ကွင်းလယ်အင်ဂျင်ကြီးတွမ်မီနေးရဲ့ စွမ်းအားနဲ့ ယူကရိန်းကို ဂိုးပြတ်ချေမှုန်းခဲ့တဲ့ စကော့တလန် (စကော့ ၃-၀ ယူကရိန်း ပွဲပြီးသုံးသပ်ချက်)
[UNICODE] စကော့တလန် ၃-၀ ယူကရိန်း
3500
IMAGE: GOAL
စကော့တလန်ကတော့ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲရှုံးကြွေးကို လှလှပပ လက်စားပြန်ချေခဲ့ပြီး ယူရိုနေးရှင်းလိဂ်မှာ အအှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းခဲ့ပါတယ်။ စကော့တလန်ဟာ ၄-၂-၃-၁ ကစားကွက်ကိုခင်းကျင်းလာခဲ့ပြီး တိုက်စစ်မှာ အမ်းထရောင်း၊ ချီအဒမ်၊ ခရစ္စတီတို့ကို တွဲပေးခဲ့ပြီး ကွင်းလယ်မှာ မက်တွမ်မီနေး၊ မက်ဂရီဂေါ်၊ တို့ကို အသုံးပြုခဲ့ပါတယ်။
3783
IMAGE: GOAL
နောက်တန်းမှာ တီယာနေး၊ မက်ကင်နာ၊ ဟန်ဒရီ၊ ကတ်တာဆန်တို့ကို ကစားစေခဲ့ပါတယ်။ ယူကရိန်းကလည်း ၄-၁-၄-၁ ကစားကွက်ကို ခင်းကျ်ငးခဲ့ပြီး မူဒရစ်၊ ယာမိုလန်ကို၊ ဒိုဘော့ဗ်၊ ကာရာဗက်ချ်၊ မတ်ဗီယန်ကို၊ကာလီဗက်စကီးတို့ကို အမာခံထားပွဲထုတ်ခဲ့ပါတယ်။
a2aaa1f089ce2e69b8fd20ade88a5b06
IMAGE: GOAL
အိမ်ရှင် စကော့တလန်ဟာ ဒီပွဲမှာ ပွဲအစကတည်းက တိုက်စစ်ဆင်ကစားပြီး ယူကရိန်းဘက်ကို ဖိအားပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဇင်ချန်ကိုမပါတဲ့ယူကရိန်း ကွင်းလယ်ပိုင်း အားပျော့ခဲ့ပြီး တစ်ပွဲလံးုခြေစွမ်းပိုင်းကအားရစရာ မရှိခဲ့ပါဘူး။
ဒီပွဲမှာ စကော့တလန်အတွက် အဓိက ခြေစွမ်းပြသွားသူက မန်ယူကွင်းလယ် တွမ်မီနေးပါ။ တွမ်မီနေးဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို စကော့တလန်အတွက်လည်း ဆက်လက်ပြသခဲ့ပါတယ်။ယူကရိန်းကတော့ တစ်ပွဲလုံးခံစစ်မှာပဲ စုပြုံပိတ်ဆို့ပြီး စကော့တလန်တိုက်စစ်ကို ဟန့်တားခဲ့ပါတယ်။
a613668c-ab2e-47ac-b640-4bbb6e783fec
IMAGE: GOAL
ဒီပွဲမှာ စကော့တလန်တို့ ဂိုး ပေါက်ကန်သွင်းခွင့် အကြိမ်ပေါင်းများစွာ ရရှိခဲ့ပေမယ့် တိုက်စစ်က အဆုံးသတ်ပိုင်းအားနည်းနေခဲ့လို့ နစ်နာခဲ့ရပါတယ်။ ဒုတိယပိုင်းမှာ စကော့တလန်ရဲ့ တိုက်စစ်ဆင်မှုတွေကပိုမိုအားကောင်းလာခဲ့ပြီး အလုပ်ဖြစ်လာခဲ့ပါတယ်။
skysports-john-mcginn-scotland-5907279
IMAGE: GOAL
မိနစ် ၆၀ မှာ တွမ်မီနေးရဲ့ လှပတဲ့ ပေးပို့မှုကနေ အမ်းထရောင်း ဂိုးသမားနဲ့အပိုင်ကန်ခွင့်ရခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ တရစပ် တိုက်စစ်ဆင်နေတဲ့ စကော့တလန်တို့ မိနစ် ၇၀ မှာ လိုအပ်နေတဲ့ ဦးဆောင်ဂိုး ရရှိခဲ့ပြီးတီယာနေးရဲ့လုပ်အားနှုန်းကနေ ရလာတဲ့ အခွင့်အရေးကို မက်ဂင်က ယူကရိန်းနောက်ခံလူကို ပါးပါးနပ်နပ်လှည့်ထွက်ပြီး သွင်းယူခဲ့တာပါ။
skysports-scotland-ukraine-5907223
IMAGE: GOAL
ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီးနောက် ယူကရိန်းရဲ့ ခံစစ်ကြောင်း ပြိုလဲသွားခဲ့ရပါတယ်။ မိနစ် ၈၀ နဲ့ ၈၇ မိနစ်တို့မှာ လူစားဝင်ကစားသမား ဒိုင်ကက်စ်က အိမ်ရှင်အသင်းအတွက် နှစ်ဂိုးဆက်သွင်းယူပြီး ဂိုးပြတ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ပါတယ်။
[ZAWGYI] စကော့တလန် ၃-၀ ယူကရိန်း
3500
IMAGE: GOAL
3783
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!