မက်ဆီနဲ့ စီရော်နယ်ဒို ဘယ်သူနဲ့ တွဲကစားချင်လဲဆိုတဲ့ မေးခွန်းကို ဒီဘရိုင်းဘယ်လိုတုံ့ပြန်သလဲ

[UNICODE]

5d6823362e22af23026d1c77
IMAGE: GOAL

ပရီးမီးယားလိဂ်ကလပ ်မန်စီးတီးကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကတော့ မက်ဆီနဲ့ စီရော်နယ်ဒိုတို့အကြား ရွေးချယ်မှုပြုလုပ်သွားခဲ့ပါတယ်။ မက်ဆီနဲ့ စီရော်နယ်ဒိုတို့နှစ်ဦးအနက် ဘယ်သူနဲ့ တွဲကစားချင်လဲဆိုတဲ့ မေးခွန်းကိုဒီဘရိုင်းက စိတ်ဝင်စားဖွယ်ရာ တုံ့ပြန်သွားခဲ့တာပါ။

1243305282-0
IMAGE: GOAL

မက်ဆီနဲ့ စီရော်နယ်ဒိုတို့ဟာ (၂၁) ရာစုရဲ့ အကောင်းဆုံး ကစားသမားတွေလို့ သတ်မှတ်ခံထားရသူတွေဖြစ်ကြပြီး သူတို့နှစ်ဦးရဲ့ ပြိုင်ဆိုင်မှုမီးစာက ဘောလုံးနယ်ပယ်မှာ အစွမ်းကုန်တောက်လောင်ခဲ့တာပါ။ မက်ဆီက Ballon d’Or ဆု ၇ ကြိမ်ရရှိထားခဲ့ပြီး စီရော်နယ်ဒိုကတော့ Ballon d’Or ဆု ၅ ကြိမ် ရရှိထားပါတယ်။

Getty-Images-1381404937
IMAGE: GOAL

အမြင့်ဆုံးအောင်မြင်မှုတွေကို ရယူခဲ့ကြတဲ့ သူတို့နှစ်ဦးအနေနဲ့ လက်ရှိမှာ ကစားသမားဘ၀ နေဝင်ချိန်ကိုလည်း ရောက်လာခဲ့ပြီဖြစ်ပါတယ်။ ဒီ ဘရိုင်းကတော့ သူက ကွင်းလယ်ဖန်တီးရှင်ဖြစ်လို့ သူနဲ့ကစားပုံချင်းနည်းနည်း ခပ်ဆင်ဆင်ဖြစ်တဲ့ မက်ဆီအစား တိုက်စစ်မှူးပိုဆန်တဲ့ စီရော်နယ်ဒိုနဲ့သာ တွဲကစားချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Lionel-Messi-Cristiano-Ronaldo-Getty-Images
IMAGE: GOAL

“ကျွန်တော့်ရဲ့ အဖြေကတော့ စီရော်နယ်ဒိုပဲ ဖြစ်မှာပါ။ ဘာကြောင့်လဲဆိုတော့ သူက တိုက်စစ်မှူးပိုဆန်တယ်လေ။ မက်ဆီကတော့ ဖန်တီးရှင်လိုပုံစံမျိုး နည်းနည်းပေါက်ပါတယ်။ကျွန်တော်က ကွင်းလယ်ဖန်တီးရှင်ဖြစ်လို့တိုက်စစ်မှူးနဲ့ ပိုပြီးတွဲကစားချင်ပါတယ်”လို့ ဒီဘရိုင်းက ဖွင့်ဟခဲ့တာပါ။

r1062548-1296x729-16-9
IMAGE: GOAL

ဒီဘရိုင်းဟာ စီရော်နယ်ဒိုနဲ့ မန်စီးတီးမှာအတူ တွဲဖက်ကစားဖို့ နီးစပ်ခဲ့ပါသေးတယ်။ စီရော်နယ်ဒိုအနေနဲ့ ဂျူဗင်တပ်ကနေ ထွက်ခွာချိန်မှာ မန်ချက်စတာယူနိုက်တက်ကို မပြောင်းခင် မန်စီးတီးကိုပြောင်းရွှေ့ဖို့နီးစပ်ခဲ့သေးတာပါ။

skysports-messi-psg-5899357
IMAGE: GOAL

၃၁ နှစ်အရွယ် ဒီဘရိုင်းဟာ ကစားသမားဘဝမှာ မက်ဆီ၊ စီရော်နယ်ဒ။ိုတို့နဲ့ပြိုင်ဘက်အဖြစ် ထိပ်တိုက် ရင်ဆိုင်ခဲ့ဖူးသူပါ။ ဒီဘရိုင်းဟာ လက်ရှိအချိန်မှာကစားသမားဘ၀ အတောက်ပဆုံး စွမ်းဆောင်ရည်တွေကိုပြသနေပြီး လက်ရှိမှာကမ္ဘာ့အကောင်းဆုံးကွင်းလယ်ဖန်တီးရှင်လို့ သတ်မှတ်ရမှာပါ။ မနေ့ညကယှဉ်ပြိုင်ကစားခဲ့တဲ့ယူရိုနေရှင်းလိဂ်ပွဲမှာလည်း ဒီဘရိုင်းက ခြေစွမ်းပြခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့ပါတယ်။

[ZAWGYI]

5d6823362e22af23026d1c77
IMAGE: GOAL

ပရီးမီးယားလိဂ္ကလပ ္မန္စီးတီးကြင္းလယ္ဖန္တီးရွင္ ဒီဘရိုင္းကေတာ့ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတုိ႔အၾကား ေရြးခ်ယ္မႈျပဳလုပ္သြားခဲ့ပါတယ္။ မက္ဆီနဲ႔ စီေရာ္နယ္ဒိုတုိ႔ႏွစ္ဦးအနက္ ဘယ္သူနဲ႔ တြဲကစားခ်င္လဲဆုိတဲ့ ေမးခြန္းကိုဒီဘရိုင္းက စိတ္၀င္စားဖြယ္ရာ တု႔ံျပန္သြားခဲ့တာပါ။

1243305282-0
IMAGE: GOAL

မက္ဆီနဲ႔ စီေရာ္နယ္ဒိုတုိ႔ဟာ (၂၁) ရာစုရဲ႕ အေကာင္းဆံုး ကစားသမားေတြလို႔ သတ္မွတ္ခံထားရသူေတြျဖစ္ၾကၿပီး သူတုိ႔ႏွစ္ဦးရဲ႕ ၿပိဳင္ဆုိင္မႈမီးစာက ေဘာလံုးနယ္ပယ္မွာ အစြမး္ကုန္ေတာက္ေလာင္ခဲ့တာပါ။ မက္ဆီက Ballon d’Or ဆု ၇ ႀကိမ္ရရိွထားခဲ့ၿပီး စီေရာ္နယ္ဒုိကေတာ့ Ballon d’Or ဆု ၅ ႀကိမ္ ရရွိထားပါတယ္။

Getty-Images-1381404937
IMAGE: GOAL

အျမင့္ဆံုးေအာင္ျမင္မႈေတြကို ရယူခဲ့ၾကတဲ့ သူတုိ႔ႏွစ္ဦးအေနနဲ႔ လက္ရွိမွာ ကစားသမားဘ၀ ေန၀င္ခ်ိန္ကိုလည္း ေရာက္လာခဲ့ၿပီျဖစ္ပါတယ္။ ဒီ ဘရိုင္းကေတာ့ သူက ကြင္းလယ္ဖန္တီးရွင္ျဖစ္လုိ႔ သူနဲ႔ကစားပံုခ်င္းနည္းနည္း ခပ္ဆင္ဆင္ျဖစ္တဲ့ မက္ဆီအစား တုိက္စစ္မွဴးပိုဆန္တဲ့ စီေရာ္နယ္ဒိုနဲ႔သာ တြဲကစားခ်င္တယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။

Lionel-Messi-Cristiano-Ronaldo-Getty-Images
IMAGE: GOAL

“ကၽြန္ေတာ့္ရဲ႕ အေျဖကေတာ့ စီေရာ္နယ္ဒိုပဲ ျဖစ္မွာပါ။ ဘာေၾကာင့္လဲဆုိေတာ့ သူက တုိက္စစ္မွဴးပိုဆန္တယ္ေလ။ မက္ဆီကေတာ့ ဖန္တီးရွင္လိုပံုစံမ်ိဳး နည္းနညး္ေပါက္ပါတယ္။ကၽြန္္ေတာ္က ကြင္းလယ္ဖန္တီးရွင္ျဖစ္လုိ႔တုိက္စစ္မွဴးနဲ႔ ပိုၿပီးတြဲကစားခ်င္ပါတယ္”လို႔ ဒီဘရိုင္းက ဖြင့္ဟခဲ့တာပါ။

r1062548-1296x729-16-9
IMAGE: GOAL

ဒီဘရိုင္းဟာ စီေရာ္နယ္ဒုိနဲ႔ မန္စီးတီးမွာအတူ တြဲဖက္ကစားဖို႔ နီးစပ္ခဲ့ပါေသးတယ္။ စီေရာ္္နယ္ဒိုအေနန႔ဲ ဂ်ဴဗင္တပ္ကေန ထြက္ခြာခ်ိန္မွာ မန္ခ်က္စတာယူႏုိက္တက္ကို မေျပာင္းခင္ မန္စီးတီးကိုေျပာင္းေရႊ႕ဖုိ႔နီးစပ္ခဲ့ေသးတာပါ။

skysports-messi-psg-5899357
IMAGE: GOAL

၃၁ ႏွစ္အရြယ္ ဒီဘရိုင္းဟာ ကစားသမားဘ၀မွာ မက္ဆီ၊ စီေရာ္နယ္ဒ။ိုတုိ႔နဲ႔ၿပိဳင္ဘက္အျဖစ္ ထိပ္တုိက္ ရင္ဆုိင္ခဲ့ဖူးသူပါ။ ဒီဘရိုင္းဟာ လက္ရွိအခ်ိန္မွာကစားသမားဘ၀ အေတာက္ပဆံဳး စြမ္းေဆာင္ရည္ေတြကိုျပသေနၿပီး လက္္ရွိမွာကမာၻ႕အေကာငး္ဆံုးကြငး္လယ္ဖန္တီးရွင္လုိ႔ သတ္မွတ္ရမွာပါ။ မေန႔ညကယွဥ္ၿပိဳင္ကစားခဲ့တဲ့ယူရိုေနရွင္းလိဂ္ပြဲမွာလည္း ဒီဘရိုင္းက ေျခစြမ္းျပခဲ့ၿပီး တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!