ဂွယ်ရှယ်ခြေစွမ်းပြခဲ့တဲ့ ဒီဘရိုင်း…အဆုံးသတ်အားနည်းမှုကြောင့် ကပ်နိုင်ပြီးသာ အနိုင်ရခဲ့တဲ့ ဘယ်ဂျီယံ (ဘယ်ဂျီယံ ၂-၁ ဝေးလ် ပွဲပြီးသုံးသပ်ချက်)
[UNICODE] ဘယ်ဂျီယံ ၂-၁ ဝေးလ်
0-JS278408436
IMAGE: GOAL
ဘယ်ဂျီယံကတော့ အိမ်ကွင်းမှာ ဝေးလ်ကို ဒီဘရိုင်းရဲ့ ခြေစွမ်းပြတွေနဲ့အတူ အလဲထိုးနိုင်ခဲ့ပါတယ်။ အိမ်ရှင်ဘယ်ဂျီယံဟာ ဒီပွဲမှာ ၃-၄-၂-၁ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာ ဟာဇက်၊ ဒီဘရိုင်းနဲ့ ဘက်ရှူအာယီတို့ကို တွဲပေးခဲ့ပါတယ်။
3838
IMAGE: GOAL
ကွင်းလယ်မှာ ဝီဆယ်၊ တိုင်လေမန့်စ်တို့ကို အသုံးြ့ပုခဲ့ပြီး ကာရက်စ်ကို၊ မူနီယာတို့ကို Wing Back တွေအဖြစ် အသုံးတော်ခံခဲ့တာပါ။ နောက်တန်းမှာတော့ မာတွန်ဂန်၊ အယ်ဒါဝီးစ်၊ ဒါဘတ်ချ်တို့ကို ကစားစေခဲ့ပါတယ်။ဝေးလ်ကလည်း ဒန်နီရယ်ဂျိမ်းစ်၊ ဂျွန်ဆင်၊ နီကိုဝီလီယံ၊ အမ်ပါဒူတို့နဲ့ အဓိကထား ပွဲထွက်လာခဲ့တာပါ။
3458217-70549508-2560-1440
IMAGE: GOAL
အိမ်ရှင်ဘယ်ဂျီယံဟာ သူတို့ရဲ့ပုံစံအတိုင်း ပွဲအစကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ တရဆက် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒါကြောင့် ပွဲအစပိုင်းကတည်းက ဘယ်ဂျီယံရဲ့တိုက်စစ်ကို ဝေးလ်အနေနဲ့ အသည်းအသန်ခုခံကာကွယ်နေခဲ့တာ ဖြစ်ပါတယ်။
aa
IMAGE: GOAL
ဒါကြောင့် ပွဲအစ (၁၀) မိနစ်မှာပဲ ဘယ်ဂျီယံတို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး ဘက်ရှူအာယီရဲ့ အလိုက်သင့်ပေးပို့မှုကို ဒီဘရိုင်းက ဂိုးဧရိယာအပြင်ဘက်ကနေ သူ့ပုံစံအတိုင်း ကန်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးရသွားပြီးနောက် ဘယ်ဂျီယံကပဲ တရစပ်တိုက်စစဆင်နေခဲ့ပါတယ်။
kevin-de-bruyne-belgium-w5yegjw4erox1dkomp2lwim3m
IMAGE: GOAL
ဘက်ရှူအာယီ ပါဝင်တဲ့ ဘယ်ဂျီယံတိုက်စစ်က အနည်းငယ် အားနည်းနေတာတွေ့ရပြီး ဘယ်ဂျီယံအနေနဲ့ ကမ္ဘာ့ဖလားမှာ ဘယ်ရှူအာယီလောက်နဲ့ တိုးဖို့မဖြစ်နိုင်ပါဘူး။ ဒီပွဲမှာ ဒီဘရိုင်းကတော့ အကောင်းဆုံးကစားသမားလို့ ဆိုရမှာပါ။
skysports-kieffer-moore-wales-5908230
IMAGE: GOAL
ကွင်းလယ်တစ်လျှော ဒီဘရိုင်းရဲ့ရွေ့လျားပုံတွေ၊ တိုက်စစ်လိုက်ပါမှုတွေက ဝေးလ်နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ ဘယ်ဂျီယံတု့ိအနေနဲ့ အကြိမ်ကြိမ် ထိုးဖောက်ခွင့်ရခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ခဲ့သလို ဒီဘရိုင်းရဲ့ကန်ချက်တစ်ကြိမ်ကလည်း တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပါတယ်။
TELEMMGLPICT000310254498-xlarge-trans-Nv-BQz-QNjv4-Bqcf-Qdy-HMCw-P880y7-YY3b-XHxx-BDxq3-NGjp2-RIZo-Y
IMAGE: GOAL
ဟာဇက်ကလည်း ဒီပွဲမှာခြေစွမ်းပြခဲ့ပြီး ပထမပိုင်းမှာ ကန်ချက်တစ်ကြိမ် အလွန်ကောင်းခဲ့ပေမယ့် ဂိုးတိုင်ဘေးနားကနေ ကပ်ထွက်ခဲ့လို့ နစ်နာခဲ့ရပြန်ပါတယ်။ တရစပ် တိုက်စစ်ဆင်နေတဲ့ ဘယ်ဂျီယံတို့ ၃၇ မိနစ်မှာ ဒုတိယမြောက်ဂိုးရရှိခဲ့ပြီး ဒီဘရိုင်းရဲ့ လှလှပပ ဖန်တီးမှုကို ဘတ်ရှူအာယီက အနီးကပ်ပိတ်သွင်းခဲ့တာပါ။
Whats-App-Image-2022-09-23-at-4-04-00-AM
IMAGE: GOAL
ဒုတိယပိုင်းစစချင်းမှာ ဝေးလ်တို့ ချေပဂိုးတစ်ဂိုးပြန်ရခဲ့ပြီး မိုရီက ခေါင်းတိုက်သွင်းယူခဲ့တာပါ။ အဲဒီနောက် ဘယ်ဂျီယံတို့က ကွင်းလယ်ပိုင်း လွှမ်းမိုးမှုအသာနဲ့ ဖိအားပေးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်တွေ ရှိနေုလို့ နောက်ထပ်ဂိုးတွေတော့ ထပ်ပြီးမြင်တွေ့ခဲ့ရခြင်း မရှိပါဘူး။
[ZAWGYI] ဘယ်ဂျီယံ ၂-၁ ဝေးလ်
0-JS278408436
IMAGE: GOAL
3838
IMAGE: GOAL
IMAGE: GOAL
aa
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!