အမ်ဘာပေရဲ့ လျှမ်းလျှမ်းတောက်ခြေစွမ်းနဲ့ နေးရှင်းလိဂ် နိုင်ပွဲဈေးဦးပေါက်သွားခဲ့တဲ့ ပြင်သစ် (ပြင်သစ် ၂-၀ သြစတြီးယား ပွဲပြီးသုံးသပ်ချက်)

[ြUNICODE ပင်သစ် ၂-၀ သြစတြီးယား

2022-09-22-T204831-Z-1-LYNXMPEI8-L12-G-RTROPTP-3-SOCCER-UEFANATIONS-FRA-AUT-REPORT
IMAGE: GOAL

ပြင်သစ်တို့ကတော့ ဒုတိယပိုင်းဂိုးတွေနဲ့ သြစတြီးယားကို အသည်းအသန် ကစားလိုက်ရပြီးနေးရှင်းလိဂ်မှာ ပထမဆုံးနိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ ပြင်သစ်အနေနဲ့ ဒီပွဲမှာ ၃-၄-၁-၂ ကစားကွက်ကို ခင်းကျင်းခဲ့ပြီး တိုက်စစ်မှာအမ်ဘာပေ၊ ဂျရူး၊ ဂရစ်ဇ်မန်းတို့ကို တိုက်စစ်မှာ တွဲပေးခဲ့ပါတယ်။

1748267
IMAGE: GOAL

ကွင်းလယ်မှာ ဖိုဖာနာ၊ ချူအာမန်နီတို့ကို အသုံးပြုခဲ့ပြီး မန်ဒီ၊ ကလော့တို့ကို Wing Back တွေအဖြစ် ကစားစေခဲ့ပါတယ်။ နောက်တန်းမှာတော့ ဗာရန်း၊ အာရီယိုလာ၊ ဘာဒီယာရှင်တို့ကိုပဲ ကစားစေခဲ့တာပါ။သြစတြီးယားကလည်း ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ပြီး အာနူတိုဗစ်၊ ဆာဘစ်ဇာ၊ အလာဘာတို့ကို အမာခံကစားသမားတွေနဲ့ပဲ ပြင်သစ်ကို ရင်ဆိုင်ခဲ့တာပါ။

Fd-SPubi-WQAQ9-NAS
IMAGE: GOAL

နိုင်ပွဲရဖု့ိ လိုအပ်နေတဲ့ ပြင်သစ်ဟာ ပွဲအစကတည်းက ဖိအားပေးထိုးဖောက်တိုက်စစ်ဆင်ခဲ့ပါတယ်။ ဒါပမေယ့် ပြင်သစ်ရဲ့ တိုက်စစ်မှာ အမ်ဘာပေ၊ ဂရစ်ဇ်မန်း၊ ဂျရူးတို့အကြား နားလည်းမှု အချိတ်အဆက်အားနည်းနေခဲ့ပြီး လိုအပ်ချက်တွေရှိနေခဲ့ပါတယ်။

သြစတြီးယားကတေား့ ပြင်သစ်မြေမှာ သရေတစ်မျတ်ကို ဦးတည်ခဲ့ပြီး ခံစစ်ပိတ်ကစားခဲ့ပါတယ်။ ပြင်သစ်တို့ အပိုင်အခွင့်အရေးတချို့ ရခဲ့ပေမယ့်လည်း အမ်ဘာပေ အဆုံးသတ်အားနည်းနေ်ခဲ့လို့ နစ်နာခဲ့ရပါတယ်။ပထမပိုင်းမှာ သြစတြီးုယားတို့ မာမာထန်ထန် ဟန့်တားနေတဲ့အတွက် ပြင်သစ်တို့ အဝေးကန်ချက်တွေနဲ့ပဲ ခြိမ်းခြောက်နေခဲ့ရပါတယ်။

france-v-austria-uefa-nations-league-league-path-group-1-scaled
IMAGE: GOAL

သြစတြီးယားရဲ့ တန်ပြန်တိုက်စစ်တွေက ပြင်သစ်အတွက ်အန္တရာယ်မရှိခဲ့ဘဲ သူတို့အနေနဲ့ တစ်ပွဲလုံး ဂိုးပေါက်တစ်ကြိမ်တောင ်မတည်ခဲ့ပါဘူး။ သြစတြီးယားတို့ဟာ ပြင်သစ်ရဲ့တိုက်စစ်ကို ခုခံရင်းနဲ့သာအချိန်ကုန်ဆုံးနေခဲ့ရတာ ဖြစ်ပါတယ်။

IMG-20220922-214506
IMAGE: GOAL

ဒုတိယပိုင်းမှာ ဂိုးရလိုဇောနဲ့ ပိုမိုဖိအားပေးတိုက်စစ်ဆင်လာတဲ့ ပြင်သစ်တို့ အချိတ်အဆက်ပိုင်း ပိုအားကေင်းလာခဲ့ပါတယ်။ အထူးသဖြင့် ဒုတိယပိုင်းမှာ အမ်ဘာပေရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုတွေကအားရစရာကောင်းခဲ့ပြီး သြစတြီးယားနောက်တန်း ပျာယာခတ်လာခဲ့ပါတယ်။

Q7-R5-UGKAWZF7-BJZVEWHOCO7-BCQ
IMAGE: GOAL

၅၆ မိနစ်မှာတော့ ပြင်သစ်တို့ ဦးဆောင်ဂိုးရရှိခဲ့ပြီး အမ်ဘာပေက တစ်ကိုယ်တော်အစွမ်းနဲ့ သြစတြီးယားနောက်ခံလူတွေကိုဖြတ်ကျော်ကာ လှလှပပ ကန်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ပြင်သစ်ကပဲ ပွဲကိုသက်သောင့်သက်သာနဲ့ စိုးမိုးနိုင်ခဲ့ပြီး ၆၅ မိနစ်မှာ ဂရစ်ဇ်န်းရဲ့ တိကျတဲ့ ဖြတ်တင်ဘောကို ဂျရူးကခေါင်းတိုက်ပြီး ပြင်သစ်အတွက် အနိုင်သေချာစေမယ့် ပွဲသိမ်းဂိုးကို သွင်းပေးခဲ့ပါတယ်။

[ျZAWGYI] ပင္သစ္ ၂-၀ ၾသစႀတီးယား

2022-09-22-T204831-Z-1-LYNXMPEI8-L12-G-RTROPTP-3-SOCCER-UEFANATIONS-FRA-AUT-REPORT
IMAGE: GOAL

ျပင္သစ္တုိ႔ကေတာ့ ဒုတိယပိုင္းဂိုးေတြနဲ႔ ၾသစႀတီးယားကို အသည္းအသန္ ကစားလိုက္ရၿပီးေနးရွင္းလိဂ္မွာ ပထမဆံုးႏုိင္ပြဲကို ရယူႏုိင္ခဲ့ပါတယ္။ ျပင္သစ္အေနနဲ႔ ဒီပြဲမွာ ၃-၄-၁-၂ ကစားကြက္ကို ခင္းက်င္းခဲ့ၿပီး တုိက္စစ္မွာအမ္ဘာေပ၊ ဂ်ရူး၊ ဂရစ္ဇ္မန္းတုိ႔ကို တုိက္စစ္မွာ တြဲေပးခဲ့ပါတယ္။

1748267
IMAGE: GOAL

ကြင္းလယ္မွာ ဖိုဖာနာ၊ ခ်ဴအာမန္နီတို႔ကို အသံုးျပဳခဲ့ၿပီး မန္ဒီ၊ ကေလာ့တုိ႔ကို Wing Back ေတြအျဖစ္ ကစားေစခဲ့ပါတယ္။ ေနာက္တန္းမွာေတာ့ ဗာရန္း၊ အာရီယိုလာ၊ ဘာဒီယာရွင္တုိ႔ကိုပဲ ကစားေစခဲ့တာပါ။ၾသစႀတီးယားကလည္း ၄-၄-၂ ကစားကြက္ကို အသံုးျပဳခဲ့ၿပီး အာႏူတုိဗစ္၊ ဆာဘစ္ဇာ၊ အလာဘာတုိ႔ကို အမာခံကစားသမားေတြနဲ႔ပဲ ျပင္သစ္ကို ရင္ဆုိင္ခဲ့တာပါ။

Fd-SPubi-WQAQ9-NAS
IMAGE: GOAL

ႏုိင္ပြဲရဖု႔ိ လိုအပ္ေနတဲ့ ျပင္သစ္ဟာ ပြဲအစကတညး္က ဖိအားေပးထုိးေဖာက္တုိက္စစ္ဆင္ခဲ့ပါတယ္။ ဒါပေမယ့္ ျပင္သစ္ရဲ႕ တုိက္စစ္မွာ အမ္ဘာေပ၊ ဂရစ္ဇ္မန္း၊ ဂ်ရူးတုိ႔အၾကား နားလည္းမႈ အခ်ိတ္အဆက္အားနညး္ေနခဲ့ၿပီး လိုအပ္ခ်က္ေတြရွိေနခဲ့ပါတယ္။

ၾသစၾတီးယားကေတား့ ျပင္သစ္ေျမမွာ သေရတစ္မ်တ္ကို ဦးတည္ခဲ့ၿပီး ခံစစ္ပိတ္ကစားခဲ့ပါတယ္။ ျပင္သစ္တုိ႔ အပိုင္အခြင့္အေရးတခ်ိဳ႕ ရခဲ့ေပမယ့္လည္း အမ္ဘာေပ အဆံုးသတ္အားနညး္ေန္ခဲ့လုိ႔ နစ္နာခဲ့ရပါတယ္။ပထမပိုင္းမွာ ၾသစႀတီးုယားတို႔ မာမာထန္ထန္ ဟန္႔တားေနတဲ့အတြက္ ျပင္သစ္တုိ႔ အေ၀းကန္ခ်က္ေတြနဲ႔ပဲ ၿခိမ္းေျခာက္ေနခဲ့ရပါတယ္။

france-v-austria-uefa-nations-league-league-path-group-1-scaled
IMAGE: GOAL

ၾသစႀတီးယားရဲ႕ တန္ျပန္တုိက္စစ္ေတြက ျပင္သစ္အတြက ္အႏၱရာယ္မရွိခဲ့ဘဲ သူတုိ႔အေနနဲ႔ တစ္ပဲြလံုး ဂိုးေပါက္တစ္ႀကိမ္ေတာင ္မတည္ခဲ့ပါဘူး။ ၾသစႀတီးယားတို႔ဟာ ျပင္သစ္ရဲ႕တုိက္စစ္ကို ခုခံရင္းနဲ႔သာအခ်ိန္ကုန္ဆံုးေနခဲ့ရတာ ျဖစ္ပါတယ္။

IMG-20220922-214506
IMAGE: GOAL

ဒုတိယပိုင္းမွာ ဂိုးရလိုေဇာနဲ႔ ပိုမိုဖိအားေပးတုိက္စစ္ဆင္လာတဲ့ ျပင္သစ္တုိ႔ အခ်ိတ္အဆက္ပိုင္း ပိုအားေကင္းလာခဲ့ပါတယ္။ အထူးသျဖင့္ ဒုတိယပိုင္းမွာ အမ္ဘာေပရဲ႕ တစ္ကိုယ္ေတာ္ ထိုးေဖာက္မႈေတြကအားရစရာေကာငး္ခဲ့ၿပီး ၾသစႀတီးယားေနာက္တန္း ပ်ာယာခတ္လာခဲ့ပါတယ္။

Q7-R5-UGKAWZF7-BJZVEWHOCO7-BCQ
IMAGE: GOAL

၅၆ မိနစ္မွာေတာ့ ျပင္သစ္တုိ႔ ဦးေဆာင္ဂိုးရရွိခဲ့ၿပီး အမ္ဘာေပက တစ္ကိုယ္ေတာ္အစြမ္းနဲ႔ ၾသစႀတီးယားေနာက္ခံလူေတြကိုျဖတ္ေက်ာ္ကာ လွလွပပ ကန္သြင္းယူခဲ့တာပါ။ ဦးေဆာင္ဂိုး ရရွိခဲ့ၿပီးေနာက္ ျပင္သစ္ကပဲ ပြဲကိုသက္ေသာင့္သက္သာနဲ႔ စိုးမိုးႏုိင္ခဲ့ၿပီး ၆၅ မိနစ္မွာ ဂရစ္ဇ္န္းရဲ႕ တိက်တဲ့ ျဖတ္တင္ေဘာကို ဂ်ရူးကေခါင္းတုိက္ၿပီး ျပင္သစ္အတြက္ အႏုိင္ေသခ်ာေစမယ့္ ပြဲသိမ္းဂိုးကို သြင္းေပးခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!