ဆရာကြီး မိုက်ကယ်အိုဝင်ရဲ့ ရာသီသိမ်းပွဲစဉ်တွေအတွက် အထူးခန့်မှန်း သုံးသပ်ချက်များ
[UNICODE] ချဲလ်ဆီး ၃-၀ ဝက်ဖို့ဒ်
01g3gmzch7yskc03hvd7
IMAGE: GOAL
ကြာသပတေးနေ့တုန်းက ချဲလဆ်ီးအတွက ်စိတ်ပျက်စရာ သရေပွဲပါ။ ချဲလ်ဆီးအတွက် ကွင်းတွင်း၊ ကွင်းပြင်မှာ စိတ်ပျက်ဖွယ်ရာ ရာသီဖြစ်ခဲ့ပြီး ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရယူနိုင်ခဲ့သင့်တာပါ။ ဝက်ဖို့ဒ်ကတော့ ဒီရာသီကို အမြန်ဆုံးပြီးဆုံးချင်နေမှာပါ။ သူတို့ဟာ ဒီရာသီမှာ ပေးဂိုးတွေ အလွန်များခဲ့ပြီး လက်စတာနဲ့ပွဲမှာလည်း ၅ ဂိုးတောင်ထပ်ပြီး ခွင့်ပြုခဲ့ရတယ်။ ဒီပွဲမှာ ချဲလ်ဆီးအတွက် အိမ်ကွင်းမှာ နိုင်ပွဲတစ်ပွဲကို သက်သောင့်သက်သာ ဖော်ဆောင်နိုင်မှာပါ။
ဘန်လေ ၁-၁ နယူးကာဆယ်
3x3u8-MZm5-Pw-Ffb-Vb4p-Bi4f
IMAGE: GOAL
ဘန်လေက ဗီလာပတ်ခ်မှာ တစ်မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲက နယူးရဲ့ စွမ်းဆောင်ရည်ကတော့ အံ့မခန်းပါပဲ။ ပရိသတ်တွေရဲ့အားပေးမှု အားရစရာကောင်းသလို ကွင်းအတွင်းမှာ ကစားသမားတွေရဲ့ ခွန်အားကလည်း အပြည့်ပါပဲ။ သရေတစ်မှတ်က ဘန်လေအတွက် တန်းမဆင်းရဖို့အတွက် လုံလောက်နိုင်ပါတယ်။ အိမ်ကွင်းပရိသတ်အားလည်း ရှိနေတဲ့အတွက် ဒီပွဲကို ၁-၁ သရေကျွန်တော် ခန့်မှန်းပါတယ်။
လက်စတာ ၂-၀ ဆောက်သမ်တန်
861a9-16529641158513-1920
IMAGE: GOAL
လက်စတာကတော့ ပုံစံကောင်း ပြန်ပြလာနေပြီး မက်ဒီဆန်နဲ့ ဗာဒီတို့လို ကစားသမားတွေကလည်း ပုံစံကောင်း ပြနေပါတယ်။ ဆောက်သမ်တန်ရဲ့ ပုံစံကတော့ တော်တော်ဆိုးဆိုးပါ။ သူတို့ဟာ အင်္ဂါနေ့မှာ လီဗာပူးကို ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အရေးနိမ့်ခဲ့ပေမဲ့ ပွဲအဖြေကို ပြောင်းလဲနိုင်ခဲ့တဲ့အသင်းက လီဗာပးူပါ။ ဒီပွဲမှာတော့ လက်စတာကိုပဲ ကျွန်တော် နှစ်သက်မိပါတယ်။ ၂-၀ ဂိုးလော်ကနဲ့ အနိုင်ရရှိသွားမှာပါ။
ဘရန်ဖို့ဒ် ၂-၁ လိဒ်စ်
CR-Brentford-20056367
IMAGE: GOAL
အဲဗာတန်က အနီကတ် ၂ ကတ်ထိခဲ့ပေမဲ့ ဂူဒီဆင်ပတ်ခ်က ဘရန်ဖို့ဒ်ရဲ့ပုံစံကို ကျွန်တော် နှစ်သက်ပါတယ်။ တန်းဆင်းဇုန်တိုက်ပွဲဝင်နေရတဲ့ အသင်းတစ်သင်းနဲ့ ကစားရတာ မလွယ်ကူလှဘဲ သူတို့က ဘောလုံးကို ကိုင်ကစားနိုင်ခဲ့ပါတယ်။ လိဒ်စ်နဲ့ပတ်သက်ပြီး ဒီရာသီမှာ ကျွန်တော်အစိုးရိမ်ဆုံးက တိုက်စစ်က သွင်းဂိုးတွေကင်းမဲ့နေတာပါပဲ။ လိဒ်စ်ဟာ ဂိုးတွေအများကြီး ခွင့်ပြုခဲ့ရပေမဲ့ တိုက်စစ်ကတော့ ဂိုးပြန်မသွင်းနိုင်ပါဘူး။ ဒီတော့ လိဒ်စ်အနေနဲ့ ဘရန်ဖို့ဒ်ကို ဂိုးမပေးရနိုင်မလားဆိုတာ ကျွန်တော ်သံသယဖြစ်မိပါတယ်။ ဘရန်ဖို့ဒ်ပဲ ၂-၁ နဲ့ နိုင်သွားမှာပါ။
မန်စီးတီး ၃-၁ ဗီလာ
manchester-city-vs-aston-villa-2022-05-22
IMAGE: GOAL
မန်စီးတီးဟာ ဝက်စ်ဟမ်းနဲ့ပွဲကတည်းက ချန်ပီယံဆုအတွက် အဖြတ်ဖြစ်သင့်ခဲ့တာပါ။ သူတို့အနေနဲ့ မာရက်ဇ်ပင်နယ်တီ လွဲခဲ့တဲ့အတွက် နောင်တရနေမယ် မထင်ပါဘူး။ မန်စီးတီးဟာ ပုံမှန်အားဖြင့် အိမ်ကွင်းအားကောင်းတဲ့အသင်းဖြစ်ပြီး ဒီဘရိုင်း၊ ဆေးလ်ဗားတို့ကလည်း ပုံစံကောင်း ပြနေပါတယ်။ ဗီလာက တိုက်စစ်မှာ အရည်အသွေးမြင့် ကစားသမားတွေရှိနေပြီး မန်စီးတီးကို ဒုက္ခပေးစွမ်းနိုင်ပါတယ်။ ဒါပေမဲ့ ဗီလာနောက်တန်းက စိုးရိမ်စရာဖြစ်ပြီး မန်စီးတီး ဂိုးတွေသွင်းနိုင်မှာပါ။ မန်စီးတီးအနေနဲ့ ခြေချော်မှာ မဟုတ်ဘဲ ဂိုးတွေလည်း သွင်းနိုင်မှာပါ။
လီဗာပူး ၃-၀ ဝုဖ်
skysports-liverpool-wolves-5775322
IMAGE: GOAL
လတ်တလောအတွင်း လီဗာပူးပြသနေတဲ့ စိတ်ဓာတ်ပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်အလွန်အထင်ကြီးမိပါတယ်။ အက်ဖ်အေဖလားကို ရယူနိုင်ခဲ့တာ၊ နောက်ဆုံးရက်အထိ ချန်ပီယံပြေးလမ်းကြောင်းပေါ်မှာ တည်ရှိနေပါတယ်။ သူတို့ဟာ သူတို့အလုပ်ကို အကောင်းဆုံးလုပ်ဆောင်နေပြီး အီတီဟတ်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ။ ဝုဖ်က ရာသီအဆုံးသတ်မှာ ဆိုးရွားလှတဲ့ နောက်တစ်သင်းပါ။ သူတို့ဟာ ခရစ္စမတ်ကာလမှာ ခြေစွာခဲ့ပေမဲ့ အဲဒီနောက်ပိုင်း ပုံစံကောင်း ပျောက်သွားခဲ့ပါတယ်။ ဒီပွဲမှာတော့ လီဗာပူးကို ကျွန်တော်ရွေးချယ်လိုပါတယ်။ သူတို့အနေနဲ့ ဒီပွဲမှာ အနိုင်ကလွဲပြီး တခြားမရှိဘဲ မန်စီးတီးကို ဖိအားပေးမှာပါ။
ဘရိုက်တန် ဝ-၁ ဝက်စ်ဟမ်း
Soi-keo-Brighton-vs-West-Ham
IMAGE: GOAL
ဘရိုက်တန်က လိဒ်စ်နဲ့ပွဲမှာ ကစားပုံကောင်းခဲ့ပြီး ဝဲလ်ဘတ်ရဲ့ အဆုံးသတ်ကလည်း နှစ်သက်ဖွယ်ရာပါ။ ဒီအသင်းက စုဖွဲ့မှုကောင်းပြီး ရပ်တည်မှု မြင့်မြင့်မှာ ရှိနေနိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်က မန်စီးတီးနဲ့ပွဲမှာ ဝက်စ်ဟမ်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ ဘိုဝင်က စူပါစတားဖြစ်လာပြီး ဒီရာသီတစ်လျှောက်လုံး ကျွန်တော် ပြောခဲ့သလို သူက ကောင်းသထက် ကောင်းလာပါတယ်။ ဒီပွဲမှာ ဝက်စ်ဟမ်းကို ကျွန်တော် နှစ်သက်ပါတယ်။
နော့ဝှစ် ဝ-၂ စပါး
tottenham-hotspur-v-burnley-premier-league-1-scaled
IMAGE: GOAL
နော့ဝှစ်ချ်ဟာ ဝုဖ်နဲ့ပွဲမှာ တစ်မှတ်ရခဲ့ေပေမဲ့ အခါနှောင်းသွားခဲ့ပါပြီ။ နော့ဝှစ်ချ်အနေနဲ့ လာမဲ့ရာသီမှာ ပရီးမီးယားလိဂ်ကို ချက်ချင်း ပြန်လာနိုင်ရင်လည်း ကျွန်တော် မအံ့သြပါဘူး။ စပါးကတော့ အဆင့်လေးဝင်ခွင့်က သူတို့လက်ထဲမှာ ရှိနေပြီး သေချာပေါက် ခြေချော်ခံမှာ မဟုတ်ပါဘူး။ သရေတစ်မှတ်ကတောင် စပါးအတွက် လုံလောက်နေပေမဲ့ ဒီပွဲကို အနိုင်ကစားမယ်လို့ ထင်ပါတယ်။
အာဆင်နယ် ၂-၁ အဲဗာတန်
Untitled
IMAGE: GOAL
လတ်တလောမှာ အာဆင်နယ် ဖြစ်ပျက်သွားတာတွေကို မယုံနိုင်ပါဘူး။ ဒီတစ်ရာသီလုံးနီးပါး အဆင့်လေးနေရာက သူတို့လက်ထဲမှာ ရှိနေပြီး ရာသီအဆုံးသတ်ပိုင်းမှ ခြေချော်သွားတာ စိတ်ပျက်စရာပါ။ နယူးနဲ့ပွဲက စွမ်းဆောင်ရည်ကတော့ စိတ်ပျက်စရာပါ။ အဲဗာတန်ကလည်း ကြာသပတေးနေ့မှာ မယုံနိုင်စရာကောင်းတဲ့ ရလဒ်မျိုး ပိုင်ဆိုင်ခဲ့ပါတယ်။ အဲဗာတန်ရဲ့ Comeback က အံ့ဖွယ်ဖြစ်ပြီး အခုတော့ စိတ်ချရပါပြီ။ ဒီပွဲမှာတော့ အာဆင်နယ်ပဲ နိုင်မယ် ထင်ပါတယ်။
ပဲလေ့စ် ၂-၁ မန်ယူ
Whats-App-Image-2022-05-20-at-10-05-47-PM
IMAGE: GOAL
ဂူဒီဆင်ပတ်ခ်မှာ ဒုတိယပိုင်းမှာ ပဲလေ့စ် ဘာဖြစ်သွားသလဲဆိုတာ ကျွန်တော် မသိပါဘူး။ သူတို့ဟာ ပွဲကိုထိန်းချုပ်ထားနိုင်ပေမဲ့ အဲဗာတန်က ပြန်လာနိုင်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ ပွဲမကစားရတာ နှစ်ပတ်လောက် ရှိပါပြီ။ သူတို့ဟာ နောက်ဆုံးအဝေးကွင်းပွဲစဉ်မှာ ဘရိုက်တန်ကို ရင်ဆိုင်ရာမှာ ဆိုးရွားခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲမှာလည်း သူတို့ အများကြီး တိုးတက်လာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒီပွဲမှာတော့ ပဲလေ့စ်ကို ကျွန်တော် နှစ်သက်ပါတယ်။
[ZAWGYI] ချဲလ်ဆီး ၃-၀ ၀က်ဖို့ဒ်
IMAGE: GOAL
ဘန်လေ ၁-၁ နယူးကာဆယ်
IMAGE: GOAL
လက်စတာ ၂-၀ ဆောက်သမ်တန်
IMAGE: GOAL
ဘရန်ဖို့ဒ် ၂-၁ လိဒ်စ်
CR-Brentford-20056367
IMAGE: GOAL
မန်စီးတီး ၃-၁ ဗီလာ
IMAGE: GOAL
လီဗာပူး ၃-၀ ၀ုဖ်
IMAGE: GOAL
IMAGE: GOAL
နော့ဝှစ် ၀-၂ စပါး
IMAGE: GOAL
အာဆင်နယ် ၂-၁ အဲဗာတန်
Untitled
IMAGE: GOAL
ပဲလေ့စ် ၂-၁ မန်ယူ
IMAGE: GOAL
အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!