္ဆီက လက္မွတ္ေရးထုိးလို႔ မၿပီးခင္မွာပဲ လံုၿခံဳေရးေတြက ေရာက္လာၿပီး သူ႔ကို၀ုိင္းဆြဲခဲ့ၾကပါတယ္။ လံုၿခံဳေရး ၃ ေယာက္ေလာက္က ၀ိုင္းဆြဲခဲ့လို႔ မက္ဆီေတာင္မွ အနည္းငယ္ ထိခိုက္မိမလို ျဖစ္သြားခဲ့ရပါတယ္။

ပြဲၿပီးဆ့ံဳးခ်ိန္မွာေတာ့ အာဂ်င္တီးနားနည္းျပ စကာလိုနီက မက္ဆီကို တင္းနစ္ေလာကရဲ႕ဂႏၳ၀င္ကစားသမားျဖစ္သူ ဖက္ဒဲရားနဲ႔ ခိုင္းႏိႈင္းခဲ့ပါတယ္။ “မက္ဆီက ဖက္ဒဲရားလိုပါပဲ။ သူသာ အနားသြားယူၿပီး ျမက္ခင္းစိမ္းေပၚမွာ ဆက္မရွွိႏုိင္ေတာ့လို႔ ေတြးမိရင္ အားလံုး ၀မ္းနည္းၾကပါလိမ့္မယ္”လု႔ိ စကာလိုနီက ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!