မီလန်မြေမှာ ဂိလာနအီတလီကို ဆုံးမပြီး အင်္ဂလန်တို့ လက်စားချေနိုင်မလား (အီတလီ – အင်္ဂလန် ပွဲကြိုသုံးသပ်ချက်)

[UNICODE] အီတလီ – အင်္ဂလန် (၂၄-၉-၂၀၂၂ မြန်မာစံတော်ချိန်ည၁း၁၅)

1278974-1278974-Italy-v-England-live-stream-How-to-watch-Nations-League-online
IMAGE: GOAL

ဒီတစ်ပတ်မှာ ဥရောပလိဂ်ပြိုင်ပွဲတွေကို ရပ်နားပြီး ယူရိုနေရှင်းလိဂ်ပွဲစဉ်တွေကို ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။ ဒီတစ်ခေါက် ယူုရိုနေးရှင်းလိဂ်ပွဲစဉ်တွေမှာတော့ အီတလီနဲ့ အင်္ဂလန်တို့လို ထိပ်သီးအသင်းကြီးတွေထိပ်တိုက်တွေ့ဆုံကြတဲ့ ပွဲစဉ်က အကြိတ်အနယ်အရှိဆုံးနဲ့ ပရိသတ်ကို ဖမ်းအစားနိုင်ဆုံးဖြစ်မှာပါ။

269058-italy-beat-hungary
IMAGE: GOAL

ဒီနှစ်သင်းဟာ ယူရို၂၀၂၀ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံခဲ့ရာမှာတော့ အီတလီက ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရရှိခဲ့ပြီး ဗိုလ်စွဲခဲ့ပါတယ်။ အဲဒီနောက် နေးရှင်းလိဂ်ပထမအကျော့မှာတော့ ဝင်ဘလေကွင်းမှာအီတလီတို့ သရေရလဒ် ရရှိခဲ့ပြီး အင်္ဂလန် လက်စားမချေနိုင်ခဲ့ပါဘူး။

426032-england
IMAGE: GOAL

ပြောရရင် လက်ရှိအချိန်မှာတော့ နှစ်သင်းစလုံးရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းကအားရစရာမရှိပါဘူး။ အီတလီဟာ ယူရိုပြိုင်ပွဲမှာဗိုလ်စွဲခဲ့ပြီးနောက် ခြေစွမ်းပိုင်းက မယုံနိုင်စရာကောင်းလောက်အောင် ကျဆင်းသွားခဲ့ရပါတယ်။အထူးသဖြင့် အဓိက ကစားသမား ဂျော်ဂျင်ဟို ပုံမှန်ခြေစွမ်းပျောက်ဆုံးသွားခြင်းနဲ့အတူ အီတလီရဲ့ ကစားပုံက အားရစရာမကောင်းတော့ပါဘူး။

16638402283286
IMAGE: GOAL

အီတလီတို့ နောက်ဆုံးကစားခဲ့တဲ့ (၅) ပွဲမှာ ဟန်ဂေရီနဲ့တစ်ပွဲသာ အနိုင်ရရှိခဲ့ပြီး ၂ ပွဲသရေကျ ၂ ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ အီတလီဟာ ယူရိုပြိုင်ပွဲပြီးကတည်းက အသင်းကြီးတွေကို ခံကန်နိုင်စွမ်း အားနည်းနေပြီးအာဂျင်တီးနားနဲ့ ဂျာမနီတို့ကို အပြတ်အသက် အရေးနိမ့်ထားခဲ့ပါတယ်။

aa
IMAGE: GOAL

အင်္ဂလန်ကလည်း နောက်ပိုင်းကစားခဲ့တဲ့ပွဲတွေမှာ ရလဒ်ပိုင်းဆိုးရွားနေတာ တွေ့မြင်ရပါတယ်။ အင်္ဂလန်အနေနဲ့ အခုတစ်ခေါက် ယူရိုနေးရှင်းလိဂ်မှာ အခြေအနေမလှလဲ ဇယားအောက်ဆုံးရောက်ရှိနေတာ ဖြစ်ပါတယ်။အင်္ဂလန်ဟာ အုပ်စုတွင်း နိုင်ပွဲပျော်ကဆုံးနေပြီး ၂ ပွဲရှုံး၊ ၂ ပွဲသရေကျထားပါတယ်။

d7f10f0311ab822b
IMAGE: GOAL

ဒါကြောင့် ဆောက်ဂိတ်အနေနဲ့ ဖိအားတွေအောက်ကနေ ရုန်းထွက်ဖို့ ဒီပွဲကို အနိုင်ကစားဖို့ လိုပါတယ်။ အခုတစ်ခေါက် ဆောက်ဂိတ်ရွေးချယ်ထားတဲ့ လူစာရင်းက ဝေဖန်မှုတွေရှိနေပြီး ခြေစွမ်းပြနေတဲ့ ရက်ဖို့ဒ်၊ဆန်ချိုတို့ကို ချန်လှပ်ခဲ့ပါတယ်။ ဒါပေမယ့် ဆောက်ဂိတ် အဓိက အားကိုးနေတဲ့ စတာလင်၊ ဟယ်ရီကိန်း၊ ဖိုဒန်တို့အစုအဖွဲ့ ကလပ်အသင်းတွေမှာ ခြေစွမ်းပြပြီး ဂိုးတွေသွင်းနေတာတော့ ကျေနပ်စရာပါ။

italy-v-hungary-uefa-nations-league-league-path-group-3-scaled
IMAGE: GOAL

နှစ်သင်းစလုံးက ဖိအားကိုယ်စီရှိနေကြလို့ ဒီပွဲက အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဒီနှစ်သင်း ခြေစွမ်းကိုကြည့်ရင် လက်ရှိ အင်္ဂလန်မှာက ကလပ်အသင်းမှာ ခြေစွမ်းပြတဲ့ကစားသမားတွေ ရှိနေပြီး ခြေစွမ်းကပိုမာကျောလို့ အီတလီကို မေ့ထားချင်ပါတယ်။ အီတလီမြေမှာ အင်္ဂလန်ခြင်္သေ့တွေ သောင်းကျန်းမယ့်ညပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အီတလီ ၁-၂ အင်္ဂလန်

[ZAWGYI] အီတလီ – အဂၤလန္ (၂၄-၉-၂၀၂၂ ျမန္မာစံေတာ္ခ်ိန္ည၁း၁၅)

1278974-1278974-Italy-v-England-live-stream-How-to-watch-Nations-League-online
IMAGE: GOAL

ဒီတစ္ပတ္မွာ ဥေရာပလိဂ္ၿပိဳင္ပြဲေတြကို ရပ္နားၿပီး ယူရိုေနရွင္းလိဂ္ပြဲစဥ္ေတြကို ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။ ဒီတစ္ေခါက္ ယူုရိုေနးရွင္းလိဂ္ပြဲစဥ္ေတြမွာေတာ့ အီတလီနဲ႔ အဂၤလန္တို႔လို ထိပ္သီးအသင္းႀကီးေတြထိပ္တုိက္ေတြ႕ဆံုၾကတဲ့ ပြဲစဥ္က အႀကိတ္အနယ္အရွိဆံုးနဲ႔ ပရိသတ္ကို ဖမ္းအစားႏုိင္ဆံုးျဖစ္မွာပါ။

269058-italy-beat-hungary
IMAGE: GOAL

ဒီႏွစ္သင္းဟာ ယူရို၂၀၂၀ ဗုိလ္လုပြဲမွာ ထိပ္တုိက္ေတြ႕ဆံုခဲ့ရာမွာေတာ့ အီတလီက ပင္နယ္တီအဆံုးအျဖတ္မွာ အႏုိင္ရရွိခဲ့ၿပီး ဗုိလ္စြဲခဲ့ပါတယ္။ အဲဒီေနာက္ ေနးရွင္းလိဂ္ပထမအေက်ာ့မွာေတာ့ ၀င္ဘေလကြင္းမွာအီတလီတို႔ သေရရလဒ္ ရရွိခဲ့ၿပီး အဂၤလန္ လက္စားမေခ်ႏုိ္င္ခဲ့ပါဘူး။

426032-england
IMAGE: GOAL

ေျပာရရင္ လက္ရွိအခ်ိန္မွာေတာ့ ႏွစ္သင္းစလံုးရဲ႕ေျခစြမ္းနဲ႔ ရလဒ္ပိုင္းကအားရစရာမရွိပါဘူး။ အီတလီဟာ ယူရိုၿပိဳင္ပြဲမွာဗုိလ္စြဲခဲ့ၿပီးေနာက္ ေျခစြမ္းပိုင္းက မယံုႏိုင္စရာေကာင္းေလာက္ေအာင္ က်ဆင္းသြားခဲ့ရပါတယ္။အထူးသျဖင့္ အဓိက ကစားသမား ေဂ်ာ္ဂ်င္ဟို ပံုမွန္ေျခစြမ္းေပ်ာက္ဆံုးသြားျခင္းနဲ႔အတူ အီတလီရဲ႕ ကစားပံုက အားရစရာမေကာင္းေတာ့ပါဘူး။

16638402283286
IMAGE: GOAL

အီတလီတို႔ ေနာက္ဆံုးကစားခဲ့တဲ့ (၅) ပြဲမွာ ဟန္ေဂရီနဲ႔တစ္ပြဲသာ အႏုိင္ရရွိခဲ့ၿပီး ၂ ပြဲသေရက် ၂ ပြဲအေရးနိမ့္ထားခဲ့ပါတယ္။ အီတလီဟာ ယူရိုၿပိဳင္ပြဲၿပီးကတည္းက အသင္းႀကီးေတြကို ခံကန္ႏုိင္စြမ္း အားနည္းေနၿပီးအာဂ်င္တီးနားနဲ႔ ဂ်ာမနီတို႔ကို အျပတ္အသက္ အေရးနိမ့္ထားခဲ့ပါတယ္။

aa
IMAGE: GOAL

အဂၤလန္ကလည္း ေနာက္ပိုင္းကစားခဲ့တဲ့ပြဲေတြမွာ ရလဒ္ပိုင္းဆိုးရြားေနတာ ေတြ႕ျမင္ရပါတယ္။ အဂၤလန္အေနနဲ႔ အခုတစ္ေခါက္ ယူရိုေနးရွင္းလိဂ္မွာ အေျခအေနမလွလဲ ဇယားေအာက္ဆံုးေရာက္ရွိေနတာ ျဖစ္ပါတယ္။အဂၤလန္ဟာ အုပ္စုတြင္း ႏုိင္ပြဲေပ်ာ္ကဆံုးေနၿပီး ၂ ပြဲရႈံး၊ ၂ ပြဲသေရက်ထားပါတယ္။

d7f10f0311ab822b
IMAGE: GOAL

ဒါေၾကာင့္ ေဆာက္ဂိတ္အေနနဲ႔ ဖိအားေတြေအာက္ကေန ရုန္းထြက္ဖို႔ ဒီပြဲကို အႏုိင္ကစားဖို႔ လို္ပါတယ္။ အခုတစ္ေခါက္ ေဆာက္ဂိတ္ေရြးခ်ယ္ထားတဲ့ လူစာရင္းက ေ၀ဖန္မႈေတြရွိေနၿပီး ေျခစြမ္းျပေနတဲ့ ရက္ဖို႔ဒ္၊ဆန္ခ်ိဳတို႔ကုိ ခ်န္လွပ္ခဲ့ပါတယ္။ ဒါေပမယ့္ ေဆာက္ဂိတ္ အဓိက အားကိုးေနတဲ့ စတာလင္၊ ဟယ္ရီကိန္း၊ ဖိုဒန္တုိ႔အစုအဖြဲ႕ ကလပ္အသင္းေတြမွာ ေျခစြမ္းျပၿပီး ဂိုးေတြသြင္းေနတာေတာ့ ေက်နပ္စရာပါ။

italy-v-hungary-uefa-nations-league-league-path-group-3-scaled
IMAGE: GOAL

ႏွစ္သင္းစလံုးက ဖိအားကိုယ္စီရွိေနၾကလိဳ႔ ဒီပြဲက အျပန္အလွန္ ထုိးေဖာက္မႈေတြနဲ႔ အႀကိတ္အနယ္ရွိမွာ ေသခ်ာပါတယ္။ ဒီႏွစ္သင္း ေျခစြမး္ကိုၾကည့္ရင္ လက္ရွိ အဂၤလန္မွာက ကလပ္အသင္းမွာ ေျခစြမ္းျပတဲ့ကစားသမားေတြ ရွိေနၿပီး ေျခစြမ္းကပိုမာေက်ာလို႔ အီတလီကို ေမ့ထားခ်င္ပါတယ္။ အီတလီေျမမွာ အဂၤလန္ျခေသၤ့ေတြ ေသာင္းက်န္းမယ့္ညပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: အီတလီ ၁-၂ အဂၤလန္



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!