VAR ကြောင့် နစ်နာခဲ့ရတာ အိမ်ကွင်းမှာ နိုင်ပွဲပျောက်ခဲ့ရတဲ့ ဂျူဗင်တပ် (ဂျူဗင်တပ် ၂-၂ ဆလာနီတီနာ ပွဲပြီးသုံးသပ်ချက်)
[UNICODE] ဂျူဗင်တပ် ၂-၂ ဆလာနီတီနာ
01gcq5cmw23sy7en7n7m
IMAGE: GOAL
စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်ကတော့ အိမ်ကွင်းပွဲစဉ်မှာ ခံစစ်ပိုင်းအားနည်းချက်တွေနဲ့အတူ သရေရအောင်တောင် နောက်ကနေ ခက်ခက်ခဲခဲ လိုက်ကစားခဲ့ရပါတယ်။ ဂျူဗင်တပ်အနေနဲ့ဒီပွဲမှာ ၄-၃-၃ကစားကွက်ကို ခင်းကျင်းလာခဲ့တာပါ။
2022-09-11t212331z-1-lynxmpei8a08l-rtroptp-3-soccer-italy-juv-uss-report
IMAGE: GOAL
တိုက်စစ်မှာ မွိုက်ကိန်း၊ ဗလာဟိုဗစ်၊ ကိုစတစ်တို့ကို တွဲပေးခဲ့ပြီးကွင်းလယ်မှာ မက်ကင်နေး၊ ပါရီဒက်စ်၊ မီရက်တီတို့ကို အသုံးပြုခဲ့ပါတယ်။ နောက်နတ်းမှာ ကူဒရာဒို၊ ဘရီမာ၊ ဘိုနိုချီနဲ့ ဒီစီဂလီယိုတို့ိကို ကစားစေခဲ့တာပါ။ဧည့်သည် ဆလာနီတီနာကလည်း သူတို့ရဲ့ အကောင်းဆုံးလူစာရင်းနဲ့ပဲ ဂျူဗင်တပ်ကို ရင်ဆိုင်ခဲ့တာပါ
Bremer-1
IMAGE: GOAL
ဒီပွဲမှာ ဂျူဗင်တပ်ရဲ့ ကွင်းလယ်နဲ့ ခံစစ်ကြား ချိတ်ဆက်မှု အားနည်းခဲ့ပြီး ခံစစ်ကြေားင်က ဟာကွက်များခဲ့ပါတယ်။ ဆလာနီတီနာက တန်ပြန်တိုက်စစ်ဆင်လာတိုင်း ဂျူဗင်တပ်ခံစစ်ကြောင်းကအသည်းအသန်ကာကွယ်နေခဲ့ရပါတယ်။
DUEBCOMUNICATIO-20220911220116864-c5ea54337de4bdf1e655f81a63edd788-scaled
IMAGE: GOAL
ပွဲကစားချိန် ၁၈ မိနစ်မှာပဲ ဧည့်သည် ဆာလနီတီနာတို့ မထင်မှတ်တဲ့ အနေအထားကနေ ဦးဆောင်ဂိုး ရရှိခဲ့ပြီး မာဇိုချီရဲ့ ဖန်တီးပေးမှုကနေ ကန်ဒရီဗာက သွင်းယူပေးခဲ့တာပါ။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက်ဂျူဗင်တပ်ကို ကွင်းလယ်ပိုင်းအသာစီးရယူပြီး ပွဲကိုလွှမ်းမိုးကစားခဲံပါတယ်။
itifbx3k7ovkwx2nxsbi
IMAGE: GOAL
ဒါပေမယ့် ပထမပိုင်းမှာ ဂျူဗင်တပ်ရဲ့ ကစားပုံက အားရစရာမကောင်းခဲ့ဘဲ ကွင်းလယ်က ဖန်တီးမှုပိုင်းအားနည်းခဲ့ပါတယ်။ ဗလာဟိုဗစ်၊ ကိုစတစ်တို့ကလည်း အချိတ်အဆက်မမိဘဲ မထိရောက်တဲ့တစ်ဦးချင်းထိုးဖောက်မှုတွေနဲ့သာ အချိန်ကုန်နေခဲ့ရပါတယ်။
Juventus-Salernitana-Leonardo-Bonucci-row-703x400
IMAGE: GOAL
ဒီလိုနဲ့ ပထမပိုင်းပြီးခါနီးမှာ ဧည့်သည့်အတွက် ပီယွန်တက်ချ်က ပင်နယ်တီကနေ ဒုတိယမြောက်ဦးဆောင်ဂိုးထပ်သွင်းခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်ဂိုးပြတ်အရေးနိမ့်နေတဲ့ ဂျူဗင်တပ်တို့ ချေပဂိုးရဖို့တရစပ်ဖိအားပေးခ့ရာမှာ ၅၁ မိနစ်မှာ ကိုစတစ်ရဲ့ ဖန်တီးမှုကနေ ဘရီမာက ဂျူဗီအတွက် ချေပဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။
medium-2022-09-11-2cc50c7ce4
IMAGE: GOAL
အဲဒီနောက် ဂျူဗင်တပ်တို့ အန်ဒရို၊ ဖာဂီယိုလီတို့ကို ထည့်သွင်းပြီး ကစားကွက်ပိုင်း ပြောင်းလဲခဲ့ပါတယ်။ ဂျူဗင်တပ်ရဲ့ တိုက်စစ်ကစားအားကောင်းလာခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးကံခေနေခဲ့သလိုဆလာနီတီနာကလည်း တစ်သင်းလုံးခံစစ်မှာ ပိတ်ဆို့နေခဲ့လို့ ဂိုးရဖို့ ခက်ခဲနေခဲ့ရပါတယ်။
Milik-and-fight-the-crazy-final-of-Juve-Salernitana
IMAGE: GOAL
နာကျင်အချိန်ပို ၃ မိနစ်မှာ ဘိုနုချီက ဂျူဗင်တပ်အတွက် သရေကျစေမယ့်ချေပဂိုး သွင်းပေးခဲ့ပြီ း ချက်ချင်းဆိုသလို မီလစ်က အနိုင်ဂိုးသွင်းပေးခဲ့ပေမယ့် VAR က ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီနောက် နှစ်သင်းစလုံးအငြင်းပွားဖြစ်ရပ်နဲ့ ပွဲပြီးခါနီးမှာပွဲက စိတ်လှုပ်ရှားဖွယ်ကောင်းခဲ့ပြီး ဂျူဗှု်တပ်က မီလစ်၊ ကူဒရာဒိုနဲ့ နည်းပြ အမ်လီဂရီ၊ ဆလာနီတီနာဘက်က ဖာဇီယိုတို့ အထုတ်ခံခဲ့ရပါတယ်။
[ZAWGYI] ဂျူဗင်တပ် ၂-၂ ဆလာနီတီနာ
IMAGE: GOAL
IMAGE: GOAL
Bremer-1
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!