21-May-2022 ပွဲကြိုသုံးသပ်ချက်နှင့် ပရီးမီးယားလိဂ်သတင်းများ

[UNICODE] ပီအက်စ်ဂျီ – မက်ဇ် ( ည ၁:၃၀)

01g3ejmscdz565ey44e8
IMAGE: GOAL

နှစ်သင်းစလုံးအတွက် အရေးမပါတော့တဲ့ပွဲဖြစ်ပြီး ပီအက်စ်ဂျီက ချန်ပီယံဖြစ်သွားပြီဖြစ်သလို မက်ဇ်ကလည်း တန်းဆင်းပြီးသားအသင်းပါ။ မက်ဇ်တို့ နောက်ဆုံး ၂ ပွဲဆက် အနိုင်ရရှိခဲ့ပေမဲ့ ပီအက်စ်ဂျီနဲ့ မက်ဇ်အကြားခြေစွမ်းပိုင်း ကွာဟချက်က ကြီးမားပါတယ်။ အိမ်ကွင်း ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို ပီအက်စ်ဂျီတို့ အဆုံးသတ်သွားပြီး ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ရှာဖွေနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ပီအက်စ်ဂျီ ၃-၀ မက်ဇ်

ဖီအိုရင်တီးနား – ဂျူဗင်တပ် ( ည ၁:၁၅)

Fiorentina-Vs-Juventus-Preview-And-Predictions
IMAGE: GOAL

ဂျူဗင်တပ်က ရမှတ်လိုအပ်ချက် မရှိတော့ပြီးနောက် စီးရီးအေမှာ အာရုံစိုက်မှုာအားနည်းနေပြီး ရလဒ်မျိုးစုံထွက်နေပါတယ်။ ဖီအိုရင်တီးနားက ဥရောပဝင်ခွင့်နေရာအတွက် ရမှတ်လိုအပ်ချက်ရှိနေသေးပြီး အိမ်ကွင်းကစားအားကလည်း ကောင်းပါတယ်။ ဖီအိုတို့ နောက်ဆုံး အိမ်ကွင်း ၅ ပွဲမျာ ၄ ပွဲအထိ အနိုင်ရရှိခဲ့တာပါ။ ဒ ါကြောင့် ဒီပွဲမှာ ဂျူဗင်တပ်ကို မေ့ထားချင်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဖီအို ၂-၁ ဂျူဗင်တပ်

1398156291-0
IMAGE: GOAL

⚽ လီဗာပူးနောက်ခံလူ အာနိုးလ်က သူတို့အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ်ဖလားကို မရယူနိုင်ခဲ့ရင်တောင်မှ သမိုင်းတစ်လျှောက် အကောင်းဆုံးရာသီတွေထဲက တစ်ရာသီကို ပိုင်ဆိုင်ထားကြောင်း၊ သူတို့အနေနဲ့ဒီရာသီမှာ ပြိုင်ပွဲစုံပုံစံကောင်းပြခဲ့ပြီး ဖလားစုံမှန်သမျှ နောက်ဆုံးပွဲစဉ်အထိ တိုက်ပွဲဝင်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။

brazil-international-renan-lodi-on-the-ball-for-atletico-madrid-in-champions-league-game
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိုဘယ်နောက်ခံလူ လိုဒီကို ခေါ်ယူဖို့ စောင့်ကြည့်လျက်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။ အက်သလက်နည်းပြ ဆီမြွှန်နီအနေနဲ့အပြောင်းအရွှေ့ ဘတ်ဂျက်ရရှိအောင် ၂၄ နှစ်အရွယ် နောက်ခံလူကို ရောင်းထုတ်လိုနေပြီး ချဲလ်ဆီးက ချီဝဲလ်ရဲ့အရန်အဖြစ် ခေါ်ယူလိုနေတာပါ။

David-Alaba-1
IMAGE: GOAL

⚽ ရီးရဲမက်ဒရစ်နည်းပြ အန်ဆယ်လော့တီက လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားမဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နောက်ခံလူ အလာဘာအနေနဲ့ ရာနှုန်းပြည့် ကစားနိုင်မှာဖြစ်ကြောင်း၊ အလာဘာဟာ ဧပြီ ၂၆ ရက်နေ့ကတည်းကပွဲကစားထားရပေမဲ့ အတွေ့အကြုံရှိပြီး စကေးကောင်းသူဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Mikel-Arteta-Arsenal-Tottenham-2021-22
IMAGE: GOAL

⚽ အာဆင်နယ်နည်းပြ အာတီတာက သူတို့အနေနဲ့ ဒီရာသီမှာ အဆင့် ၅ နေရာရလည်း အပေါင်းလက္ခဏာဆောင်တယ်လို့ သတ်မှတ်နိုင်ကြောင်း၊ ဒီနှစ်လအတွင်း သူတို့ရဲ့ ရည်မှန်းချက်တွေ မပြည့်ဝခဲ့ပေမဲ့ တစ်ရာသီလုံးခြုံကြည့်ရင်တော့ သူတို့အသင်းဟာ တိုးတက်လာခဲ့ကြောင်း၊ သူတို့ဟာ သန်မာတဲ့အသင်းဖြစ်လာပြီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

Pep-Guardiola-Man-City-F3652
IMAGE: GOAL

⚽ မန်စီးတီးနည်းပြ ဂွါဒီယိုလာကတော့ အသင်းရဲ့ပရိသတ်တွေနဲ့ အပြုအမူပိုင်းနဲ့ ပတ်သက်ပြီး ကြိုတင် သတိပေးသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဖလားကို ရယူနိုင်ခဲ့ရင် အသင်းပရိသတ်တွေအနေနဲ့ အပြုအမူပိုင်းသတိထားသင့်ကြောင်း၊ ဂူဒီဆင်ပတ်ခ်နဲ့ ချန်ပီယံရှစ်ပလေးဖ်အော့ ဆီမီးဖိုင်နယ်မှာ ပရိသတ်များစွာ ကွင်းထဲဝင်လာပြီး အန္တရာယ်များတဲ့ အခြေအနေမျိုးတွေ ဖန်တီးခဲ့ကြောင်း ဂွါဒီယိုလာက သတိပေးခဲ့ပါတယ်။

TALKSPORT-SPURS-MANUN
IMAGE: GOAL

⚽ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ကီဗင်ကမ်းဘဲလ်ကတော့ မန်ယူအနေနဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူပြီး စီရော်နယ်ဒိုနဲ့ တိုက်စစ်မှာ တွဲဖက် ကစားခိုင်းသင့်ကြောင်း၊ ကိန်းဟာ စွယ်စုံရကစားသမားဖြစ်ပြီး သူ့ရဲ့ပေးပို့မှုတွေ၊ ရွေ့လျားမှုတွေက စီရော်နယ်ဒိုကို ကူညီနိုင်မှာဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

[ZAWGYI] ပီအက္စ္ဂ်ီ – မက္ဇ္ ( ည ၁:၃၀)

01g3ejmscdz565ey44e8
IMAGE: GOAL

ႏွစ္သင္းစလံုးအတြက္ အေရးမပါေတာ့တဲ့ပြဲျဖစ္ၿပီး ပီအက္စ္ဂ်ီက ခ်န္ပီယံျဖစ္သြားၿပီျဖစ္သလို မက္ဇ္ကလည္း တန္းဆင္းၿပီးသားအသင္းပါ။ မက္ဇ္တို႔ ေနာက္ဆံုး ၂ ပြဲဆက္ အႏုိင္ရရွိခဲ့ေပမဲ့ ပီအက္စ္ဂ်ီနဲ႔ မက္ဇ္အၾကားေျခစြမ္းပိုင္း ကြာဟခ်က္က ႀကီးမားပါတယ္။ အိမ္ကြင္း ၂ ပြဲဆက္ ႏုိင္ပြဲေပ်ာက္ဆံုးမႈကို ပီအက္စ္ဂ်ီတုိ႔ အဆံုးသတ္သြားၿပီး ဂိုးျပတ္ႏုိင္ပြဲတစ္ပြဲ ရွာေဖြႏုိင္မွာပါ။ ျဖစ္ႏိုင္ဖြယ္ရလဒ္: ပီအက္စ္ဂ်ီ ၃-၀ မက္ဇ္

ဖီအုိရင္တီးနား – ဂ်ဴဗင္တပ္ ( ည ၁:၁၅)

Fiorentina-Vs-Juventus-Preview-And-Predictions
IMAGE: GOAL

ဂ်ဴဗင္တပ္က ရမွတ္လိုအပ္ခ်က္ မရွိေတာ့ၿပီးေနာက္ စီးရီးေအမွာ အာရုံစိုက္မႈာအားနည္းေနၿပီး ရလဒ္မ်ိဳးစံုထြက္ေနပါတယ္။ ဖီအုိရင္တီးနားက ဥေရာပ၀င္ခြင့္ေနရာအတြက္ ရမွတ္လိုအပ္ခ်က္ရွိေနေသးၿပီး အိမ္ကြင္းကစားအားကလည္း ေကာငး္ပါတယ္။ ဖီအိုတို႔ ေနာက္ဆံုး အိမ္ကြင္း ၅ ပြဲမ်ာ ၄ ပြဲအထိ အႏုိင္ရရွိခဲ့တာပါ။ ဒ ါေၾကာင့္ ဒီပြဲမွာ ဂ်ဴဗင္တပ္ကို ေမ့ထားခ်င္ပါတယ္။ ျဖစ္ႏိုင္ဖြယ္ရလဒ္: ဖီအို ၂-၁ ဂ်ဴဗင္တပ္

1398156291-0
IMAGE: GOAL

⚽ လီဗာပူးေနာက္ခံလူ အာႏုိးလ္က သူတုိ႔အေနနဲ႔ ဒီရာသီမွာ ပရီးမီးယားလိဂ္ဖလားကို မရယူႏုိင္္ခဲ့ရင္ေတာင္မွ သမုိင္းတစ္ေလွ်ာက္ အေကာငး္ဆံုးရာသီေတြထဲက တစ္ရာသီကို ပိုင္ဆုိင္ထားေၾကာငး္၊ သူတုိ႔အေနနဲ႔ဒီရာသီမွာ ၿပိဳင္ပြဲစံုပံုစံေကာငး္ျပခဲ့ၿပီး ဖလားစံုမွန္သမွ် ေနာက္ဆံုးပြဲစဥ္အထိ တုိက္ပြဲ၀င္ခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

brazil-international-renan-lodi-on-the-ball-for-atletico-madrid-in-champions-league-game
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ အက္သလက္တီကိုဘယ္ေနာက္ခံလူ လိုဒီကို ေခၚယူဖို႔ ေစာင့္ၾကည့္လ်က္ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚလ်က္ ရွိေနပါတယ္။ အက္သလက္နည္းျပ ဆီျမႊန္နီအေနနဲ႔အေျပာင္းအေရႊ႕ ဘတ္ဂ်က္ရရွိေအာင္ ၂၄ ႏွစ္အရြယ္ ေနာက္ခံလူကို ေရာင္းထုတ္လိုေနၿပီး ခ်ဲလ္ဆီးက ခ်ီ၀ဲလ္ရဲ႕အရန္အျဖစ္ ေခၚယူလိုေနတာပါ။

David-Alaba-1
IMAGE: GOAL

⚽ ရီးရဲမက္ဒရစ္နည္းျပ အန္ဆယ္ေလာ့တီက လီဗာပူးနဲ႔ ယွဥ္ၿပိဳင္ကစားမဲ့ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ေနာက္ခံလူ အလာဘာအေနနဲ႔ ရာႏႈန္းျပည့္ ကစားႏုိင္မွာျဖစ္ေၾကာငး္၊ အလာဘာဟာ ဧၿပီ ၂၆ ရက္ေန႔ကတည္းကပြဲကစားထားရေပမဲ့ အေတြ႕အႀကံဳရွိၿပီး စေကးေကာငး္သူျဖစ္ေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

Mikel-Arteta-Arsenal-Tottenham-2021-22
IMAGE: GOAL

⚽ အာဆင္နယ္နညး္ျပ အာတီတာက သူတို႔အေနနဲ႔ ဒီရာသီမွာ အဆင့္ ၅ ေနရာရလည္း အေပါင္းလကၡဏာေဆာင္တယ္လို႔ သတ္မွတ္ႏုိင္ေၾကာငး္၊ ဒီႏွစ္လအတြင္း သူတုိ႔ရဲ႕ ရည္မွန္းခ်က္ေတြ မျပည့္၀ခဲ့ေပမဲ့ တစ္ရာသီလံုးၿခံဳၾကည့္ရင္ေတာ့ သူတို႔အသင္းဟာ တုိးတက္လာခဲ့ေၾကာငး္၊ သူတုိ႔ဟာ သန္မာတဲ့အသင္းျဖစ္လာၿပီျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။

Pep-Guardiola-Man-City-F3652
IMAGE: GOAL

⚽ မန္စီးတီးနည္းျပ ဂြါဒီယိုလာကေတာ့ အသင္းရဲ႕ပရိသတ္ေတြနဲ႔ အျပဳအမူပိုင္းနဲ႔ ပတ္သက္ၿပီး ႀကိဳတင္ သတိေပးသြားခဲ့ပါတယ္။ ပရီးမီးယားလိဂ္ဖလားကို ရယူႏုိင္ခဲ့ရင္ အသင္းပရိသတ္ေတြအေနနဲ႔ အျပဳအမူပိုင္းသတိထားသင့္ေၾကာငး္၊ ဂူဒီဆင္ပတ္ခ္နဲ႔ ခ်န္ပီယံရွစ္ပေလးဖ္ေအာ့ ဆီမီးဖိုင္နယ္မွာ ပရိသတ္မ်ားစြာ ကြင္းထဲ၀င္လာၿပီး အႏၱရာယ္မ်ားတဲ့ အေျခအေနမ်ိဳးေတြ ဖန္တီးခဲ့ေၾကာင္း ဂြါဒီယိုလာက သတိေပးခဲ့ပါတယ္။

TALKSPORT-SPURS-MANUN
IMAGE: GOAL

⚽ ေဘာလံုးေ၀ဖန္သူအျဖစ္ေဆာင္ရြက္ေနတဲ့ ကီဗင္ကမ္းဘဲလ္ကေတာ့ မန္ယူအေနနဲ႔ စပါးတုိက္စစ္မွဴး ဟယ္ရီကိန္းကို ေခၚယူၿပီး စီေရာ္နယ္ဒိုနဲ႔ တုိက္စစ္မွာ တြဲဖက္ ကစားခိုင္းသင့္ေၾကာင္း၊ ကိန္းဟာ စြယ္စံုရကစားသမားျဖစ္ၿပီး သူ႔ရဲ႕ေပးပုိ႔မႈေတြ၊ ေရြ႕လ်ားမႈေတြက စီေရာ္နယ္ဒိုကို ကူညီႏုိင္မွာျဖစ္ေၾကာင္း တုိက္တြန္းခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!