အချိုးမပြေတာတွေ များလားတဲ့ အမ်ဘာပေကို ဆုံးမဖို့အတွက် KFC စီစဉ်
[UNICODE]
799773b264f04a4e
IMAGE: GOAL
ပြင်သစ် KFC အမှုဆောင်ချုပ်ကတော့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေကို တရားစွဲဆိုဖို့ စီစဉ်နေတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ အမ်ဘာပေအနေနဲ့ ပြင်သစ်အသင်းနဲ့အတူ အသင်းလိုက် ဓာတ်ပုံမှာ ပါဝင်ရိုက်ကူးခြင်းမရှိဘဲသူတု့ိရဲ့ ကုန်ပစ္စည်းကို မကြော်ငြာပေးခဲ့တဲ့အပေါ် KFC ဘက်ကစိတ်ပျက်လျက်ရှိနေတာပါ။
1325979340
IMAGE: GOAL
ပီအက်စ်ဂျီတိုက်စစ်မူှး အမ်ဘာပေအနေနဲ့ အခုနှစ်ရာသီမှာ သူ့ရဲ့ အပြုအမူတွေကြောင့် ဝေဖန်မှုတွေကို ဆက်တိုက်ရင်ဆိုင်ရလျက်ရှိနေပါတယ်။အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းဖော် နေမာနဲ့လည်းအချင်းများခဲ့တယ်လို့ သတင်းတွေအရသိရပါတ်ယ။ ဒါပေမယ့် နည်းပြဂယ်လ်ချီကတော့ အမ်ဘာပေနဲ့ နေမာတို့အကြား ဘာပြဿနာမှ မရှိဘူးလို့ ဖွင့်ဟထားခဲ့ပါတယ်။
202209201511-main-cropped-1663661496
IMAGE: GOAL
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း အမ်ဘာပေရဲ့ တစ်ကိုယ်ကောင်းဆန်မှုနဲ့ ပတ်သက်ပြီး အံ့အားသင့်ဖွယ် အချက်အလက်တစ်ခု ထွက်ပေါ်ခဲ့ပါတယ်။ ဒါကတော့ အမ်ဘာပေဟာ အခုနှစ်ဘောလုံးရာသီမှာ မက်ဆီနဲ့နေမာတို့နှစ်ဦးစလုံးအတွက် ဂိုးဖန်တီးမှုတစ်ကြိမ်မှ ပြုလုပ်ပေးထားခြင်း မရှိတာပါ။
jpg
IMAGE: GOAL
ပီအက်စ်ဂျီမှာ ဂြိုလ်မွှေခဲ့ဲတဲ့ အမ်ဘာပေက လက်ရွေးစင်အသင်းကိုရောက်ပြန်တော့လည်း ပြဿနာရှာခဲ့ပါတယ်။ ဒါကတော့ အသင်းရဲ့ စပွန်ဆာတွေကို ကြော်ငြာပေးတဲ့ အသင်းလိုက် ရိုက်ကူးရေးမှာ အမ်ဘာပေကပါဝင်ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေက သူ့အနေနဲ့ ပုံရိပ်အသုံးပြုခနဲ့ပတ်သက်ပြီး ပြဿနာရှိခဲ့တာလို့ သိရပါတယ်။
Kylian-Mbappe-2
IMAGE: GOAL
ပြင်သစ် KFC ရဲ့ ဒုဥက္ကဋ္ဌကတော့ အမ်ဘာပေအနေနဲ့ အခုလိုမျိုး အသင်းလိုက်ရိုက်ကူးရေးမှာ ပါဝင်ဖို့ ငြင်းဆန်တာဟာ သူ့တို့နဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်အကြား ချုပ်ဆိုထားတဲ့ အချက်အလက်တွေကိုချိုးဖောက်ရာကျတယ်လို့ ယူဆနေပါတယ်။ “ကျွန်တော်တို့တွေက ဒီအတွက် ပိုက်ဆံပေးပြီးသားပါ။ လိုအပ်ရင် ကျွန်တာ်တို့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချသွားမှာပါ”လို့ ဒုဥက္ကဋ္ဌက ဆိုခဲ့ပါတယ်။
Whats-App-Image-2022-09-21-at-3-54-02-PM
IMAGE: GOAL
အမ်ဘာပေဟာ အသင့်သုံး အစားအစားတွေနဲ့ လောင်းကစားကုမ္ပဏီတွေကို ကြော်ငြာပေးလိုခြင်းမရှိဘူးလို့ သိရပြီးပြင်သစ်ဘောလုံးအဖွဲ့ချုပ်ကလည်း ကစားသမားတွေရဲ့ပုံရိပ်အသုံးပြုခွင့်ကို ပြန်လည်သုံးသပ်သွားမယ်လို့ သိရပါတယ်။ အမ်ဘာပေဟာ ပုံရိပ်အသုံးပြုခွင့်ကို အလေးထားသူဖြစ်ပြီး ပြီးခဲ့တဲ့ နွေရာသီတုန်းက ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့ ညှိနှိုင်းစဉ်မှာလည်း ပုံရိပ်အသုံးပြုခွင့်ကို အပြည့်အဝတောင်းဆိုခဲ့လို့ ညှိနှိုင်းမှု အဆင်မပြေဖြစ်ခဲ့ပါတယ်။ ပီအက်စ်ဂျီကသူ့ကို စာချုပ်သက်တမ်းတိုးမြှင့်ရာမှာ ပုံရိပ်အသုံးပြုခ အပြည့်အ၀ ပေးထားခဲ့ပါတယ်။
[ZAWGYI]
799773b264f04a4e
IMAGE: GOAL
1325979340
IMAGE: GOAL
IMAGE: GOAL
jpg
IMAGE: GOAL
Kylian-Mbappe-2
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!