မာတင်နယ်လီက ဒီဘရိုင်းခြေရာ နင်းနိူင်နေပြီလား

အာဆင်နယ် အသင်း အခုချိန်မှာတော့ ပရီးမီးယားလိဂ် ဇယားထိပ်မှာ ဒုတိယက လိုက်နေတဲ့ မန်စီးတီးနဲ့ စပါးတို့ထက် ၁ မှတ်အကွာနဲ့ ဦးဆောင်နေနိူင်ပါတယ်။ ဒီနှစ် မှာ လူတွေကတော့ ဂါဘရီရဲလ် ဂျေဇူး၊ ဇင်ချင်ကို နဲ့ ဗီအဲရာတို့ အကြောင်းပဲ ဖော်ပြနေတာပါ။

image
IMAGE: GOAL

သူတို့ရောက်လာတာ က အာဆင်နယ် အသင်းအတွက်သွေးသစ်လောင်းသလို ဖြစ်သွားပြီး ခုချိန်မှာ ၇ ပွဲမှာ ၆ ပွဲအထိ အနိူင်ယူနိူင်ခဲ့ပါတယ်။ သူတို့နဲ့ အတူ ဒီရာသီမှာ တောက်ပစွာ ခြေစွမ်းပြ နေတဲ့ ကစားသမားက မာတင်နယ်လီဖြစ်ပါတယ်။

၂၀၁၉ မှ ရောက်လာခဲ့ပေမယ့် သူက အခုချိန်မှာ အာတီတာရဲ့ ပထမ အသင်းကို နေရာယူနိူင်တဲ့ အထိ ခြေစွမ်းပြနိူင်သူဖြစ်ပါတယ်။ သူက အာဆင်နယ် အသင်း ရဲ့ ပရီးမီးယားလိဂ် ၇ ပွဲလုံး ပါဝင်ကစားခဲ့သလို ယူရိုပါလိဂ် ကစားပြီး ၃ ဂိုးသွင်းယူနိူင်ခဲ့ပါတယ်။

image
IMAGE: GOAL

မာတင်နယ်လီက အာဆင်နယ် အသင်းရဲ့ တိုက်စစ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ဆိုတာ FBref က ဖော်ပြလိုက်ပါတယ်။ မာတင်နယ်လီ က အာဆင်နယ် အသင်း လိမ်ခေါက်မှု၊ ဘောလုံးပေးပို့မှု ဒါမှမဟုတ် ဖရီးကစ် ကနေ ဒါရိုက် ကန်သွင်းခွင့် ရနိူင်တဲ့ အကြိမ်အရေ အတွက် ၂၉ ကြိမ် ထိ ပါဝင်ဖန်တီးနိူင်ခဲ့တာဖြစ်ပါတယ်။

image
IMAGE: GOAL

ပရီးမီးယားလိဂ်မှာ သူက ဒုတိယ အမြင့်ဆုံး ဖြစ်ပြီး ပထမကတော့ မန်စီးတီး အသင်းက ဒီဘရိုင်းက ၃၅ ကြိမ်နဲ့ ထိပ်က ဦးဆောင်နေတာဖြစ်ပါတယ်။ The Anayst အဆိုအရ တိုက်စစ်လိုက်ပါ ကစားမှုမှာ မာတင်နယ်လီက ဒီဘရိုင်းနဲ့အတူ ထိပ်မှာ ရပ်တည်နေတာဖြစ်ပါတယ်။

image
IMAGE: GOAL

ဇယားထိပ်မှာ ဒီဘရိုင်းက မိနစ် ၅၄၀ ကစားရာမှာ ၁၇ ကြိမ် ကန်သွင်း၊ ၁၇ ကြိမ် အခွင့်အရေး ဖန်တီး ပြီး ၁၂ ကြိမ် ဂိုးကန်ဖို့ စတင်ဖန်တီးပေးခဲ့ပါတယ်။ ဒုတိယမှာတော့ မာတင်နယ်လီက ၆၀၃ မိနစ် ကစားပြီး ၁၈ ကြိမ် ကန်သွင်း၊ ၁၅ ကြိမ် အခွင့်အရေး ဖန်တီးပြီး ၁၂ ကြိမ် ဂိုးကန်ဖို့ စတင်ဖန်တီးပေးခဲ့တာပါ။

image
IMAGE: GOAL

မာတင်နယ်လီကို လီဗာပူးနည်းပြ ယာဂင်ကလော့ကတော့ ရာစုနှစ် အတွက် အရည်အချင်းအရှိဆုံး ကစားသမားလို့ ချီးကျူးခဲ့သလို ခုချိန် မှာ ကလော့ ရဲ့ ချီးကျူးမှုကို မာတင်နယ်လီက ခြေစွမ်းပြပြီး သက်သေထူနေပြီလား ဆိုတာ စိတ်ဝင်စားစရာပါပဲ။

SOURCE: MIRROR



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!