စီရော်နယ်ဒို ထင်သလို ရိုးသားခြင်း မရှိခဲ့တဲ့ ဆော်ဒီကလပ်နဲ့ အပြောင်းအရွှေ့နောက်ကွယ်က ဇာတ်လမ်း

[UNICODE]

0d28ee3c409f4da387c41d85fc2839f5
IMAGE: GOAL

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တုန်းက မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့သတင်းတွေက တော်တော်လေး လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်လို့ မန်ယူကနေ ထွက်ခွာချင်ခဲ့တာဖြစ်ပြီး အသင်းထွက်ခွာခွင့် တောင်းဆိုခဲ့ပါတယ်။

1-Getty-Images-1422605740
IMAGE: GOAL

စီရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဇာတ်လမ်းတွေထဲက ဆော်ဒီကလပ်အယ်ဟာလိန်းအသင်းနဲ့ ထွက်ပေါ်ခဲ့တဲ့ ဇာတ်လမ်းကလည်း စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ စီရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့မန်ဒက်စ်ဟာ ဘိုင်ယန်မြူးနစ်၊ ချဲလ်ဆီး၊ အက်သလက်တီကိုတို့ကို ဥရောပထိပ်သီးအသင်းတွေနဲ့ ဆွေးနွေးခဲ့ပေမယ့် အဲဒီအသင်းတွေက စီရော်နယ်ဒိုကို ခေါ်ယူလိုခြင်း မရှိခဲ့ပါဘူး။

1503
IMAGE: GOAL

စီရော်နယ်ဒိုကို အမှန်တကယ် ခေါ်ယူချင်ခဲ့တာက ဆော်ဒီကလပ် အယ်ဟာလိန်းအသင်းဖြစ်ခဲ့တာလို့ Daily Mail က ဖော်ပြထားပါတယ်။ ဆော်ဒီကလပ်ဟာ စီရော်နယ်ဒိုအတွက် မန်ယူထံ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းပေးချေပေးမှာဖြစ်ပါတယ်။ စီရော်နယ်ဒိုကို ၂ နှစ်စာချုပ် ချုပ်ဆိုကာ တစ်ပတ်လုပ်ခ ပေါင် ၂ သန်းအထိပေးချေပြီး ကမ္ဘာ့လုပ်ခအများဆုံး ကစားသမားဖြစ်လာစေမှာပါ။

cristiano-ronaldo
IMAGE: GOAL

ဒါပေမယ့် စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်မှာ ကစားဖို့က ဦးစားပေးဖြစ်တယ်၊ စီရော်နယ်ဒို ငွေကြေးမက်မောခြင်းမရှိဘူးဆိုပြီး အဲဒီကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီအပြောင်းအရွှေ့ဇာတ်လမ်းနောက်ကွယ်က ဇာတ်လမ်းကို အယ်ဟာလိန်ဥက္ကဋ္ဌဘန်နာဖယ်က ဖွင့်ဟခဲ့ပါတယ်။

Cristiano-Ronaldo-Man-Utd-F365-81
IMAGE: GOAL

စီရော်နယ်ဒိုဟာ အယ်ဟာလိန်းအသင်းရဲ့ ကမ်းလှမ်းမှုကို ကျေကျေနပ်နပ်ကြီး လက်ခံခဲ့ကြောင်း၊ ဒါပေမယ့် သူတို့ရဲ့ အပြောင်းအရွှေ့ပိတ်ပင်ခံရမှုကြောင့်သာ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ခြင်းဖြစ်ကြောင်း ဘန်နာဖယ်က ဆိုခဲ့ပါတယ်။ “ကျွန်တော်တို့ စီရော်နယ်ဒိုရဲ့ ညှိနှိုင်းခဲ့တာ အမှန်ပါပဲ။ ပိုက်ဆံက ငွေကြေးတွေ မဟုတ်ဘဲ စည်းမျဉ်းစည်းကမ်းတွေဖြစ်ခဲ့တာပါ။

cropped-Collage-Maker-14-Jul-2022-12-30-AM
IMAGE: GOAL

အယ်ဟာလိန်းအသင်းက ကမ္ဘာ့ကြယ်ပွင့်ကစားသမားတွေကို ခေါ်ယူဖို့လုပ်ဆောင်နေတာပါ။ ဒါက ကျွန်တော်တို့ကို ကစားသမားသစ် မှတ်ပုံတင်ဖို့ ခွင့်မပြုထားတဲ့ အဖွဲ့ချုပ်ရဲက ဆုံးဖြတ်ချက်ကြောင့် ဖြစ်ခဲ့တာပါ။ အပြောင်းအရွှေ့ အပိတ်ခံထားရပေမယ့် ကျွန်တော်တို့ဟာ ကစားသမားနဲ့ ညှိနှိုင်းမှုကို မရပ်တန့်ခဲ့ပါဘူး”လို့ ဘန်နာဖယ်က ဆိုခဲ့ပါတယ်။

Getty-Images-1243554893
IMAGE: GOAL

အယ်ဟာလိန်းအသင်းဟာ ပြီးခဲ့တဲ့မေလအတွင်း သူတို့ရဲ့ကွင်းလယ်လူ ကာနိုကို ပြိုင်ဘက်အသင်းဖြစ်တဲ့ အယ်နာဆာထံ အလွတ်နဲ့ပြောင်းမယ့်အရေးကို တားမြစ်ခဲ့လို့ အပြောင်းအရွှေ့ပိတ်ပင်ခံခဲ့ရတာပါ။ ဒါကြောင့် စီရော်နယ်ဒိုဟာ ဆော်ဒီကလပ်ကို မပြောင်းဖြစ်တာ အများထင်သလို ချန်ပီယံလိဂ်မှာ ကစားချင်လို့ မဟုတ်ပါဘူး။ နောက်ဆုံးမှာ စီရော်နယ်ဒိုအနေနဲ့လည်း အသင်းမပြောင်းဖြစ်တော့ဘဲ မန်ချက်စတာယူနိုက်တက်မှာပဲ ဆက်လက်ကစားခဲ့ရပါတယ်။

[ZAWGYI]

0d28ee3c409f4da387c41d85fc2839f5
IMAGE: GOAL

ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေရႊ႕တုန္းက မန္ခ်က္စတာယူႏုိ္က္တက္တိုက္စစ္မွဴး စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕သတင္းေတြက ေတာ္ေတာ္ေလး လႈပ္ခတ္ခဲ့တာ ျဖစ္ပါတယ္။ မန္ယူတုိက္စစ္မွဴး စီေရာ္နယ္ဒိုဟာ ခ်န္ပီယံလိဂ္ကစားခ်င္လို႔ မန္ယူကေန ထြက္ခြာခ်င္ခဲ့တာျဖစ္ၿပီး အသင္းထြက္ခြာခြင့္ ေတာင္းဆိုခဲ့ပါတယ္။

1-Getty-Images-1422605740
IMAGE: GOAL

စီေရာ္နယ္ဒိုရဲ႕ အေျပာင္းအေရႊ႕ဇာတ္လမ္းေတြထဲက ေဆာ္ဒီကလပ္အယ္ဟာလိန္းအသင္းနဲ႔ ထြက္ေပၚခဲ့တဲ့ ဇာတ္လမး္ကလည္း စိတ္၀င္စားစရာ ေကာင္းလွပါတယ္။ စီေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ဟာ ဘိုင္ယန္ျမဴးနစ္၊ ခ်ဲလ္ဆီး၊ အက္သလက္တီကိုတို႔ကို ဥေရာပထိပ္သီးအသင္းေတြနဲ႔ ေဆြးေႏြးခဲ့ေပမယ့္ အဲဒီအသင္းေတြက စီေရာ္နယ္ဒိုကို ေခၚယူလိုျခင္း မရွိခဲ့ပါဘူး။

1503
IMAGE: GOAL

စီေရာ္နယ္ဒိုကို အမွန္တကယ္ ေခၚယူခ်င္ခဲ့တာက ေဆာ္ဒီကလပ္ အယ္ဟာလိန္းအသင္းျဖစ္ခဲ့တာလို႔ Daily Mail က ေဖာ္ျပထားပါတယ္။ ေဆာ္ဒီကလပ္ဟာ စီေရာ္နယ္ဒိုအတြက္ မန္ယူထံ ေျပာင္းေရႊ႕ေၾကး ေပါင္ ၂၅ သန္းေပးေခ်ေပးမွာျဖစ္ပါတယ္။ စီေရာ္နယ္ဒိုကို ၂ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိကာ တစ္ပတ္လုပ္ခ ေပါင္ ၂ သန္းအထိေပးေခ်ၿပီး ကမာၻ႕လုပ္ခအမ်ားဆံုး ကစားသမားျဖစ္လာေစမွာပါ။

cristiano-ronaldo
IMAGE: GOAL

ဒါေပမယ့္ စီေရာ္နယ္ဒုိဟာ ခ်န္ပီယံလိဂ္မွာ ကစားဖို႔က ဦးစားေပးျဖစ္တယ္၊ စီေရာ္နယ္ဒို ေငြေၾကးမက္ေမာျခင္းမရွိဘူးဆိုၿပီး အဲဒီကမ္းလွမ္းမႈကို ျငင္းဆန္ခဲ့တယ္လုိ႔ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚခဲ့ပါတယ္။ အခုအခါမွာေတာ့ အဲဒီအေျပာင္းအေရႊ႕ဇာတ္လမ္းေနာက္ကြယ္က ဇာတ္လမ္းကို အယ္ဟာလိန္ဥကၠ႒ဘန္နာဖယ္က ဖြင့္ဟခဲ့ပါတယ္။

Cristiano-Ronaldo-Man-Utd-F365-81
IMAGE: GOAL

စီေရာ္နယ္ဒိုဟာ အယ္ဟာလိန္းအသင္းရဲ႕ ကမ္းလွမ္းမႈကို ေက်ေက်နပ္နပ္ႀကီး လက္ခံခဲ့ေၾကာင္း၊ ဒါေပမယ့္ သူတုိ႔ရဲ႕ အေျပာင္းအေရႊ႕ပိတ္ပင္ခံရမႈေၾကာင့္သာ အေျပာင္းအေရႊ႕ပ်က္ျပယ္ခဲ့ျခင္းျဖစ္ေၾကာင္း ဘန္နာဖယ္က ဆုိခဲ့ပါတယ္။ “ကၽြန္ေတာ္တုိ႔ စီေရာ္နယ္ဒိုရဲ႕ ညွိႏိႈင္းခဲ့တာ အမွန္ပါပဲ။ ပိုက္ဆံက ေငြေၾကးေတြ မဟုတ္ဘဲ စည္းမ်ဥ္းစည္းကမ္းေတြျဖစ္ခဲ့တာပါ။

cropped-Collage-Maker-14-Jul-2022-12-30-AM
IMAGE: GOAL

အယ္ဟာလိန္းအသင္းက ကမာၻ႕ၾကယ္ပြင့္ကစားသမားေတြကို ေခၚယူဖို႔လုပ္ေဆာင္ေနတာပါ။ ဒါက ကၽြန္ေတာ္တုိ႔ကို ကစားသမားသစ္ မွတ္ပံုတင္ဖုိ႔ ခြင့္မျပဳထားတဲ့ အဖြဲ႕ခ်ဳပ္ရဲက ဆံုးျဖတ္ခ်က္ေၾကာင့္ ျဖစ္ခဲ့တာပါ။ အေျပာင္းအေရႊ႕ အပိတ္ခံထားရေပမယ့္ ကၽြန္ေတာ္တုိ႔ဟာ ကစားသမားနဲ႔ ညိွိႏိႈင္းမႈကို မရပ္တန္႔ခဲ့ပါဘူး”လုိ႔ ဘန္နာဖယ္က ဆုိခဲ့ပါတယ္။

Getty-Images-1243554893
IMAGE: GOAL

အယ္ဟာလိန္းအသင္းဟာ ၿပီးခဲ့တဲ့ေမလအတြင္း သူတုိ႔ရဲ႕ကြင္းလယ္လူ ကာႏုိကို ၿပိဳင္ဘက္အသင္းျဖစ္တဲ့ အယ္နာဆာထံ အလြတ္နဲ႔ေျပာင္းမယ့္အေရးကို တားျမစ္ခဲ့လို႔ အေျပာင္းအေရႊ႕ပိ္တ္ပင္ခံခဲ့ရတာပါ။ ဒါေၾကာင့္ စီေရာ္နယ္ဒိုဟာ ေဆာ္ဒီကလပ္ကို မေျပာင္းျဖစ္တာ အမ်ားထင္သလို ခ်န္ပီယံလိဂ္မွာ ကစားခ်င္လို႔ မဟုတ္ပါဘူး။ ေနာက္ဆံုးမွာ စီေရာ္နယ္ဒိုအေနနဲ႔လည္း အသင္းမေျပာင္းျဖစ္ေတာ့ဘဲ မန္ခ်က္စတာယူႏုိက္တက္မွာပဲ ဆက္လက္ကစားခဲ့ရပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!