21-May-2022 အာဆင်နယ် သတင်းများ
[UNICODE]
berbatov
IMAGE: GOAL
⚽ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဘာဘာတော့ဗ်ကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အပြိုင်ဖြစ်နေတဲ့ အာဆင်နယ်နဲ့ စပါးတို့အနေနဲ့ ရာသီပိတ်ပွဲစဉ်မှာ နိုင်ပွဲကိုယ်စီ ရှာဖွေနိုင်မယ်လို့ ခန့်မှန်းခဲ့ပါတယ်။အာဆင်နယ်က အိမ်ကွင်းမှာ အဲဗာတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိမှာဖြစ်ပြီး စပါးက နော့ဝှစ်ချ်ကို အဝေးကွင်းမှာ ဝ-၃ ဂိုးနဲ့ အနိုင်ရမယ်လို့ ဘာဘာတော့ဗ်က ခန့်မှန်းခဲ့တာပါ။
gabriel-jesus-1
IMAGE: GOAL
⚽ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင်က အာဆင်နယ်အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ရင် ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးတွေကို ခေါ်ယူဖို့ရာ ခက်ခဲနိုင်ကြောင်း၊ ချန်ပီယံလိဂ်ဝင်ခွင့် မရရင်အသင်းကို ကစားသမားတော်တော်များများက မပြောင်းချင်ကြကြောင်း ဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ လက်ရှိမှာ မန်စီးတီးတိုက်စစ်မှူးဂျေဇူးနဲ့ အဲဗာတန်တိုက်စစ်မူှး လီဝင်တို့ကို အဓိက ပစ်မှတ်ထားလျက် ရှိနေပါတယ်။
Getty-Images-1240626714-4
IMAGE: GOAL
⚽ အာဆင်နယ် ကစားသမားဟောင်း ကီဗင်ကမ်းဘဲလ်က အာဆင်နယ်အနေနဲ့ အသင်းကို အပြောင်းအလဲတွေ ပြုလုပ်ဖို့အတွက် နွေရာသီမှာ ကစားသမား ၈ ဦးခန့်ခေါ်ယူဖို့ လိုအပ်နေကြောင်း၊ ဥရောပတွေကစားရတဲ့အခါ အရန်အင်အားလည်း တောင့်တင်းဖို့ လိုအပ်ကြောင်း၊ လက်ရှိအချိန်မှာ အာဆင်နယ်ရဲ့ လူစာရင်းဟာ လုံလောက်မှု မရှိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
⚽ အဆင့် ၄ မျှော်လင့်ချက် မှေးမှိန်နေပေမဲ့ အာဆင်နယ်ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ်ဆီးမန်းကတော့ နည်းပြ အာတီတာဘက်က ကာကွယ်ခဲ့ပါတယ်။ အာတီတာဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့နည်းပြလို့ခံစားရဆဲဖြစ်ကြောင်း၊ လေ့ကျင့်ရေးမှာ သူလုပ်ဆောင်နေတဲ့အရာတွေ၊ နည်းပြနည်းစနစ်တွေက ကောင်းမွန်ကြောင်း ဆီးမန်းက ဖွင့်ဟခဲ့ပါတယ်။
Getty-Images-1240636759
IMAGE: GOAL
⚽ အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာအနေနဲ့ စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းချုပ်ဆိုမှသာ စာချုပ်သက်တမ်း တိုးမြှင့်မယ်လို့ အာဆင်နယ်ကို အကြပ်ကိုင်ထားကြောင်း Daily Mail က ဖော်ပြထားပါတယ်။ဆာကာဟာ လတ်တလောမှာ အသင်းမှာ ပျော်ရွှင်နေပေမဲ့ မသေချာတဲ့ အနာဂတ်မှာ အသင်းကနေ ထွက်ခွာရင် ထွက်ခွာရတာမျိုး အလိုရှိနေတာပါ။
Getty-Images-1397608647
IMAGE: GOAL
⚽ အာဆင်နယ်နည်းပြ အာတီတာက အသင်းဖော်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့လို့အပြစ်ပြောခံနေရတဲ့ ကွင်းလယ်လူ ဂျာကာဘက်ကနေ ကာကွယ်ခဲ့ပါတယ်။ “ဂျာကာရဲ့ စကားနဲပတ်သက်ပြီး အဝတ်လဲခန်းထဲမှာဘယ်သူ့မှ ဘယ်လိုမှ မမြင်ကြပါဘူး။ မီဒီယာတွေရှေ့မှာ စကားပြောခွင့်ရတဲ့ ကစားသမားတွေအနေနဲ့ ကိုယ်စိတ်ထဲ ရှိတဲ့အတိုင်း ပြောသင့်ပါတယ်”လို့ အာတီတာက ဆိုခဲ့ပါတယ်။
Nuno-Tavares-Arsenal-Manchester-United
IMAGE: GOAL
⚽ အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်က ဒီရာသီမှာ ဝေဖန်မှုတွေ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နောက်ခံလူ တာဗာရက်စ်က လေ့ကျင့်ရေးကွင်းမာ ကန်ချက်အပြင်းဆုံးအဖြစ်ကြောင်း၊ ကိုက် ၄၀ အကွာက တာဗာရက်စ်ရဲ့ညာခြေ၊ ဘယ်ခြေကန်ချက်ဟာ ပြင်းထန်လွန်းကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
Paulo-Dybala-Juventus
IMAGE: GOAL
⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူဖို့ ဆက်သွယ်လျက်ရှိနေတယ်လို့ ESPN ကဖော်ပြထားပါတယ်။ အဓိက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဂျေဇူးအတွက်မန်စီးတီးဘက်က ပေါင် ၅၅ သန်း တောင်းဆိုတာကြောင့် အာဆင်နယ်ဟာ ဒိုင်ဘာလာဘက်ကို မြားဦးလှည့်လာခဲ့တာပါ။
[ZAWGYI]
berbatov
IMAGE: GOAL
gabriel-jesus-1
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
IMAGE: GOAL
Paulo-Dybala-Juventus
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!