လီဗာပူးအတွက် သွေးမြေကျတဲ့အထိ ပေးဆပ်မဲ့ ဂျရတ်နဲ့ ကော်တင်ဟိုကြောင့် မန်စီးတီးရဲ့ ချန်ပီယံခရီးလမ်း အဟန့်အတားဖြစ်မလား (မန်စီးတီး – ဗီလာ ပွဲကြိုသုံးသပ်ချက်)
[UNICODE] မန်စီးတီး – ဗီလာ (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)
ht-Xs-UUF8ujj5-Hu3mmz-Tfje
IMAGE: GOAL
ပရီးမီးယားလိဂ် ရာသီသိမ်းပွဲစဉ်တွေထဲမှာ ပရိသတ်တွေ စိတ်ဝင်စားမှုအရှိဆုံး စောင့်ကြည့်ကြမဲ့ ပွဲစဉ်ကတော့ ချန်ပီယံဆုအတွက် အရေးပါဆုံးပွဲစဉ်ဖြစ်တဲ့ မန်စီးတီးနဲ့ ဗီလာတု့ိရဲ့ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဗီလာနည်းပြဂျရတ်အနေနဲ့ သူ့အသင်းဟောင်းအတွက် ဘယ်လောက်အထိ တားဆီးပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရမှာပါ။
01g2j8y1hn0awdwjhp3x
IMAGE: GOAL
မန်စီးတီးကတော့ ဒီရာသီတစ်လျှောက်ဆံးု တည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့ပြီး နောက်ကဖိအားလိုက်ပေးနေတဲ့ လီဗာပူးက တော်တော်လေး ကောင်းလွန်းနေလို့သာနောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတာပါ။
01g3g806zpf8w5rgjay2
IMAGE: GOAL
ပြီးခဲ့တဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ မန်စီးတီးတို့ မထင်မှတ်ဘဲ ခြေချော်ခဲ့ပေမဲ့ ဒါကလည်း မာရက်ဇ်ရဲ့ ပင်နယ်တီလွဲခဲ့တဲ့ ကံဇာတာကြောင့်လည်း ပါပါတယ်။ ပုံမှန်အားဖြင့်လည်း မန်စီးတီးက ဒီရာသီ ခြေချော်ခဲ့တဲ့ပွဲစဉ်တွေကအဝေးကွင်းမှာများပြီး အိမ်ကွင်းမှာတော့ မန်စီးတီးတို့ စိတ်ချရပါတယ်။
1396110578-0
IMAGE: GOAL
မန်စီးတီးတို့ ဒီရာသီ အိမ်ကွင်း ၁၈ ပွဲကစားခဲ့ရာမှာ ၁၄ ပွဲအနိုင်ရရှိခဲ့ပြီး ၂ ပွဲသရေကျကာ ၂ ပွဲအရေးနိမ့်ထားခဲ့ပါတယ်။ မန်စီးတီးရဲ့ အိမ်ကွင်း တိုက်စစ်အားကလည်း ကောင်းမွန်မှုရှိပြီး နောက်ဆုံးကစားခဲ့တဲ့ပရီးမီးယားလိဂ် အိမ်ကွင်း ၅ ပွဲမှာ တိုက်စစ်က ၁၉ ဂိုး အထိသွင်းယူနိုင်ခဲ့ပါတယ်။
16531189966236
IMAGE: GOAL
ဗီလာအတွက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိတော့ဘဲ နည်းပြက ဂျရတ်ဖြစ်နေလို့သာ ဒီပွဲက ဇာတ်ရှိန်ပိုမြင့်တက်နေတာပါ။ ကော်တင်ဟို၊ ဝက်ကင်စ်၊ ဒန်နီအင့်စ်တို့နဲ့ ဗီလာရဲ့ တိုက်စစ်စုဖွဲ့မှုက အားရစရာကောင်းပေမဲ့ခံစစ်ပိုင်းကတော့ ဆိုးရွားလွန်းပြီး အသင်းလိုက်ဟန်ချက် မညီပါဘူး။
Aston-Villa-v-Man-Utd-F365-3
IMAGE: GOAL
ဗီလာတိုက်စစ်က မန်စီးတီးနောက်တန်းကို ဒုက္ခပေးနိုင်တယ်ဆိုပေမဲ့ အသင်းနှစ်သင်းကြား ရည်မှန်းချက်ခြင်း ကွာခြားသလို၊ ခြေစွမ်းပိုင်းချင်းလည်း ခြားနားပါတယ်။ လက်ရှိမှာလည်း ဗီလာတို့ရလဒ်ဆိုးရွားနေပြီးနောက်ဆုံး ၃ ပွဲ ဆက်နိုင်ပွဲ ပျောက်ထားပါတယ်။
riyad-mahrez-of-manchester-city-and-douglas-luiz-of-aston-villa-jpg-242310155
IMAGE: GOAL
ဒါပေမဲ့ ဗီလာဟာ အသင်းကြီးတွေနဲ့ ရင်ဆိုင်ရတဲ့ပွဲတွေမှာ ရုန်းအားကောင်းပြီး ခြေစွမ်းပိုင်း မာကျောခဲ့တာ တွေ့ရပါတယ်။ ဂျရတ်အနေနဲ့မန်စီးတီးကို အကောင်းဆုံး ဟန့်တားသွားမယ်လို့ ပြောထားပါတယ်။ ဒါကြောင့်မန်စီးတီး အနိုင်ရမှာဖြစ်ပေမဲ့ ဗီလာရဲ့ ရုန်းအားကြောင့် ဂိုးပြတ်ဖို့တော့ ခက်ပါလိမ့်မယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်စီးတီး ၂-၁ ဗီလာ
[ZAWGYI] မန်စီးတီး – ဗီလာ (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)
IMAGE: GOAL
IMAGE: GOAL
မန်စီးတီးကတော့ ဒီရာသီတစ်လျှောက်ဆံုး တည်ငြိမ်တဲ့ ခြေစွမ်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းကို ပြသထားနိုင်ခဲ့ပြီး နောက်ကဖိအားလိုက်ပေးနေတဲ့ လီဗာပူးက တော်တော်လေး ကောင်းလွန်းနေလို့သာနောက်ဆုံးပွဲစဉ်အထိ ချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေတာပါ။
IMAGE: GOAL
1396110578-0
IMAGE: GOAL
16531189966236
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!