ဖေဘီယို ဗီအဲရာ က အာတီတာကို လူရွေးချယ်ရာမှာ ခေါင်းကိုက်စေပြီလား

အာဆင်နယ်အသင်း က ဖေဘီယို ဗီအဲရာ ကို ပြီးခဲ့တဲ့ နွေကမှ ပေါင် သန်း ၃၀ နဲ့ ခေါ်ယူထားတာဖြစ်ပေမယ့် သူ က ဒဏ်ရာရနေတာကြောင့် အာဆင်နယ်ပွဲတွေမှာပါဝင်ခဲ့ခြင်း မရှိပါဘူး။ အိုဒီဂတ် က ဘရန်းဖိုဒ့်နဲ့ပွဲမှာ ပါဝင်နိူင်ခဲ့ခြင်း မရှိပါဘူး။

image
IMAGE: GOAL

ဖေဘီယို ဗီအဲရာ ကတော့ အိုဒီဂတ် နေရာမှာ အကောင်းဆုံး ကစားနိူင်ခဲ့ပြီး ၂၅ ကိုက် အကွာကနေ လှလှ ပပ ဂိုးသွင်းပြီးတော့ သူကလည်း ပထမ အသင်းနဲ့ ထိုက်တန်သူဖြစ်ကြောင်း ခြေစွမ်းပြနိူင်ခဲ့ပါတယ်။ ဒီ ပေါ်တူဂီသားက ပေါ်တူဂီလင်္ကရွေးစင်မှာ ခေါ်ယူခြင်း မခံရသေးပါဘူး။

image
IMAGE: GOAL

ဗီအဲရာနဲ့ ပတ်သက်ပြီး အာတီတာကတော့ ’ဗီအဲရာကတော့ ရာသီကြိုပွဲစဉ်တွေကို ဒဏ်ရာကြောင့်လွှဲချော်ခဲ့ပါတယ်။ သူ့မှာ စွမ်းရည်ကောင်း သလို အသင်းကို အထောက်အကူပြု မှာမလို့ ကျွန်တော်တို့ ခေါ်ယူခဲ့တာပါ။ဘရန်းဖိုဒ့်နဲ့ ပွဲမှာ သူက ပွဲထွက် ကစားပြီးတော့ သူ့ အရည်အသွေးကိုပြသခဲ့ပါတယ်။’ ဆိုပြီး ချီးကျူးပြောကြားလိုက်ပါတယ်။

image
IMAGE: GOAL

ဖေဘီယို ဗီအဲရာ ကတော့ အကောင်းဆုံး ခြေစွမ်းကို ပြသနေတာကြောင့် အာတီတာအနေနဲ့ သူ့ကို အရံခုံမှာပဲ ထားမလား ဒါမှမဟုတ် ပွဲထွက်ကစားခိုင်းမလားဆိုတာ ခေါင်းကိုက်စရာဖြစ်လာပြီဖြစ်ပါတယ်။ ခုချိန်မှာ ကွင်းလယ် တိုက်စစ်ကို အသင်းခေါင်းဆောင် အိုဒီဂတ်က ပုံဖော်နေသလို အကောင်းဆုံး ကစားနေတာလည်းဖြစ်နေပါတယ်။

image
IMAGE: GOAL

နောက်တစ်ယောက်ကတော့ အီမလီစမစ်ရိုဝီ ဖြစ်ပြီး သူကတော့ ဒီရာသီမှာ ကြံ့ခိုင်မှုမပြည့်သလို ဒဏ်ရာနဲ့ ရုန်းကန်နေရတာဖြစ်ပါတယ်။ အာတီတာကတော့ တိုက်စစ်နေရာမှာ ဂျေးဇူး၊ ဘယ်ညာ တောင်ပံမှာ မာတင်နယ်လီ နဲ့ ဆာကာတို့ တိုက်စစ်မှာ ကစားစေတာဖြစ်ပါတယ်။

ရှေ့တန်း နဲ့ ကွင်းလယ်တိုက်စစ်မှူးနေရာမှာ အာတီတာ က ရွေးချယ်ပြီးသား ဖြစ်တာကြောင့် ဗီအဲရာ၊ စမစ် နဲ့ အင်ကီတီယာ တို့ကတော့ အရံခုံမှာပဲ ထိုင်နေရဖို့များပါတယ်။ အာတီတာကတော့ တိုက်စစ်မှာ ရွေးချယ်စရများတာကြောင့် သူ့ဆရာ ဂွာဒီယိုလာ လမ်းစဉ်လိုက်ဖွယ်ရှိပါတယ်။

image
IMAGE: GOAL

သူ့ဆရာ ဂွာဒီယိုလာလိုပဲ ရေရှည်ပြေးရမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ သူက သူ့ကစားသမားတွေကို အလှည့်ကျ ကစားစေဖို့ကြံစည်နေတာဖြစ်ပါတယ်။ ဖေဘီယို ဗီအဲရာကတော့ ဘယ်ညာတောင်ပံ မှာကစား နိူင်ပေမယ့်လည်း အာတီတာကတော့ သူ့ အကောင်းဆုံး နေရာဖြစ်တဲ့ ကွင်းလယ်တိုက်စစ်မှာသာ ကစားစေဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

SOURCE: MAIL



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!