ပေါ့ဘာရဲ့ အစ်ကိုဖြစ်သူ မက်သီယက်စ် ကတော့ သူ့ လူမှုကွန်ယက်က ပေါ့ဘာ နဲ့ ပတ်သက်ပြီး လူသိ မခံဝံ့တဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်ပြောကြားမယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

၃၂ နှစ်ရှိပြီဖြစ်တဲ့ မက်သီယက်စ် ကတော့ ပေါ့ဘာ ရဲ့ အသင်းဖော်နဲ့ စပွန်ဆာတွေ အနေနဲ့ ဒီ ကိစ္စ ကို သိဖို့ လိုအပ်တာကြောင့်လို့ဆိုပါတယ်။ သူပြောသွားတဲ့ အထဲမှာ အမ်ဘာပေလည်း ပါဝင်ပါတယ်။
ပေါ့ဘာကတော့ ပြင်သစ် ရဲတွေကို မက်သီးယက်စ်က ရာဇဝတ်ဂိုဏ်း တစ်ခုနဲ့ ပတ်သက်နေပြီး သူ့ကို ငွေညှစ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။ ပေါ့ဘာ ကတော့ သူ့ အစ်ကို နဲ့ သူ ငယ်စဉ်ကတည်းက သိခဲ့တဲ့ သူငယ်ချင်းတွေကတော့ သူ့ကို ခြိမ်းခြောက်ပြီး သူ့ဆီက ယူရို ၁၃ သန်း ငွေညှစ်ဖို့ ကြိုးစားနေတယ်လို့ဆိုပါတယ်။

သူကတော့ ဖြစ်စဉ် အသေးစိတ်မှာ လူ ၂ ယောက်က ရိုင်ဖယ် ကိုင်ပြီး သူ့ ပြင်သစ်မှာ ရှိတဲ့ အခန်းမှာ ရောက်လာခဲ့ပြီး ယူရို ၁၃ သန်းတောင်းခံခဲ့တယ်လို့ဆိုပါတယ်။ သူ့အနေနဲ့ ပေါ့ဘာက ဒီ ငွေ ၁၃ သန်း ပမာဏကို အလေးမထား လို့ တောင်းခံတာလို့ဆိုပါတယ်။

ပေါ့ဘာကတော့ ပြင်သစ်ရဲတွေကို သူ့အနေနဲ့ သူ့အစ်ကိုနဲ့ သူငယ်ချင်း တွေကို ငွေရေးကြေးရေး အရ ကူညီခဲ့တယ်လို့ဆိုပါတယ်။ သူ့ သူငယ်ချင်းတစ်ယောက်က ပေါ့ဘာ ခရစ်ဒစ် ကတ်ကနေ ယူရို ၂ သိန်းခိုး ယူကတည်းက သူတို့နဲ့ အဆက်အသွယ်ဖြတ်ခဲ့တာလို့လည်း ထွက်ဆိုခဲ့ပါတယ်။

အဆိုပါ အုပ်စုက ပေါ့ဘာ ရဲ့ တူရင်မှာ ထရိန်နင်ဆင်းတဲ့ နေရာကိုလည်း လာခဲ့တယ်လို့ဆိုပါတယ်။ ပေါ့ဘာက အောက်လမ်းဆရာ ကို ခေါ်ပြီးတော့ အမ်ဘာပေ အပေါ် မကောင်းတဲ့ အစီအရင်လုပ်ဖို့တွက် သူ့အစ်ကို မက်သီးယက်စ် အပေါ် တောင်းဆိုခဲ့တယ်လို့လည်းဆိုပါတယ်။

ပေါ့ဘာကတော့ အဆိုပါ ကြေငြာချက်တွေက အံ့ဩသင့်စရာ မရှိကြောင်း၊ သူတို့ အုပ်စုက သူ့အပေါ် ခြိမ်းခြောက်ပြီး ငွေညှစ်ဖို့ သာ ကြိုးစားနေကြောင်း၊ သူ့အနေနဲ့ သက်ဆိုင်ရာ ရဲတွေကို အကြောင်းကြားပြီးဖြစ်လို့ သူတို့ ဆက်ကိုင်တွယ်သွားမှာဖြစ်ကြောင်း ကြေငြာလိုက်ပါတယ်။
SOURCE: MIRROR