နေမာအချိုးခံရစဉ်မှာ ဘရာဇီးတစ်သင်းသားလုံး ဆက်ဆက်ထိမခံ ဖြစ်ခဲ့ကြတဲ့ မြင်ကွင်း

[UNICODE]

8c690
IMAGE: GOAL

ဘရာဇီးနဲ့ တူနီးရှားတို့ ကစားခဲ့တဲ့ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်မှာ မြင်ကွင်းတစ်ခုက နေမာရဲ့ ပရိသတ်တွေအတွက်တော့ ကြည်နူးစရာဖြစ်ခဲ့ရတာပါ။ ဒီပွဲစဉ်မှာ နေမာဟာ ပြိုင်ဘက်ကစားသမားရဲ့ ကြမ်းတမ်းတဲ့ဖြတ်ထုတ်မှုကို ခံခဲ့ရပါတယ်။ ဒီအချိန်မှာ ဘရာဇီးကစားသမားတွေက သူတို့ရဲ့ စူပါစတားကို ဝိုင်းကာကွယ်ပေးခဲ့ကြတာပါ။

220928040101-05-banana-racism-richarlison-brazil-tunisia-tottenham
IMAGE: GOAL

ဘရာဇီးဟာ အင်္ဂါနေ့က တူနီးရှားနဲ့ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံး ခြေစမ်းပွဲအဖြစ် ကစားခဲ့ရာမှာ ၅-၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ နေမာကလည်း ခြေစွမ်းပြနိုင်ခဲ့ပြီး မျက်နှာကို လေဆာပွိုင့်နဲ့အထိုးခံရတာတောင် တတိယမြောက်ဂိုးကို ပင်နယ်တီကနေ သွင်းယူပေးခဲ့ပါတယ်။

IMAGE-1664358040
IMAGE: GOAL

အဲဒီပွဲစဉ်မှာ တူနီးရှားကစားသမားတွေဟာ နေမာကို ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့ကြတာ တွေ့ရပါတယ်။ တူနီးရှားကစားသမား ဒိုင်လန်ဘရွန်းဟာ ပထမပိုင်းမပြီးခင်မှာ နေမာကို ကြမ်းတမ်းစွာ ဖြတ်ဒဏ်ကျူးလွန်ခဲ့ြ့ီးနေမာတစ်ယောက် လဲကျသွားခဲ့ရပါတယ်။

PANORAMIC-242669-0024-750x368
IMAGE: GOAL

အဲဒီနောက် အနီးအနားမှာ ရှိနေတဲ့ ဘရာဇီးကစားသမားတွေအားလုံးဟာ ဆက်ဆက်ထိမခံဖြစ်ခဲ့ကာ နေမာကို ကာကွယ်တဲ့အနေနနဲ့ ဒိုင်လူကြီးကို ဝိုင်းဝန်းစောဒကတက်ခဲ့ကြပါတယ်။ ဒီဖြစ်ရပ်မှာ ကွင်းလယ်ဒိုင်အနေနဲ့ကြမ်းတမ်းစွာ ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ တူနီးရှားကစားသမားကို အနီကတ်ပြပြီး ထုတ်ပယ်ခဲ့တာ တွေ့ရပါတယ်။

resize-1
IMAGE: GOAL

တူနီးရှားရဲ့ကြမ်းကြမ်းတမ်းတမ်း ကစားခဲ့တဲ့ နည်းစနစ်ပိုင်းဟာ အောင်မြင်ခဲ့ခြင်း မရှိဘဲ ဘရာဇီးအသင်းက အဆိုပါမှာ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဘရာဇီးနည်းပြ တီထီကတော့ တူနီးရှားရဲ့ကစားပုံကို ဒေါသထွက်ခဲ့ပြီး သူတို့ဟာ နေမာကို ကမ္ဘာ့ဖလားပြိုင်ပွဲကနေ လွဲချော်အောင် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

resize
IMAGE: GOAL

“ဒီပွဲက ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော်တို့သိထားပါတယ်။ ဒါပေမယ့် နေမာဖြစ်ပျက်သွားတဲ့ကိစ္စကိုတော့ စိတ်ကူးလို့တောင်မရပါဘူး။ ဒါက ကစားမားတွေကို ကမ္ဘာ့ဖလားလွဲချော်အောင် ပြုလုပ်တဲ့ပုံစံပါ”လို့ တီထီက ဖွင့်ဟခဲ့ပါတယ်။ နေမာဟာ တူနီးရှားနဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် နိုင်ငံတကာသွင်းဂို း ၇၅ ဂိုးအထိရှိလာခဲ့ပြီး ဖီဖာက အသိအမှတ်ပြုထားတဲ့ ဘရာဇီးဂန္ထဝင် ကစားသမားကြီးပီလီရဲ့စံချိန်ကိုလိုက်မှီဖို့ ၂ ဂိုးသာ လိုနေတာ့ပါတယ်။

[ZAWGYI]

8c690
IMAGE: GOAL

ဘရာဇီးနဲ႔ တူနီးရွားတုိ႔ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရးေျခစမ္းပြဲစဥ္မွာ ျမင္ကြင္းတစ္ခုက ေနမာရဲ႕ ပရိသတ္ေတြအတြက္ေတာ့ ၾကည္ႏူးစရာျဖစ္ခဲ့ရတာပါ။ ဒီပြဲစဥ္မွာ ေနမာဟာ ၿပိဳင္ဘက္ကစားသမားရဲ႕ ၾကမ္းတမ္းတဲ့ျဖတ္ထုတ္မႈကို ခံခဲ့ရပါတယ္။ ဒီအခ်ိန္မွာ ဘရာဇီးကစားသမားေတြက သူတုိ႔ရဲ႕ စူပါစတားကို ၀ိုင္းကာကြယ္ေပးခဲ့ၾကတာပါ။

220928040101-05-banana-racism-richarlison-brazil-tunisia-tottenham
IMAGE: GOAL

ဘရာဇီးဟာ အဂၤါေန႔က တူနီးရွားနဲ႔ ကမာၻ႕ဖလားမတိုင္ခင္ ေနာက္ဆံုး ေျခစမ္းပြဲအျဖစ္ ကစားခဲ့ရာမွာ ၅-၁ ဂိုးနဲ႔ ဂိုးျပတ္အႏုိင္ရရွိခဲ့ပါတယ္။ ဒီပြဲစဥ္မွာ ေနမာကလည္း ေျခစြမ္းျပႏိုင္ခဲ့ၿပီး မ်က္ႏွာကို ေလဆာပိြဳင့္နဲ႔အထိုးခံရတာေတာင္ တတိယေျမာက္ဂိုးကို ပင္္နယ္တီကေန သြင္းယူေပးခဲ့ပါတယ္။

IMAGE-1664358040
IMAGE: GOAL

အဲဒီပြဲစဥ္မွာ တူနီးရွားကစားသမားေတြဟာ ေနမာကို ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့ၾကတာ ေတြ႕ရပါတယ္။ တူနီးရွားကစားသမား ဒိုင္လန္ဘရြန္းဟာ ပထမပိုင္းမၿပီးခင္မွာ ေနမာကို ၾကမ္းတမ္းစြာ ျဖတ္ဒဏ္က်ဴးလြန္ခဲ့ၿ႔ီးေနမာတစ္ေယာက္ လဲက်သြားခဲ့ရပါတယ္။

PANORAMIC-242669-0024-750x368
IMAGE: GOAL

အဲဒီေနာက္ အနီးအနားမွာ ရွိေနတဲ့ ဘရာဇီးကစားသမားေတြအားလံုးဟာ ဆက္ဆက္ထိမခံျဖစ္ခဲ့ကာ ေနမာကို ကာကြယ္တဲ့အေနနနဲ႔ ဒိုင္လူႀကီးကို ၀ိုင္း၀န္းေစာဒကတက္ခဲ့ၾကပါတယ္။ ဒီျဖစ္ရပ္မွာ ကြင္းလယ္ဒိုင္အေနနဲ႔ၾကမ္းတမ္းစြာ ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ တူနီးရွားကစားသမားကို အနီကတ္ျပၿပီး ထုတ္ပယ္ခဲ့တာ ေတြ႕ရပါတယ္။

resize-1
IMAGE: GOAL

တူနီးရွားရဲ႕ၾကမ္းၾကမ္းတမ္းတမ္း ကစားခဲ့တဲ့ နည္းစနစ္ပိုင္းဟာ ေအာင္ျမင္ခဲ့ျခင္း မရွိဘဲ ဘရာဇီးအသင္းက အဆိုပါမွာ သက္ေသာင့္သက္သာ အႏုိင္ရရွိခ့ဲပါတယ္။ ဒါေပမယ့္ ဘရာဇီးနည္းျပ တီထီကေတာ့ တူနီးရွားရဲ႕ကစားပံုကို ေဒါသထြက္ခဲ့ၿပီး သူတို႔ဟာ ေနမာကို ကမာၻ႕ဖလားၿပိဳင္ပြဲကေန လြဲေခ်ာ္ေအာင္ ျပဳလုပ္ခဲ့တာျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။

resize
IMAGE: GOAL

“ဒီပြဲက ျပင္းထန္တဲ့ ပြဲတစ္ပြဲျဖစ္လိမ့္မယ္ဆုိတာ ကၽြန္ေတာ္တုိ႔သိထားပါတယ္။ ဒါေပမယ့္ ေနမာျဖစ္ပ်က္သြားတဲ့ကိစၥကိုေတာ့ စိ္တ္ကူးလို႔ေတာင္မရပါဘူး။ ဒါက ကစားမားေတြကို ကမာၻ႕ဖလားလြဲေခ်ာ္ေအာင္ ျပဳလုပ္တဲ့ပံုစံပါ”လို႔ တီထီက ဖြင့္ဟခဲ့ပါတယ္။ ေနမာဟာ တူနီးရွားနဲ႔ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ႏိုင္ငံတကာသြင္းဂို း ၇၅ ဂိုးအထိရွိလာခဲ့ၿပီး ဖီဖာက အသိအမွတ္ျပဳထားတဲ့ ဘရာဇီးဂႏၳ၀င္ ကစားသမားႀကီးပီလီရဲ႕စံခ်ိန္ကိုလိုက္မွီဖို႔ ၂ ဂိုးသာ လိုေနတာ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!