အာဆင်နယ်ကို စော်ကားတဲ့ စပါးပရိသတ်ကို ဆက်ဆက်ထိမခံ ပြန်တုံ့ပြန်ခဲ့တဲ့ အချောအလှလေး

[UNICODE]

2-Newport-County-v-West-Ham-United-Carabao-Cup-Second-Round-Rodney-Parade
IMAGE: GOAL

talkSPORT ရဲ့ အစီအစဉ်တင်ဆက်သူ အချောအလှလေး လော်ရာဝုဒ်ဟာ သူမ အမာခံအားပေးတဲ့ အာဆင်နယ်ကို စပါးပရိသတ်တစ်ဦးက စော်ကားမော်ကားပြောဆိုလာချိန်မှာ ဆက်ဆက်ထိမခံဘဲ တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ လော်ရာဝုဒ်ဟာ အာဆင်နယ်ပရိသတ်တစ်ဦးဖြစ်ပြီး talkSPORT မှာ သူမရဲ့ breakfast show ကို တင်ဆက်နေခဲ့တာပါ။

1397590709-0
IMAGE: GOAL

အာဆင်နယ်ဟာ နယူးကာဆယ်ကို အဝေးကွင်းမှာ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် အဆင့်လေးနေရာကို အခါးသီးဆုံးမြို့ခံပြိုင်ဘက် စပါးထံ လွှဲပြောင်းပေးလိုက်ရပါတယ်။ စပါးအနေနဲ့ ရာသီပိတ်ပွဲဖြစ်တဲ့ နော့ဝှစ်ချ်နဲ့ပွဲမှာသရေတစ်မှတ် ရရုံက အာဆင်နယ်ဟာ အခုနှစ်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ကို လွဲချော်တော့မှာ ဖြစ်ပါတယ်။

FS5yx-VXEAAc4t-P-scaled-e1652764468993
IMAGE: GOAL

လော်ရာဝုဒ်ရဲ့ breakfast ရှိုးမှာ စပါးပရိသတ်တွေက ဖုန်းခေါ်ပြီး debate ပြုလုပ်ခဲ့ကြတာပါ။ ဒီအခါ စပါးပရိသတ်တွေက အာဆင်နယ်အနေနဲ့ နယူးကာဆယ်ကို အရေးနိမ့်ကာ အဆင့်လေးနေရာကဖယ်ပေးလိုက်ရတဲ့အပေါ် ဝမ်းမြောက်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Laura-woods-MN2-S
IMAGE: GOAL

တစ်ချို့ပရိသတ်တွေကလည်း အာဆင်နယ်ကို စော်ကားမော်ကား ပြောဆိုခဲ့ကြပြီး ဒီအခါမှာ နစ်ဆိုတဲ့ ပရိသတ်တစ်ဦးလည်း အပါအဝင်ပါ။ နစ်က အာဆင်နယ်ဟာအသင်းငယ်လေးရဲ့စိတ်ဓာတ်မျိုးကိုပိုင်ဆိုင်ထားကြောင်း၊ လော်ရာဝုဒ်နဲ့အတူတူ တွဲဖက်တင်ဆက်နေတဲ့ ဒါရင်းဘန့်ကိုပါ ရည်ညွှန်းပြီး မင်းတို့နှစ်ယောက်က သုံးသပ်တဲ့အခါ အရမ်းဘက်လိုက်တယ်လို့ ဆိုခဲ့တာပါ။

LWD-Talk-Sport-053-1
IMAGE: GOAL

“မင်းတို့နှစ်ယောက်က အရမ်းဘက်လိုက်တာ မယုံနိုင်စရာပါပဲ။ စပါးနဲ့ ပတ်သက်ရင် အမြဲတမ်း မကောင်းကြောင်းပဲပြောတယ်။ ဒါက အသင်းငယ်လေးတစ်သင်းရဲ့ စိတ်ဓာတ်ပိုင်းပါပဲ”လို့ နစ်က ဆိုခဲ့ပါတယ်။ ဒီအခါလော်ရာဝုဒ်က “စပါးပရိသတ်တစ်ယောက်ဆီက ထွက်လာတဲ့ စကားတဲ့လား။ အသင်းငယ်လေး စိတ်ဓာတ်က ဘယ်လိုလဲဆိုတာ ရှင်ကောင်းကောင်းသိမှာပါ”လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။

Untitled1
IMAGE: GOAL

ဆက်လက်ပြီး အဲဒီမှာတစ်ပါတည်း လော်ရာဝုဒ်က သူမဟာ အာဆင်နယ်ပရိသတ်ဖြစ်ကြောင်းလည်း တစ်ခါတည်းဖွင့်ဟခဲ့ပါသေးတယ်။ ဆက်လက်ပြီး အဲဒီရှိုးမှာ လော်ရာဝုဒ်အနေနဲ့ အာဆင်နယ်ရဲ့လက်ရှိ အခြေအနေကိုပါ ကာကွယ်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ အနာဂတ်မှာ အောင်မြင်မှုရလာနိုင်ကြောင်း လော်ရာဝုဒ်က ဆိုခဲ့တာပါ။

[ZAWGYI]

2-Newport-County-v-West-Ham-United-Carabao-Cup-Second-Round-Rodney-Parade
IMAGE: GOAL

talkSPORT ရဲ႕ အစီအစဥ္တင္ဆက္သူ အေခ်ာအလွေလး ေလာ္ရာ၀ုဒ္ဟာ သူမ အမာခံအားေပးတဲ့ အာဆင္နယ္ကို စပါးပရိသတ္တစ္ဦးက ေစာ္ကားေမာ္ကားေျပာဆိုလာခိ်န္မွာ ဆက္ဆက္ထိမခံဘဲ တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။ ေလာ္ရာ၀ုဒ္ဟာ အာဆင္နယ္ပရိသတ္တစ္ဦးျဖစ္ၿပီး talkSPORT မွာ သူမရဲ႕ breakfast show ကို တင္ဆက္ေနခဲ့တာပါ။

1397590709-0
IMAGE: GOAL

အာဆင္နယ္ဟာ နယူးကာဆယ္ကို အေ၀းကြင္းမွာ ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ အဆင့္ေလးေနရာကို အခါးသီးဆံုးၿမိဳ႕ခံၿပိဳင္ဘက္ စပါးထံ လႊဲေျပာင္းေပးလိုက္ရပါတယ္။ စပါးအေနနဲ႔ ရာသီပိတ္ပြဲဲျဖစ္တဲ့ ေနာ့၀ွစ္ခ်္နဲ႔ပြဲမွာသေရတစ္မွတ္ ရရုံက အာဆင္နယ္ဟာ အခုႏွစ္ရာသီ ခ်န္ပီယံလိဂ္၀င္ခြင့္ကို လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

FS5yx-VXEAAc4t-P-scaled-e1652764468993
IMAGE: GOAL

ေလာ္ရာ၀ုဒ္ရဲ႕ breakfast ရႈိးမွာ စပါးပရိသတ္ေတြက ဖုန္းေခၚၿပီး debate ျပဳလုပ္ခဲ့ၾကတာပါ။ ဒီအခါ စပါးပရိသတ္ေတြက အာဆင္နယ္အေနနဲ႔ နယူးကာဆယ္ကို အေရးနိမ့္ကာ အဆင့္ေလးေနရာကဖယ္ေပးလိုက္ရတဲ့အေပၚ ၀မ္းေျမာက္ေၾကာင္း ေဖာ္ျပခဲ့ၾကပါတယ္။

Laura-woods-MN2-S
IMAGE: GOAL

တစ္ခ်ိဳ႕ပရိသတ္ေတြကလည္း အာဆင္နယ္ကို ေစာ္ကားေမာ္ကား ေျပာဆုိခဲ့ၾကၿပီး ဒီအခါမွာ နစ္ဆုိတဲ့ ပရိသတ္တစ္ဦးလည္း အပါအ၀င္ပါ။ နစ္က အာဆင္နယ္ဟာအသင္းငယ္ေလးရဲ႕စိတ္ဓာတ္မ်ိဳးကိုပိုင္ဆုိင္ထားေၾကာငး္၊ ေလာ္ရာ၀ုဒ္နဲ႔အတူတူ တြဲဖက္တင္ဆက္ေနတဲ့ ဒါရင္းဘန္႔ကိုပါ ရည္ညႊန္းၿပီး မင္းတုိ႔ႏွစ္ေယာက္က သံုးသပ္တဲ့အခါ အရမ္းဘက္လိုက္တယ္လို႔ ဆုိခဲ့တာပါ။

LWD-Talk-Sport-053-1
IMAGE: GOAL

“မင္းတုိ႔နွစ္ေယာက္က အရမ္းဘက္လိုက္တာ မယံုႏုိင္စရာပါပဲ။ စပါးနဲ႔ ပတ္သက္ရင္ အၿမဲတမ္း မေကာငး္ေၾကာင္းပဲေျပာတယ္။ ဒါက အသင္းငယ္ေလးတစ္သင္းရဲ႕ စိတ္ဓာတ္ပိုင္းပါပဲ”လို႔ နစ္က ဆုိခဲ့ပါတယ္။ ဒီအခါေလာ္ရာ၀ုဒ္က “စပါးပရိသတ္တစ္ေယာက္ဆီက ထြက္လာတဲ့ စကားတဲ့လား။ အသင္းငယ္ေလး စိတ္ဓာတ္က ဘယ္လိုလဲဆုိတာ ရွင္ေကာငး္ေကာင္းသိမွာပါ”လို႔ ျပန္တုံ႔ျပန္ခဲ့ပါတယ္။

Untitled1
IMAGE: GOAL

ဆက္လက္ၿပီး အဲဒီမွာတစ္ပါတည္း ေလာ္ရာ၀ုဒ္က သူမဟာ အာဆင္နယ္ပရိသတ္ျဖစ္ေၾကာင္းလည္း တစ္ခါတည္းဖြင့္ဟခဲ့ပါေသးတယ္။ ဆက္လက္ၿပီး အဲဒီရႈိးမွာ ေလာ္ရာ၀ုဒ္အေနနဲ႔ အာဆင္နယ္ရဲ႕လက္ရွိ အေျခအေနကိုပါ ကာကြယ္ခဲ့ပါတယ္။ အာဆင္နယ္ဟာ လူငယ္ေတြနဲ႔ ဖြဲ႕စညး္ထားျခင္းျဖစ္ေၾကာင္း၊ အာဆင္နယ္အေနနဲ႔ အနာဂတ္မွာ ေအာင္ျမင္မႈရလာႏုိင္ေၾကာင္း ေလာ္ရာ၀ုဒ္က ဆုိခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!