ဆွာရက်ဇ်အတွက် အပါအဝင် ဘာစီနဲ့ သက်တမ်းတိုးဖို့ မက်ဆီ တောင်းဆိုခဲ့တဲ့ အချက်တွေ ပေါက်ကြား

[UNICODE]

0x0
IMAGE: GOAL

အာဂျင်တီးနားတိုက်စစ်မူှး လီယွန်နယ်မက်ဆီကတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဘာစီလိုနာမှာ ဆက်နေဖို့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ကြစဉ် တောင်းဆိုခဲ့တဲ့ အချက်အလက်တွေ ပေါက်ကြားမှု ဖြစ်ပွားခဲ့ပါတယ်။ မက်ဆီအနေနဲ့ ပီအက်စ်ဂျီကို မပြောင်းရွှေ့ခင် ဘာစီလိုနာမှာသာ ဆက်နေချင်ခဲ့ပြီး အသင်းနဲ့ သက်တမ်းတိုးဖို့ ညှိနှိုင်းခဲ့တာပါ။

1-Lionel-Messi-Instagram-pictures-in-tribute-to-Luis-Suarezs-departure-from-Barcelona
IMAGE: GOAL

မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းနဲ့ ကိုပါအမေရိကဖလား ဆွတ်ခူးအပြီးနောက် နူးကမ့်ကို ပြန်လာခဲ့ကာ ဘာစီလိုနာမှာသာဆက်ရှိစေဖို့ မျှော်လင့်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဘာစီလိုနာဘက်က မက်ဆီကို စာချုပ် မချုပ်နိုင်တော့ဘူးဆိုပြီး အံ့အားသင့်ဖွယ် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

3195392-65463108-2560-1440
IMAGE: GOAL

အဲဒီနောက်မက်ဆီက နှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တဲ့ ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ရပြီး ပီအက်စ်ဂျီကို ပြောင်းရွှေ့ခဲ့ပါတယ်။ အခုအခါမှာတော့ မက်ဆီရဲ့ဖခင်၊ ရှေ့နေတွေနဲ့ ဘာစီလိုနာဒါရိုက်တာတို့ရဲ့ ဆွေးနွေးညှိနှိုင်းတဲ့ အီးမေးလ်တွေကို စပိန်သတင်းစာ El Mundo က ဖော်ပြလာခဲ့ပါတယ်။

lionel-messi-en-un-entrenamiento
IMAGE: GOAL

အဲဒီအီမေးလ်တွေထဲမှာတော့ မက်ဆီအနေနဲ့ ဘာစီလိုနာမှာ ဆက်ရှိစေဖို့ လိုချင်တဲ့အချက်အလက်တွေ တောင်းဆိုထားတာ ပါဝင်နေပါတယ်။ ပထမဆုံး မက်ဆီဟာ ဘာစီလိုနာနဲ့ နောက်ထပ် ၃ နှစ်စာချုပ် ချုပ်ဆိုလိုခဲ့တာပါ။ စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၇၀၀ ကိုလည်း ပယ်ဖျက်ပေးဖို့ အလိုရှိခဲ့ပြီး သူ့အနေနဲ့ အချိန်မရွေး အသင်းကနေ ထွက်ခွာလို့ရအောင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁ သောင်းသာ ထားရှိလိုခဲ့တာပါ။

Lionel-Messi-of-Barcelona-Press-Conference
IMAGE: GOAL

မက်ဆီအနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ တောင်းဆိုခဲ့တဲ့ အချက်တွေထဲမှာ သူငယ်ချင်းဖြစ်သူ ဆွာရက်ဇ်အတွက်လည်း ပါဝင်ခဲ့ပါတယ်။ ဒါကတော့ ဆွာရက်ဇ်နဲ့သူ့မိသားစုဝင်တွေ အချိန်မရွေး အသုံးပြုလို့ရအောင နူးကမ့်ကွင်းထဲမှာ သီးသန့်နေရာတစ်ခု တည်ဆောက်ပေးစေလိုခဲ့တာ ဖြစ်ပါတယ်။

messi-arms
IMAGE: GOAL

မက်ဆီနဲ့ ဆွာရက်ဇ်တို့ဟာ ဘာစီလိုနာမှာ အတူတူ တွဲကစားရင်း အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ြ့တာပါ။ ခရစ္စမတ်ကာလမျိုးတွေမှာ မွေးရပ်မြေ အာဂျင်တီးနားကို ပြန်နိုင်ဖို့အတွက်လည်း private jet စီစဉ်ပေးဖို့ မက်ဆီက တောင်းဆိုခဲ့ပါသေးတယ်။ ကပ်ဘေးကာလအတွင်း လစာလျှော့ယူမှုကို ကာမိနိုင်အောင်လို့လည်း မက်ဆီက စာချုပ်သစ်အတွက် လက်မှတ်ထိုးကြေး ယူရို ၁၀ သန်း အလိုရှိခဲ့တာ ဖြစ်ပါတယ်။

[ZAWGYI]

0x0
IMAGE: GOAL

အာဂ်င္တီးနားတုိက္စစ္မဴွး လီယြန္နယ္မက္ဆီကေတာ့ သူ႔အေနနဲ႔ လြန္ခဲ့တဲ့ ၂ ႏွစ္တုန္းက ဘာစီလိုနာမွာ ဆက္ေနဖုိ႔အတြက္ ေဆြးေႏြးညွိႏိႈင္းမႈေတြ ျပဳလုပ္ၾကစဥ္ ေတာင္းဆုိခဲ့တဲ့ အခ်က္အလက္ေတြ ေပါက္ၾကားမႈ ျဖစ္ပြားခဲ့ပါတယ္။ မက္ဆီအေနနဲ႔ ပီအက္စ္ဂ်ီကို မေျပာင္းေရႊ႕ခင္ ဘာစီလိုနာမွာသာ ဆက္ေနခ်င္ခဲ့ၿပီး အသင္းနဲ႔ သက္တမ္းတုိးဖုိ႔ ညိွႏိႈငး္ခဲ့တာပါ။

1-Lionel-Messi-Instagram-pictures-in-tribute-to-Luis-Suarezs-departure-from-Barcelona
IMAGE: GOAL

မက္ဆီအေနနဲ႔ အာဂ်င္တီးနားအသင္းနဲ႔ ကိုပါအေမရိကဖလား ဆြတ္ခူးအၿပီးေနာက္ ႏူးကမ့္ကို ျပန္လာခဲ့ကာ ဘာစီလိုနာမွာသာဆက္ရွိေစဖုိ႔ ေမွ်ာ္လင့္ခဲ့တာ ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ဆံုးမွာ ဘာစီလုိနာဘက္က မက္ဆီကို စာခ်ဳပ္ မခ်ဳပ္ႏုိင္ေတာ့ဘူးဆုိၿပီး အံ့အားသင့္ဖြယ္ ေၾကညာခ်က္တစ္ေစာင္ ထုတ္ျပန္ခဲ့ပါတယ္။

3195392-65463108-2560-1440
IMAGE: GOAL

အဲဒီေနာက္မက္ဆီက ႏွစ္ေပါင္းမ်ားစြာ က်င္လည္လာခဲ့တဲ့ ဘာစီလိုနာနဲ႔ လမ္းခြဲခဲ့ရၿပီး ပီအက္စ္ဂ်ီကို ေျပာင္းေရႊ႕ခဲ့ပါတယ္။ အခုအခါမွာေတာ့ မက္ဆီရဲ႕ဖခင္၊ ေရွ႕ေနေတြနဲ႔ ဘာစီလုိနာဒါရိုက္တာတုိ႔ရဲ႕ ေဆြးေႏြးညွိႏိႈင္းတဲ့ အီးေမးလ္ေတြကို စပိန္သတင္းစာ El Mundo က ေဖာ္ျပလာခဲ့ပါတယ္။

lionel-messi-en-un-entrenamiento
IMAGE: GOAL

အဲဒီအီေမးလ္ေတြထဲမွာေတာ့ မက္ဆီအေနနဲ႔ ဘာစီလိုနာမွာ ဆက္ရွိေစဖုိ႔ လိုခ်င္တဲ့အခ်က္အလက္္ေတြ ေတာင္းဆုိထားတာ ပါ၀င္ေနပါတယ္။ ပထမဆံုး မက္ဆီဟာ ဘာစီလိုနာနဲ႔ ေနာက္ထပ္ ၃ ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိလိုခဲ့တာပါ။ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရိုသန္း ၇၀၀ ကိုလည္း ပယ္ဖ်က္ေပးဖုိ႔ အလုိရွိခဲ့ၿပီး သူ႔အေနနဲ႔ အခ်ိန္မေရြး အသင္းကေန ထြက္ခြာလို႔ရေအာင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ယူရို ၁ ေသာင္းသာ ထားရွိလိုခဲ့တာပါ။

Lionel-Messi-of-Barcelona-Press-Conference
IMAGE: GOAL

မက္ဆီအေနနဲ႔ စာခ်ဳပ္သက္တမး္တုိးဖုိ႔ ေတာင္းဆိုခဲ့တဲ့ အခ်က္ေတြထဲမွာ သူငယ္ခ်င္းျဖစ္သူ ဆြာရက္ဇ္အတြက္လည္း ပါ၀င္ခဲ့ပါတယ္။ ဒါကေတာ့ ဆြာရက္ဇ္နဲ႔သူ႔မိသားစု၀င္ေတြ အခ်ိ္န္မေရြး အသံုးျပဳလို႔ရေအာင ႏူးကမ့္ကြင္းထဲမွာ သီးသန္႔ေနရာတစ္ခု တည္ေဆာက္ေပးေစလိုခဲ့တာ ျဖစ္ပါတယ္။

messi-arms
IMAGE: GOAL

မက္ဆီနဲ႔ ဆြာရက္ဇ္တုိ႔ဟာ ဘာစီလိုနာမွာ အတူတူ တြဲကစားရင္း အခ်စ္ဆံုး သူငယ္ခ်င္းေတြ ျဖစ္ခဲ့ၾ႕တာပါ။ ခရစၥမတ္ကာလမ်ိဳးေတြမွာ ေမြးရပ္ေျမ အာဂ်င္တီးနားကို ျပန္ႏုိင္ဖုိ႔အတြက္လည္း private jet စီစဥ္ေပးဖုိ႔ မက္ဆီက ေတာင္းဆိုခဲ့ပါေသးတယ္။ ကပ္ေဘးကာလအတြင္း လစာေလွ်ာ့ယူမႈကို ကာမိႏုိင္ေအာင္လို႔လည္း မက္ဆီက စာခ်ဳပ္သစ္အတြက္ လက္မွတ္ထုိးေၾကး ယူရို ၁၀ သန္း အလုိရွိခဲ့တာ ျဖစ္ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!