မန်စီးတီးကို ကျော်ပြီး အာဆင်နယ် ပရီးမီးယားလိဂ် ဖလားရမယ်လို့ ခန့်မှန်းလိုက်တဲ့ စူပါ ကွန်ပျူတာ

စူပါကွန်ပျူတာမျိုးစုံ ကတော့ ပရီးမီးယားလိဂ် ဇယား ဘယ်လိုဖြစ်မလည်းဆိုတာ ခန့်မှန်းကြပါတယ်။ ခုချိန်မှာတော့ အာဆင်နယ် အသင်းက လက်ရှိ ပရီးမီးယားလိဂ် မန်စီးတီး အသင်းထက် ၁ မှတ် အကွာနဲ့ ခါးသီးတဲ့ ပြိုင်ဘက် စပါးထက် ၁ မှတ် အကွာမှာ ရှိနေတာဖြစ်ပါတယ်။

image
IMAGE: GOAL

ဒီ စူပါ ကွန်ပျူတာ တွက်ချက်တာကတော့ ဒီနှစ် ပရီးမီးယားလိဂ် ဖလားကို သိမ်းပိုက်မယ့် အသင်းက အာဆင်နယ် အသင်းဖြစ်မယ်လို့ ခန့်မှန်းထားသလို လီဗာပူး အသင်း အနေနဲ့ အဝေးကွင်း တစ်ပွဲမှ နိူင်မှာ မဟုတ်ဘူးလို့ အံ့ဩသင့်ဖွယ် ခန့်မှန်းထားပါတယ်။

image
IMAGE: GOAL

သူ့ခန့်မှန်းချက် အရ အာဆယ်နယ် အသင်း က မန်စီးတီး သအသင်းထက် ၃ မှတ် အကွာနဲ့ ဗိုလ်စွဲမှာ ဖြစ်သလို ချန်ပီယံလိဂ် ဝင်ခွင့်၇မယ့် ၂ သင်းကတော့ ဘရိုက်တန် နဲ့ စပါးဖြစ်တယ်လို့ ဆိုပါတယ်။

image
IMAGE: GOAL

လီဗာပူး ကတော့ ယူရိုပါလိဂ် ကို ဝင်ကန်ရမှာဖြစ်ပေမယ့် ချဲလ်ဆီး အသင်းကို တော့ ဥရာပ မှာ ကစားခွင့်ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။ မန်ယူအသင်းကတော့ အဆင့် ၇ နဲ့ ယူရိုပါ ကွန့်ဖရင့်လိဂ် ဝင်ကစားရမယ်လို့ မှန်းတာဖြစ်ပါတယ်။

မန်စီးတီး အသင်းကတော့ အိမ်ကွင်း ၁၉ ပွဲလုံး နိူင်မှာဖြစ်ပေမယ့် ဖလား မရဘူးလို့ဆိုပါတယ်။ စပါးကတော့ အိမ်ကွင်း ၁၉ ပွဲလုံးနိူင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်လို့ဆိုပါတယ်။ လီဗာပူး၊ နယူးကာဆယ်၊ ပဲလေစ့်၊ အက်စတွန် ဗီလာ၊ အဲဗာတန်၊ ဝုဗ် အသင်းကတော့ အဝေးကွင်း တစ်ပွဲမှ အနိူင်ရမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

image
IMAGE: GOAL

လက်စတာ၊ ဝက်စ်ဟမ်း နဲ့ နောတင်ဟမ်ဖောရက်စ်တို့က တန်းဆင်းရမှာဖြစ်ပါတယ်။ လက်စတာ ကတော့ စံချိန်တင် ဂိုးပေါင်း ၁၁၀ အထိပေးရဖွယ် ရှိတယ်လို့ မှန်းခဲ့တာပါ။ ပရီးမီးယားလိဂ်မှာ ၄၂ ပွဲ ကစားတုန်းက ဂိုး ၁၀၀ အထိ ပေးရခဲ့ တစ်ခုထဲသောကလပ်က ၁၉၉၃-၉၄ တုန်းက ကန်ခဲ့တဲ့ ဆွင်ဒွန် တောင်း ဖြစ်ပါတယ်။

image
ဇယားအပြည့်အစုံ

ပျင်စရာ အကောင်းဆုံး အသင်းကတော့ ဝုဗ် အသင်းဖြစ်ပြီး ၉ ဂိုးသာသွင်း ပြီး ၃၂ ဂိုး ပေးခံရနိူင်မယ်လို့ မှန်းထားတာပါ။ ဂိုးအများဆုံးသွင်းမယ့် အသင်းကတော့ မန်စီးတီး ဖြစ်ပြီး ၁၀၄ ဂိုးသွင်းပြီး ဂိုးပေါင်းကွာခြားချက် က ၈၀ အထိ ရှိမှာဖြစ်ပါတယ်။

image
IMAGE: GOAL

SOURCE: MIRROR



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!