အသင်းကြီးတွေရဲ့သွေးကိုမှ ပိုပြီးတပ်မက်တတ်တဲ့ သိမ်းငှက်ကြောင့် နလန်မထူနိုင်တော့မဲ့ မန်ယူ ( ပဲလေ့စ် – မန်ယူ ပွဲကြိုသုံးသပ်ချက်)

[UNICODE] ပဲလေ့စ် – မန်ယူ (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)

01g2fm58c4krqf4eda5q
IMAGE: GOAL

ပရီးမီးယားလိဂ်နောက်ဆုံးပိတ် ပွဲစဉ်တွေမှာတော့ ဗီအဲရာရဲ့ ပဲလေ့စ်နဲ့ အထည်ကြီးပျက် မန်ချက်စတာယူနိုက်တက်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ် ။ပဲလေ့စ်ဟာ အဆင့် ၁၀ အတွင်းဝင်ရောက်ရေးအတွက် မျှော်လင့်ချက် ရှိနေသေးသလို မန်ယူကလည်း ယူရိုပါလိဂ်ဝင်ခွင့် သေချာစေရေးအတွက် ရမှတ်လိုနေပါသေးတယ်။

3365773-68795728-2560-1440
IMAGE: GOAL

ဒီရာသီကတော့ ဗီအဲရာရဲ့ပဲလေ့စ်အတွက် ပုံစံကောင်း ပြသခဲ့တဲ့ ရာသီလို့ ဆိုရမှာပါ။ ပဲလေ့စ်ဟာ ဒီရာသီမှာ မာကျောတဲ့အသင်းတစ်သင်းအဖြစ် ရှုမြင်ခံထားရပြီး အထူးသဖြင့် အသင်းကြီးတွေနဲ့ တွေ့ဆုံရာမှာဒုက္ခပေးစွမ်းနိုင်ပြီး အဆိပ်ရှိလှတဲ့အသင်းပါ။

Crystal-Palace-1-0-Watford
IMAGE: GOAL

ပဲလေ့စ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ၃၇ ပွဲကစားပြီးခဲ့ချိန်မှာ ၁၀ ပွဲနိုင်၊ ၁၅ ပွဲသရေ၊ ၁၂ ပွဲ အရေးနိမ့်ခဲ့ပြီး ရမှတ် ၄၅ မှတ်နဲ့အဆင့် ၁၃ နေရာမှာ ရပ်တည်နေပြီ းအထက်က နယူးကာဆယ်၊ ဘရန်ဖို့ဒ်၊လက်စတာတို့ခြေချော်ရင် အဆင့် ၁၀ နေရာကို ရယူနိုင်မှာပါ။ ဒါပေမဲ့ အဲဒီ ၃ သင်းစလုံး တစ်ပြိုင်နက် ခြေချော်ဖို့ဆိုတာ ခဲယဉ်းလှပါတယ်။

crystal-palace-vs-united-preview-min
IMAGE: GOAL

အထူးသဖြင့် ဒ ီရာသီမှာ အသင်းကြီးတွေနဲ့ တွေ့ဆုံတဲ့ပွဲမျိုးတွေမှာ ပဲလေ့စ်ရဲ့ ခြေစွမ်းကို မဖြစ်မနေ အသိအမှတ်ပြုရမှာပါ။ အိမ်ကွင်းပွဲစဉ်တွေမှာ ပဲလေ့စ်ဟာ အသင်းကြီးတွေကို ကောင်းကောင်းဒုက္ခပေးနိုင်ခဲ့ပြီးမန်စီးတီးကို သရေ၊ အာဆင်နယ်၊ စပါး တို့ကို အနိုင်ကစားနိုင်ခဲ့ပါတယ်။

diogo-scaled-1
IMAGE: GOAL

မန်ယူအတွက်တော့ ဒီရာသီမှာ ဘာမှ မျှော်လင့်ချင်စရာ မရှိပါဘူး။ ယူရိုပါလိဂ်ဝင်ခွင့်ဆိုတာကလည်း မန်ယူအတွက် မက်မောစရာ မဟုတ်လောက်မဲ့ ဘာဥရောပဝင်ခွင့်မှ မရဘဲ ရာသီသစ်မှာ အသစ်က ပြန်စတာကသူတို့အတွက် ပိုကောင်းပါဦးမယ်။ လက်ရှိမှာလည်း မန်ယူရဲ့ ခြေစွမ်းပိုင်းက ဆိုးရွားလွန်းနေပါတယ်။

manchester-united-v-crystal-palace-premier-league-1-770x514
IMAGE: GOAL

နောက်ဆုံး ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၅ ပွဲမှာ မန်ယူတို့ ဘရန်ဖို့ဒ်နဲ့တစ်ပွဲပဲ မထင်မှတ်ဘဲ အနိုင်ရရှိထားပြီး ၃ ပွဲအရေးနိမ့်ခဲ့ကာ ၁ ပွဲ သရေကျထားပါတယ်။ ဒါကြောင့် လက်ရှိအချိန်မှာ မန်ယူဟာအဖက်ဖက်ကနေ ပျက်သွင်းနေတဲ့အသင်းဖြစ်ပြီး ပဲလေ့စ်ရဲ့မာကျောမှုကို ဘယ်လိုနည်းနဲ့မှ ယှဉ်နိုင်ဖွယ်ရာ ရှိမှာ မဟုတ်ပါဘူး။

Mfiz-PLkcq4-BA2-H6-JMie-Hgg
IMAGE: GOAL

မန်ယူရဲ့ အဝေးကွင်းရလဒ်ပိုင်းက ပိုမိုဆိုးရွားလွန်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း း၅ ပွဲဆက် အရေးနိမ့်ထားခဲ့ပါတယ်။ ဒါကြောင့် စီရော်နယ်ဒိုတစ်ယောက်တည်းနဲ့ ပဲလေ့စ်တစ်သင်းလုံး ကန်တဲ့အနေအထားမှာ ပဲလေ့စ်ကိုပဲ နှစ်သက်မိပါတယ်။ သိမ်းငှက်တို့ရဲ့ ထိုးဆိတ်ခြင်းကို မန်ယူခံရမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ပဲလေ့စ် ၂-၁ မန်ယူ

[ZAWGYI] ပဲလေ့စ် – မန်ယူ (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)

IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


diogo-scaled-1
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!