ပိုလန်သားတွေကို ပိုလန်မြေမှာ နှိပ်ကွပ်ပြီး ဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ လိမ္မော်ရောင် (ပိုလန် ဝ-၂ နယ်သာလန ်ပွဲပြီးသုံးသပ်ချက်)

[UNICODE] ပိုလန် ဝ-၂ နယ်သာလန်

126818482-gettyimages-1243432147
IMAGE: GOAL

နယ်သာလန်ကတော့ ပိုလန်ကိုအဝေးကွင်းမှာ အလဲထိုးပြီး နေးရှင်းလိဂ်မှာ အမှတ်ပေးဇယားထိပ်ဆုံးနေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။ နယ်သာလန်အနေနဲ့ ဒီပွဲမှာ ၃-၄-၁-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး တိုက်စစ်မှာဒီပေး၊ ဘာဂ်ဝင်း၊ ဂတ်ပိုခ်တို့ကို တွဲပေးခဲ့ပါတယ်။

6bc49c9e40
IMAGE: GOAL

ကွင်းလယ်မှာ ဒီဂျောင်၊ ကူးမင်နာစ်တို့ကို အသုံးပြုခဲ့ပြီး ဒါလေဘလိုင်းနဲ့ ဒန်ဖရိုင်းတို့ကို Wing Back တွေအဖြစ် ခင်းကျင်းခဲ့ပါတယ်။ နောက်တန်းမှာ အကီ၊ ဗန်ဒိုက်ချ်၊ တင်ဘာတို့ကို ကစားစေခဲ့တာပါ။ အိမ်ရှင်ပိုလန်က၃-၄-၂-၁ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး ဇီလန်စကီး၊ လီဝန်ဒေါစကီးတို့နဲ့ အမာခံ ပွဲထွက်လာခဲ့ပါတယ်။

3458183-70548828-2560-1440
IMAGE: GOAL

ဗန်လ်ဟားလက်ထက်မှာ ပုံစံကောင်းပြသနေတဲ့ နယ်သာလန်အနေနဲ့ ဒီပွဲမှာလည်း ပိုလန်ကို အသာစီးကနေကစားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ပိုလန်အနေနဲ့ နယ်သာလန်တိုက်စစ်ကို ခပ်ကြမ်းကြမ်း ဟန့်တားခဲ့တာတွေ့ရပါတယ်။ နယ်သာလန်ဟာ ပွဲအစကတည်းက ဖိအားပေးတိုက်စစ်ဆင်ကစားခဲ့ပြီး၁၂ မိနစ်လောက်မှာပဲ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။

3458248-70550128-2560-1440
IMAGE: GOAL

ဒီဂိုးကိုတော့ ဒန်ဖရိုင်းစ်က ညာတောင်ပံကနေ တောက်လျှောက်ဆွဲပြေးလာပြီး ဖြတ်ချိုးပေးမှုကို ဂိုးဧရိယာအတွင်း အသင့်နေရာယူထားတဲ့ ဂတ်ပိုခ်က ပိတ်သွင်းခဲ့တာပါ။ လီဝန်ဒေါစကီး ဦးဆောင်တဲ့ ပိုလန်ရဲ့တိုက်စစ်က ဘာမှမလုပ်ဖြစ်ခဲ့ဲတဲ့ နယ်သာလန်ကို ထွေထွေထူးထူးခြိမ်းခြောက်နိုင်ခဲ့ခြင်း မရှိပါဘူး။

3458276-70550688-2560-1440
IMAGE: GOAL

နယ်သာလန်တို့ကပဲ ပွဲကို လွှမ်းမိုးကစားနေခဲ့ပြီး နောက်ထပ်ဂိုးတွေရရှိဖို့ ကြိုးပမ်းနေခဲ့တာပါ။ နယ်သာလန်ဘက်မှာ ဂတ်ပိုခ်က အဓိကခြေစွမ်းပြခဲ့ပြီးတိုက်စစ်တစ်ကြောလုံး သူ့လက်၊ သူ့ခြေတွေချည်းပါပဲ။နယ်သာလန်ဟာ ကစားကွက်ပိုင်း ကောင်းခဲ့ပေမယ့် တိုက်စစ်မှာ အနည်းငယ် အပျက်များနေခဲ့ပါတယ်။

afp-en-f62d16568e3795e941491a0fe4ff100b5f2387a7
IMAGE: GOAL

ပထမပိုင်းပြီးခါနီးမှာ နယ်သာလန်ရဲ့ အဝေးကန်ချက်တစ်ကြိမ ်ကောင်းမွန်ခဲ့ပေမယ့် ဘေးထွက်သွားခဲ့ရပါတယ်။ ဒုတိယပိုင်းစစချင်းမှာ ပိုလန်တို့ နယ်သာလန်ရဲ့အထနှေးမှုကို အခွင့်ယူကာ တိုက်စ်စဆင်မှုတွေ ပြုလုပ်ခဲ့ပြီးဂိုးရနိုင်တဲ့ အခွင့်အရေးတွေ ရရှိခဲ့ပ ါတယ်။ ဒါပေမယ့် တိုက်စစ်ကစားသမားတွေ ဂိုးကံခေနေလို့ ပိုလန်နစ်နာခဲ့ရပါတယ်။

Whats-App-Image-2022-09-23-at-3-44-31-AM
IMAGE: GOAL

အဲဒီနောက် နယ်သာလန်က ပွဲကိုပြန်လည်စိုးမိုးလာခဲ့ပြီးမိနစ် ၆၀မှာ ဂျန်ဆင်၊ ဘာဂ်ဝင်းတို့ရဲ့ တွဲလုံးကနေတစ်ဆင့် ဘာဂ်ဝင်းက လှလှပပ အဆုံးသတ်ခဲ့ပြီး နယ်သာလန်အတွက်အနိုင်သေချာစေမယ့်ဂိုးကိုသွင်းပေးခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် နယ်သာလန်ဟာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့ပါပြီ။

[ZAWGYI] ပိုလန္ ၀-၂ နယ္သာလန္

126818482-gettyimages-1243432147
IMAGE: GOAL

နယ္သာလန္ကေတာ့ ပိုလန္ကိုအေ၀းကြင္းမွာ အလဲထုိးၿပီး ေနးရွင္းလိဂ္မွာ အမွတ္ေပးဇယားထိပ္ဆံုးေနရာကို သိမး္ပိုက္ထားႏုိင္ခဲ့ပါတယ္။ နယ္သာလန္အေနနဲ႔ ဒီပြဲမွာ ၃-၄-၁-၂ ကစားကြက္ကို အသံုးျပဳခဲ့ၿပီး တုိက္စစ္မွာဒီေပး၊ ဘာဂ္၀င္း၊ ဂတ္ပိုခ္တို႔ကို တြဲေပးခဲ့ပါတယ္။

6bc49c9e40
IMAGE: GOAL

ကြင္းလယ္မွာ ဒီေဂ်ာင္၊ ကူးမင္နာစ္္တုိ႔ကို အသံုးျပဳခဲ့ၿပီး ဒါေလဘလိုင္းနဲ႔ ဒန္ဖရိုင္းတုိ႔ကို Wing Back ေတြအျဖစ္ ခင္းက်င္းခဲ့ပါတယ္။ ေနာက္တန္းမွာ အကီ၊ ဗန္ဒိုက္ခ်္၊ တင္ဘာတုိ႔ကို ကစားေစခဲ့တာပါ။ အိမ္ရွင္ပိုလန္က၃-၄-၂-၁ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး ဇီလန္စကီး၊ လီ၀န္ေဒါစကီးတုိ႔နဲ႔ အမာခံ ပြဲထြက္လာခဲ့ပါတယ္။

3458183-70548828-2560-1440
IMAGE: GOAL

ဗန္လ္ဟားလက္ထက္မွာ ပံုစံေကာငး္ျပသေနတဲ့ နယ္သာလန္အေနနဲ႔ ဒီပြဲမွာလည္း ပိုလန္ကို အသာစီးကေနကစားႏုိင္ခဲ့ပါတယ္။ ဒီပြဲမွာ ပိုလန္အေနနဲ႔ နယ္သာလန္တုိက္စစ္ကို ခပ္ၾကမ္းၾကမ္း ဟန္႔တားခဲ့တာေတြ႕ရပါတယ္။ နယ္သာလန္ဟာ ပြဲအစကတညး္က ဖိအားေပးတုိက္စစ္ဆင္ကစားခဲ့ၿပီး၁၂ မိနစ္ေလာက္မွာပဲ ဦးေဆာင္ဂိုး စတင္ရရွိခဲ့ပါတယ္။

3458248-70550128-2560-1440
IMAGE: GOAL

ဒီဂိုးကိုေတာ့ ဒန္ဖရိုင္းစ္က ညာေတာင္ပံကေန ေတာက္ေလွ်ာက္ဆြဲေျပးလာၿပီး ျဖတ္ခ်ိဳးေပးမႈကို ဂိုးဧရိယာအတြင္း အသင့္ေနရာယူထားတဲ့ ဂတ္ပိုခ္က ပိတ္သြင္းခဲ့တာပါ။ လီ၀န္ေဒါစကီး ဦးေဆာင္တဲ့ ပိုလန္ရဲ႕တုိက္စစ္က ဘာမွမလုပ္ျဖစ္ခဲ့ဲတဲ့ နယ္သာလန္ကို ေထြေထြထူးထူးၿခိမ္းေျခာက္ႏုိင္ခဲ့ျခင္း မရွိပါဘူး။

3458276-70550688-2560-1440
IMAGE: GOAL

နယ္သာလန္တုိ႔ကပဲ ပြဲကို လႊမ္းမုိးကစားေနခဲ့ၿပီး ေနာက္ထပ္ဂိုးေတြရရွိဖုိ႔ ႀကိဳးပမ္းေနခဲ့တာပါ။ နယ္သာလန္ဘက္မွာ ဂတ္ပိုခ္က အဓိကေျခစြမ္းျပခဲ့ၿပီးတုိက္စစ္တစ္ေၾကာလံုး သူ႔လက္၊ သူ႔ေျခေတြခ်ည္းပါပဲ။နယ္သာလန္ဟာ ကစားကြက္ပိုင္း ေကာင္းခဲ့ေပမယ့္ တုိက္စစ္မွာ အနည္းငယ္ အပ်က္မ်ားေနခဲ့ပါတယ္။

afp-en-f62d16568e3795e941491a0fe4ff100b5f2387a7
IMAGE: GOAL

ပထမပိုင္းၿပီးခါနီးမွာ နယ္သာလန္ရဲ႕ အေ၀းကန္ခ်က္တစ္ႀကိမ ္ေကာင္းမြန္ခဲ့ေပမယ့္ ေဘးထြက္သြားခဲ့ရပါတယ္။ ဒုတိယပိုင္းစစခ်င္းမွာ ပိုလန္တုိ႔ နယ္သာလန္ရဲ႕အထေႏွးမႈကို အခြင့္ယူကာ တုိက္စ္စဆင္မႈေတြ ျပဳလုပ္ခဲ့ၿပီးဂုိးရႏိုင္တဲ့ အခြင့္အေရးေတြ ရရွိခဲ့ပ ါတယ္။ ဒါေပမယ့္ တုိက္စစ္ကစားသမားေတြ ဂိုးကံေခေနလို႔ ပိုလန္နစ္နာခဲ့ရပါတယ္။

Whats-App-Image-2022-09-23-at-3-44-31-AM
IMAGE: GOAL

အဲဒီေနာက္ နယ္သာလန္က ပြဲကိုျပန္လည္စိုးမိုးလာခဲ့ၿပီးမိနစ္ ၆၀မွာ ဂ်န္ဆင္၊ ဘာဂ္၀င္းတုိ႔ရဲ႕ တြဲလံုးကေနတစ္ဆင့္ ဘာဂ္၀င္းက လွလွပပ အဆံုးသတ္ခဲ့ၿပီး နယ္သာလန္အတြက္အႏုိင္ေသခ်ာေစမယ့္ဂိုးကိုသြင္းေပးခဲ့ပါတယ္။ ဒီႏိုင္ပြဲေၾကာင့္ နယ္သာလန္ဟာ ေနာက္တစ္ဆင့္တက္ဖုိ႔ အေျခအေနေကာင္းသြားခဲ့ပါၿပီ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!