ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်လှပ်ရနိုင်ချေရှိနေတဲ့ နာမည်ကျော် စူပါစတား ကစားသမား (၁၀) ဦး

[UNICODE] ဆန်ချို

0-Getty-Images-1242871926
IMAGE: GOAL

ဆန်ချိုဟာ ဒေါ့မွန်မှာ ခြေစွမ်းပြပြီးကတည်းက ပြီးခဲ့တဲ့နှစ်တွေအတွင်း အင်္ဂလန်အသင်းမှာတောက်လျှောက် အရွေးခံခဲ့ရပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီမှာ ဆန်ချိုအနေနဲ့ ခြေစွမ်းပိုင်း ကျဆင်းမှုတွေရှိခဲ့တာကအင်္ဂလန်အသင်းမှာ နေရာပျော်ကစေခဲ့ပါတယ်။ ဒီရာသီမှာဆန်ချိုဟာ ခြေစွမ်းကောင်းတွေ ပြသခဲ့ပေမယ့် ဆောက်ဂိတ်ရဲ့ နောက်ဆုံး အင်္ဂလန်လူစာရင်းမှာ ချန်လှပ်ခြင်း ခံခဲ့ရပါတယ်။

၄။ ရက်ဖို့ဒ်

0-Getty-Images-1242949151
IMAGE: GOAL

နောက်ထပ် ကစားသမားတစ်ယောက်ကတော့ ရက်ဖို့ဒ်ပါ။ ရက်ဖို့ဒ်ဟာ ယူရို ၂၀၂၀ြ့ပိုင်ပွဲပြီးကတည်းက ကျဆင်းသွားခဲ့တဲ့ ခြေစွမ်းနဲ့အတူ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရခြင်း မရှိတော့ပါဘူး။ လက်ရှိုရာသီမှာခြေစွမ်းကောင်းတွေ ပြသခဲ့ပေမယ့် ဆောက်ဂိတ်ရဲ့လူစာရင်းမှာ တိုးမပေါက်ပါဘူး။

၃။ ပေါ့ဂ်ဘာ

0-Getty-Images-1325116837
IMAGE: GOAL

ပေါ့ဂ်ဘာကတော့ ဂျူဗင်တပ်ကို ပြောင်းရွှေ့ပြီးကတည်းက ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်နေရသူပါ။ နည်းပြ ဒမ့်ချက်စ်ကိုယ်တိုင်ကလည်း သူ့လူစာရင်းမှာပေါ့ဂ်ဘာ ပါဝင်မယ်လို့ သေချာပေါက် အာမ မခံထားပါဘူး။\လက်ရှိပြင်သစ်ကွင်းလယ်မှာကလည်း ချူအာမန်နီ၊ ကာမာဗင်ဂါတို့လို ကြယ်ပွင့်ကစားသမားတွေရှိနေသလို့ ပေါ့င်္ဂဘာအနေနဲ့ အခန့်မသင့်ရင် ကမ္ဘာ့ဖလားကို လွဲချော်သွားရနိုင်ပါတယ်။

၆။ ရာမို့စ်

0-JS256319956
IMAGE: GOAL

ရာမို့စ်ရဲ့ လက်ရွေးစင် ကစားသမားဘဝကတော့ လမ်းဆုံးသလောက် ရှိသွားခဲ့ပါပြီ။ ဒီရာသီ ပီအက်စ်ဂျီမှာ ကြံ့ခိုင်မှုပြည့်ဝစွာနဲ့ ပုံမှန်ကစားခွင့်ရနေပေမယ့် အင်းနရစ်ရဲ့ စပိန်မှာ ချန်လှပ်ခံခဲ့ရပါတယ်။ ဒါကိုရာမို့စ်ကိုယ်တိုင်လည်း ပေါက်ကွဲလျက်ရှိနေပါတယ်။

၅။ ဖာတီ

fc-barcelona-v-inter-miami-cf-pre-season-friendly-5-scaled
IMAGE: GOAL

ဘာစီလိုနာမှာ ပုံမှန်ကစားခွင့် ပျောက်ဆုံးနေတာက ဖာတီကို စပိန်အသင်းမှာ ချန်လှပ်ခံရဖို့ အကြောင်းဖန်စေခဲ့ပါတယ်။ ဒါပေမယ့် အသက် ၁၉ နှစ်အရွယ်သာ ရှိသေးပြီး အလားအလာကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဖာတီကို နည်းပြ အင်းနရစ်က ပြန်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

၂။ ဂျေဇူး

Jesus-Arsenal
IMAGE: GOAL

နည်းပြတီထီလက်ထက်မှာ အာဆင်နယ်တိုက်စစ်မှူးဂျေဇူးဟာ ဘရာဇီးရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့တာပါ။ ဒီရာသီ အာဆင်နယ်မှာလည်း ဂျေဇူးတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေ ပြသနေပေမယ့်ဘရာဇီးလူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ပါတယ်။ ဒါပေမယ့် ဂျေဇူးလို ကစားသမားမျိုးကိုတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်လှပ်လောက်တဲ့အထိ တီထီမိုက်မဲမယ်မထင်ပါဘူး။

နောက်ထပ် ဝုဖ်ကွင်းလယ်လူ မော်တင်ဟို၊ ဒေါ့မွန်နောက်ခံလူ ဟမ်းမဲလ်၊ လီဗာပူးကွင်းလယ်လူ သီယာဂို၊ ဖရန့်ဖတ်ကို ပြန်ရောက်လာတဲ့ ဂျာမနီဝါရင့် ကစားသမား ဂေါ့ဇီတို့ကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်နိုင်တဲံအရေးနဲ့ ရင်ဆိုင်နေရပါတယ်။

[ZAWGYI] ဆန္ခ်ိဳ

0-Getty-Images-1242871926
IMAGE: GOAL


၎။ ရက်ဖို့ဒ်

IMAGE: GOAL


၃။ ပေါ့ဂ်ဘာ

IMAGE: GOAL


၆။ ရာမို့စ်

0-JS256319956
IMAGE: GOAL


၅။ ဖာတီ

IMAGE: GOAL


၂။ ဂျေဇူး

Jesus-Arsenal
IMAGE: GOAL





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!