ခြေစွမ်းကျနေတဲ့ စီရော်နယ်ဒို ကစားသမားဘဝကနေ အနားယူတော့မလား
[UNICODE]
0-9pntq77w
IJMAGE: GOAL
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုကတော့ ခြေစွမ်းကျဆင်းနေချိန်မှာ ကစားသမားဘဝကနေ အနားယူတော့မလားဆိုတဲံအကြောင်းအရာနဲ့ ပတ်သက်ပြီး ဖွင့်ဟချက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ ဒီရာသီမှာမြင်မကောင်းအောင် စွမ်းဆောင်ရည်ပိုင်း ကျဆင်းလျက်ရှိနေတာပါ။
0-Getty-Images-1052754656
IJMAGE: GOAL
ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ စီရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ကစားချင်တဲ့အတွက် မန်ချက်စတာယူနိုက်တက်ကနေ ထွက်ခွာဖို့ အရင်ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် စီရော်ယ်ဒို ခေါ်ချင်တဲ့ ဥရောပထိပ်သီးအသင်းတစ်သင်းမှ မရှိခဲ့ဘဲ ချဲလ်ဆီး၊ အက်သလက်၊ ဘိုင်ယန်မြူးနစ်အသင်းတွေအားလုံးက သူ့ကိုငြင်းဆန်ခဲ့ကြပါတယ်။
8ea52bc5ae6e8f0abb3648512d6af366
IJMAGE: GOAL
ဒါကြောင့် စီရော်နယ်ဒိုအနေနဲ့ နောက်ဆုံးမှာ မန်ယူမှာပဲ ဆက်သောင်တင်ခဲ့တာပါ။ ၃၇ နှစ်အရွယ်ရှိတဲ့ စီရော်နယ်ဒိုဟာ နည်းပြတန်ဟတ်ရဲ့ အကြိုက် ကစားသမားမျှိုုး မဟုတ်ပါဘူး။ သူဟာ လက်ရှိမန်ယူအသင်းမှာပဲပရီးမီးယားလိဂ်မှာဘရန်ဖို့ဒ်နဲ့တစ်ပွဲတည်းသာပွဲထွက်ကစားခွင့်ရခဲ့ပြီး ကျန်ပွဲတွေအားလုံး အရန်ခုံထိုင်ခဲ့ရပါတယ်။ ဒါက စီရော်နယ်ဒိုရဲ့ ကစားသမားဘဝမှာ ထူးခြားဖြစ်ရပ်လို့ဆိုရမှာပါ။
1200x-1
IJMAGE: GOAL
ဒီလိုမျိုး စွမ်းဆောင်ရည်ပိုင်းကျဆင်းမှုတွေ ရှိနေပေမယ့် စီရော်နယ်ဒိုက သူ့အနေနဲ့ နောက်ထပ်နှစ်အနည်းငယ်အထိ ထိပ်တန်းအဆင့်မှာ အကောင်းဆုံးခြေစွမ်းနဲ့ ဆက်လက်ကစားနိုင်ဦးမယ်လို့ ယုံကြည်နေပါတယ်။ပေါ်တူဂီလက်ရွေးစင် စူပါစတားဟာ နိုင်ငံတကာပွဲစဉ်တွေ ကစားဖို့အတွက် အမိနိုင်ငံကို ပြန်ရောက်ချန်မှာ နိုင်ငံတကာဂိုးအများဆုံးသွင်းဂိုးဆုအတွက်လည်း ဆုလက်ခံရယူခဲ့ပါတယ်။
cr7-euro-2024
IJMAGE: GOAL
အဲဒီဆုပေးပွဲမှာ စီရော်နယ်ဒိုအနေနဲ့ ကစားသမားဘဝကနေ အနားယူတော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ဖြေရှင်းချက်ပြုလုပ်ခဲ့ပါတယ်။ “ကျွန်တော်အနေနဲ့ နောက်ထပ် နှစ်အနည်းငယ်အထိ ပေါ်တူဂီအသင်းရဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေဦးမှာပါ။ ကျွန်တော်က တက်ကြွနေဆဲဖြစ်ပြီး ကျွန်တော့်ရဲ့ ရည်းမှန်းချက်ကလည်း ကြီးမားပါတယ်။ ကျွန်တော်က လူငယ်တွေနဲ့ တည်ဆောက်ထားတဲ့အသင်းမှာရှိနေပြီး ကမ္ဘာ့ဖလားနဲ့နောက်ထပ်ယူရိုပြိုင်ပွဲတွေမှာ ပါဝင်ချင်ပါသေးတယ်”လို့ စီရော်နယ်ဒိုက ဖွင့်ဟခဲ့ပါတယ်။
ronaldo-afp-1146985-1663756216
IJMAGE: GOAL
ဆက်လက်ပြီး စီရော်နယ်ဒိုက သူ့ရဲ့ကစားသမားဘဝက ပြီးဆုံးခြင်းမရှိသေးကြောင်း၊ သူ့အနေနဲ့ အခုလိုဆုမျိုးကို ရယူနိုင်လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ ကလပ်အသင်းသွင်းဂိုး ၆၉၉ သွင်းယူထားခဲ့ပြီး အဓိကဆုဖလားပေါင်း ၃၁ ကြိမ်ရယူထားနိုင်ခဲ့ပါတယ်။
[ZAWGYI]
0-9pntq77w
IJMAGE: GOAL
IJMAGE: GOAL
IJMAGE: GOAL
1200x-1
IJMAGE: GOAL
cr7-euro-2024
IJMAGE: GOAL
IJMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!