မာဆေးဆိုက်သားတွေ ဒေါသစုပြုံပေါက်ကွဲပြီး ကောက်ရိုးတစ်မျှင်ကို ဆွဲကိုင်ထားမဲ့ တော်ဝင်ဂန်းနား ( အာဆင်နယ် – အဲဗာတန် ပွဲကြိုသုံးသပ်ချက်)

[UNICODE] အာဆင်နယ် – အဲဗာတန် (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)

Whats-App-Image-2022-05-20-at-10-01-34-PM
IMAGE: GOAL

ဒီတစ်ပတ် တနင်္ဂနွေနေ့မှာတော့ ပရီးမီးယားလိဂ်ရာသီသိမ်းပွဲစဉ်တွောအားလုံးကို တစ်ပြိုင်နက် ယှဉ်ပြိုင်ကစားသွားမှာ စြဖ်ပါတယ်။ အဲဒီပွဲစဉ်တွေထဲကမှ ချန်ပီယံလိဂ်နေရာအတွက် တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်ကတော့ အဲဗာတန်နဲ့ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

01g3gvf3yj1h2f04h6g7
IMAGE: GOAL

အာဆင်နယ်ဟာ ဒီရာသီမှာ အတက်အကျကြမ်းခဲ့တဲ့ အသင်းဖြစ်ခဲ့ပြီး ခြေစွမ်းတည်ငြိမ်မှု အားနည်းခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ပရီးမီးယားလိဂ် ၃၇ပွဲ ယှဉ်ပြိုင်ခဲ့ပြီးရာမှာ ၂၁ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁၃ ပွဲအရေးနိမ့်ခဲ့ပြီး အဆင့် ၅ နေရာမှာ ရပ်တည်နေပါတယ်။

01g3gxbdhfn9v4pnbhps
IMAGE: GOAL

အာဆင်နယ်အနေနဲ့ အဆင့်လေးနေရာအတွက် အခွင့်အရေးတွေ အကြိမ်ကြိမ် ရခဲ့ပေမဲ့ အရေးပါတဲ့ အချိန်တွေမှာ ခြေချော်ခဲ့ပြီး ညံဖျင်းလွန်းရာ ရောက်ခဲ့ပါတယ်။ အထူးသဖြင့် ဒီရာသီ အာဆင်နယ်ကို အဆုံးအဖြတ်ပေးသွားတာက လူငယ်ကစားသမားလေးတွေရဲ့ အတွေ့အကြုံအားနည်းမှုနဲ့ အရန်လူအင်အားနည်းပါးခြင်းပါ။

8737045dbe39560f56785658d97c513a
IMAGE: GOAL

ပါတေး၊ တိုမီယာဆု၊ တီယာနေးတို့လို အဓိက ကစားသမားတွေ ဒဏ်ရာရရှိချိန်မှာ အာဆင်နယ်အဖို့ သူတို့နေရာကို အစားထိုးနိုင်မဲ့ ကစားသမား အဆင်သင့် ရှိမနေခဲ့ပါဘူး။ ဒါကြောင့်လည်း အာဆင်နယ်လည်း မထင်မှတ်ထားတဲ့ ရှုံးပွဲတွေကို မရှုမလှရင်ဆိုင်ခဲ့ရတာပါ။

16388227611197
IMAGE: GOAL

နောက်ပြီး အာဆင်နယ်ရဲ့အားနည်းချက်တစ်ခုက ရှုံးပွဲတစ်ပွဲကြုံလာရင် တုံ့ပြန်ပုံ အားနည်းပြီး ဆက်တိုက်ရလဒ်ဆိုးရွားတတ်တာပါပဲ။ အဲဗာတန်ကတော့ ပြီးခဲ့တဲ့ပွဲမှာ ပဲလေ့စ်ကို အနိုင်ရရှိခဲ့ပြီးနောက် တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့ပါပြီ။

Eddie-7
IMAGE: GOAL

အဲဗာတန်ဟာ အိမ်ကွင်းပွဲစဉ်တွေမှာ တုံ့ပြန်ပုံကောင်းသလောက် အဝေးကွင်းခြေစွမ်းကတော့ တော်တော်လေး ဆိုးရွားလွန်းပါတယ်။နောက်ပိုင်း တန်းဆင်းဇုန်ဖိအားရှိနေတဲ့အချိန်မှ အဲဗာတန်တို့ အဝေးကွင်းမှာ ရုန်းအားကောင်းခဲ့တာဖြစ်ပြီး တစ်ရာသီလုံးအတိုင်းအတာနဲ့ကြည့်ရင် အားရစရာမရှိပါဘူး။

https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1237058065
IMAGE: GOAL

အဲဗာတန်အနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်သွားခဲ့တာ အာဆင်နယ်အနေနဲ့ သက်သာလှတဲ့ အချက်ပါပဲ။ ချန်ပီယံလိဂ်ဝင်ခွင့် ကောက်ရိုးတစ်မျှင် မျှော်လင့်ချက်ကို ဆွဲကိုင်ဖို့အတွက်ရော၊ အိမ်ကွင်း နောက်ဆုံးပွဲကို အကောင်းဆုံး ပိတ်သိမ်းနိုင်ဖို့အတွက်ပ ါ အာဆင်နယ်တို့ ဖိဖိစီးစီးနဲ့ ကစားရင်း အမ်းမရိတ်စ်မှာ နိုင်ပွဲ ရှာဖွေနိုင်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: အာဆင်နယ် ၂-၀ အဲဗာတန်

[ZAWGYI] အာဆင်နယ် – အဲဗာတန် (၂၂-၅-၂၀၂၂ မြန်မာစံတော်ချိန် ည ၉:၃၀)

IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL


16388227611197
IMAGE: GOAL


Eddie-7
IMAGE: GOAL


IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!