ပရီးမီးယားလိဂ်ရာသီသိမ်း ပွဲစဉ်တွေအတွက် ပေါလ်မာဆင်ရဲက ခန့်မှန်းသုံးသပ်ချက်များ

[UNICODE] ဘန်လေ – နယူးကာဆယ်

1c0f4-16529641838563-1920
IMAGE: GOAL

နယူးကာဆယ်က အာဆင်နယ်နဲ့ပွဲမှာ အံ့ဖွယ်ရလ်ဒကို ဖန်တီးနိုင်ခဲ့ပြီး ဘန်လေအတွက်လည်း ခက်ခဲလွန်းမှာပါ။ နယူးကာဆယ်အနေနဲ့ ဒီရာသီမှာ ရပ်တည်မှုမြင့်မြင့်နဲ့ ပြီးချင်တယ်ဆိုရင် ဒီပွဲမှာ အနိုင်ကစားရမှာပါ။အက်ဒီဟောင်းကလည်း စွမ်းဆောင်ရည်ကောင်းကို ပြသထားပြီး ထရစ်ပီယာ၊ ဂွီမာရေ့စ်၊ ဒန်ဘန်းတို့လို ကစားသမားမျိုးတွေကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ခန့်မှန်းရလဒ်: ဘန်လေ ဝ-၂ နယူးကာဆယ်

အာဆင်နယ် – အဲဗာတန်

8c6f2-16529640539984-1920
IMAGE: GOAL

အာဆင်နယ်က နယူးကို ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီးနောက် တုန်လှုပ်စရာပါပဲ။ ဒီပွဲက ဒီရာသီမှာ အာဆင်နယ်ရဲ့ အဆိုးရွားဆုံးစွမ်းဆောင်ရည်တွေထဲကတစ်ပွဲပါ။ အဲဗာတန်ကတော့ ပဲလေ့စ်နဲ့ပွဲမှာ တုံ့ပြန်မှုကောင်းကိုပြနိုင်ခဲ့ပေမဲ့ ပစ်ဖို့ဒ် ကယ်နေတာကြောင့်လည်း ပါပါတယ်။ လက်ရှိမှာ အာဆင်နယ်ဟာ ဖိအားအလွန်များနေပြီး ဒီပွဲကို သက်သောင့်သက်သာ အနိုင်ရမှာပါ။ သတို့အနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိတ်ချရပါ့မလား။ ဒါကတော့ အချိန်ကပဲ စကားပြောမှာပါ။ ခန့်မှန်းရလဒ်: အာဆင်နယ် ၃-၀ အဲဗာတန်

မန်စီးတီး – ဗီလာ

307b4-16529643384705-1920
IMAGE: GOAL

ဗီလအနေနဲ့ မန်စီးတီးကို တားဆီးနိုင်မှာ မဟုတ်ဘူးလို့ကျွန်တော် မြင်ပါတယ်။ မန်စီးတီးအနေနဲ့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့် ရှိနေသေးပြီး သူတု့ိအလုပ် သူတို့ ကောင်းကောင်းလုပ်မှာပါ။ မန်စီးတီးဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်း ခံစစ်ပိုင်း အားနည်းချက်ရှိနေခဲ့ပြီး ကော်တင်ဟို၊ ဒန်နီအင့်စ်၊ ဝက်ကင်စ်တို့ရဲ့ တိုက်စစ်ပိုင်းကလည်း အန္တရာယ်ရှိနေတာပါ။ ကျွန်တော်တို့အနေနဲ့ ဒီရာသီမှာပရီးမီးယာလိဂ်ချန်ပီယံဆုနဲ့ပတ်သက်ပြီး လှည့်ကွက်တွေ မြင်ရမလား။ ဒါကတော့ အချိန်ကပဲ စကားပြောသွားမှာပါ။ ခန့်မှန်းရလဒ်: မန်စီးတီး ၂-၀ ဗီလာ

လက်စတာ – ဆောက်သမ်တန်

861a9-16529641158513-1920
IMAGE: GOAL

ဒီပွဲစဉ်က နှစ်သင်းစလုံးအတွက် ဒီရာသီကို အကောင်းဆုံး ပိတ်သိမ်းနိုင်ဖို့ အခွင့်အရေးပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေမှာ ဗာဒီဟာ သူ့ရဲ့ပုံစံကောင်းကို ပြန်လည်ရရှိနေပါတယ်။ ကျွန်တော်ကလည်း သူ့ရဲ့အမာခံ ပရိသတ်ပါ။ သူက အဆုံးသတ်ကောင်းသူတစ်ယောက်ပါ။ နှစ်သင်းစလုံးက အမှတ်လိုအပ်ချက် မရှိကြပေမဲ့ ဖျော်ဖြေမှုဆန်စွာ ကစားပြီး သွင်းဂိုးတွေ အများအပြားတွေ့မြင်ရမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ်:လက်စတာ ၃-၂ ဆောက်သမ်တန်

ပဲလေ့စ် – မန်ယူ

08520-16529640249639-1920
IMAGE: GOAL

ဗီအဲရာက ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်ခဲ့ပြီး ပဲလေ့စ်ရဲ့ပုံစံကို ပြောင်းလဲပေးခဲ့ပါတယ်။ သူတို့ရဲ့ အဲဗာတန်နဲ့ပွဲမှာလည်း နောက်ဆံးု မိနစ်တွေကြောင့် ကံမကောင်းခဲ့ပါဘူး။ သူက အာဆင်နယ်နည်းပြတောင် ဖြစ်လာနိုင်သလား။ မန်ယူကတော့ တန်ဟတ်လက်အောက်မှာ ရာသီသစ်အတွက်ပဲ စောင့်မျှော်နေမှာပါ။ ကျွန်တော်ကတော့ ဒီပွဲမှာ ပဲလေ့စ်က ၂-၁ ဂိုးနဲ့ အနိုင်ရသွားမှာဖြစ်ပြီး မန်ယူရဲ့ရလဒ်တွေကလည်း အားရစရာမကောင်းပါဘူး။ ခန့်မှန်းရလဒ်: ပဲလေ့စ် ၂-၁ မန်ယူ

နော့ဝှစ်ချ် – စပါး

20076-16529642155400-1920
IMAGE: GOAL

နော့ဝှစ်ချ်ဟာ လက်စတာကို ၃-၀ ဂိးုနဲ့ အရေးနိမ့်ခဲ့ပေမဲ့ ပထမပိုင်းမှာ ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးကောင်း အများကြီး ဖန်တီးနိုင်ခဲ့ပါတယ်။ တကယ်လို့ နော့ဝှစ်ချ်အနေနဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့မယ်ဆိုရင်
နည်းနည်းတော့ ဒရာမာခင်းလို့ ရနိုင်ပါတယ်။ စပါးကတော့ ဒီပွဲကို သေချာပေါက် အနိုင်ကန်ရမှာဖြစ်ပြီး ဆွန်ဟောင်မင်နဲ့ ဆာလတ်က ရွှေဖိနပ်ဆုအတွက် အပြိုင်ဖြစ်နေပါတယ်။ ခန့်မှန်းရလဒ်: နော့ဝှစ်ချ် ၁-၂ စပါး

ချဲလ်ဆီး – ဝက်ဖို့ဒ်

71614-16529640902115-1920
IMAGE: GOAL

ချဲလ်ဆီးအနေနဲ့ လာမဲ့နွေမှာ ပြုပြင်ပြောင်းလဲမှုတွေကို ပြုလုပ်ရမှာဖြစ်ပြီး အဓိက ကစားသမားတွေလည်း အသင်းကနေ ထွက်ပါဦးမယ် ဝက်ဖို့ဒ်ကတော့ ရလဒ်တွေဆိုးရွားနေပြီး လက်စတာကိုလည်း ၅-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ပါတယ်။ ဒီပွဲဟာ ချဲလ်ဆီးအတွက်တော့ ပန်းခြံထဲမှာ လမ်းလျှောက်နေသလို ဖြစ်မှာပါ။ ခန့်မှန်းရလဒ်: ချဲလ်ဆီး ၄-၀ ဝက်ဖို့ဒ်

လီဗာပူး – ဝုဖ်

klopp
IMAGE: GOAL

လီဗာပူးအနေနဲ့ ဒီပွဲကို သက်သောင့်သက်သာနဲ့ အနိုင်ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဆောက်သမ်တန်နဲ့ပွဲမှာ လူစာရင်းပိုင်း အပြောင်းအလဲလုပ်ခဲ့တာကိုတော့ ကျွန်တော်အံ့အားသင့်မိပါတယ်။ မန်စီးတီးအနေနဲ့ ဝက်စ်ဟမ်းနဲ့ပွဲမှာ အမှတ်လျှော့ခဲ့တာက လီဗာပူးရဲ့ ချန်ပီယံမျှော်လင့်ချက်ကို ပြန်အားကောင်းစေခဲ့ပါတယ်။ လီဗာပူအနေနဲ့ ဆာလတ်နဲ့ ဗန်ဒိုက်ချ်တို့ မပါရင်တောင်မှ ဒီပွဲမှာ အနိုင်ရသင့်ပါတယ်။ မာတစ်၊ကိုနာတေးတို့ကလည်း ဆောက်သမ်တန်နဲ့ပွဲမှာ ခြေစွမ်းပြခဲ့ပြီး တိုက်စစ်မှာလည်း မာနေး၊ ဂျိုတာ၊ ဒီယက်စ်၊ အိုရီဂီ၊ မီနာမီနိုတို့ကို ရွေးချယ်ခွင့် ရှိနေပါတယ်။ ခန့်မှန်းရလဒ်: လီဗာပူး ၃-၀ ဝုဖ်

ဘရန်ဖို့ဒ် – လိဒ်စ်

87141-16529641401537-1920
IMAGE: GOAL

လိဒ်စ်ဟာ တန်းမဆင်းရဖို့ တိုက်ပွဲဝင်ရမှာဖြစ်ပြီး ဒီပွဲမှာ သူတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့အပေါင်းလက္ခဏာဆောင်ဖို့ မျှော်လင့်ပါတယ်။ ဖီလစ်ရဲ့ အနာဂတ်ကလည်း လက်စတာ ပရီးမီးယားလိဂ်မှာ ဆက်ရှိ၊ မရှိအပေါ်မှာ မူတည်နိုင်ပါတယ်။ လိဒ်စ်အနေနဲ့ ဘရိုက်တန်နဲ့ပွဲတုန်းက ပထမပိုင်းမှာ သာမန်ခြေစွမ်းသာ ပြခဲ့ပေမဲ့ အဲဒီပွဲတုန်းက ဒုတိယပိုင်းကလို ခြေစွမ်းမျိုး ပြနိုင်မယ်ဆိုရင် ဒီပွဲမှာအနည်းဆုံးတစ်မှတ်ရနိုင်ပါတယ်။ခန့်မှန်းရလဒ်:ဘရန်ဖို့ဒ် ၁-၁ လိဒ်စ်

ဘရိုက်တန် – ဝက်စ်ဟမ်း

a33a6-16529642436220-1920
IMAGE: GOAL

ဒီပွဲစဉ်က ရာသီပိတ်ပွဲစဉ်မှာ ဂိုးတွေအများကြီး မြင်တွေ့နိုင်တဲ့ နောက်ထပ်ပွဲတစ်ပွဲပါ။ ဝက်စ်ဟမ်းဟာ မန်စီးတီးနဲ့ပွဲမှာ ပုံစံကောင်းပြခဲ့ပါတယ်။ ပထမပိုင်းမှာ ဘိုဝင်က ထပ်မံ တောက်ခဲ့ပြီး သူ့ကို ကျွန်တော် အမှန်တကယ်နှစ်သက်ပါတယ်။ သူ့အနေနဲ့ နွေရာသီမှာ အသင်းကြီးတစ်သင်းကိုတောင် ပြောင်းရွှေ့သွားနိုင်ပါတယ်။ ခန့်မှန်းရလဒ်:ဘရိုက်တန် ၂-၂ ဝက်စ်ဟမ်း

[ZAWGYI] ဘန္ေလ – နယူးကာဆယ္

1c0f4-16529641838563-1920
IMAGE: GOAL

နယူးကာဆယ္က အာဆင္နယ္နဲ႔ပြဲမွာ အံ့ဖြယ္ရလ္ဒကို ဖန္တီးႏုိင္ခဲ့ၿပီး ဘန္ေလအတြက္လည္း ခက္ခဲလြန္းမွာပါ။ နယူးကာဆယ္အေနနဲ႔ ဒီရာသီမွာ ရပ္တည္မႈျမင့္ျမင့္နဲ႔ ၿပီးခ်င္တယ္ဆုိရင္ ဒီပြဲမွာ အႏုိင္ကစားရမွာပါ။အက္ဒီေဟာင္းကလည္း စြမ္းေဆာင္ရည္ေကာင္းကို ျပသထားၿပီး ထရစ္ပီယာ၊ ဂြီမာေရ႕စ္၊ ဒန္ဘန္းတို႔လို ကစားသမားမ်ိဳးေတြကိုလည္း ပိုင္ဆုိင္ထားပါတယ္။ ခန္႔မွန္းရလဒ္: ဘန္ေလ ၀-၂ နယူးကာဆယ္

အာဆင္နယ္ – အဲဗာတန္

8c6f2-16529640539984-1920
IMAGE: GOAL

အာဆင္နယ္က နယူးကို ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ တုန္လႈပ္စရာပါပဲ။ ဒီပြဲက ဒီရာသီမွာ အာဆင္နယ္ရဲ႕ အဆုိးရြားဆံုးစြမ္းေဆာင္ရည္ေတြထဲကတစ္ပြဲပါ။ အဲဗာတန္ကေတာ့ ပဲေလ့စ္နဲ႔ပြဲမွာ တုံ႔ျပန္မႈေကာင္းကိုျပႏုိင္ခဲ့ေပမဲ့ ပစ္ဖုိ႔ဒ္ ကယ္ေနတာေၾကာင့္လည္း ပါပါတယ္။ လက္ရွိမွာ အာဆင္နယ္ဟာ ဖိအားအလြန္မ်ားေနၿပီး ဒီပြဲကို သက္ေသာင့္သက္သာ အႏိုင္ရမွာပါ။ သတို႔အေနနဲ႔ ခ်န္ပီယံလိဂ္၀င္ခြင့္အတြက္ စိတ္ခ်ရပါ့မလား။ ဒါကေတာ့ အခ်ိန္ကပဲ စကားေျပာမွာပါ။ ခန္႔မွန္းရလဒ္: အာဆင္နယ္ ၃-၀ အဲဗာတန္

မန္စီးတီး – ဗီလာ

307b4-16529643384705-1920
IMAGE: GOAL

ဗီလအေနနဲ႔ မန္စီးတီးကို တားဆီးႏုိင္မွာ မဟုတ္ဘူးလို႔ကၽြန္ေတာ္ ျမင္ပါတယ္။ မန္စီးတီးအေနနဲ႔ ကိုယ့္ကံၾကမၼာကိုယ္ ဖန္တီးခြင့္ ရွိေနေသးၿပီး သူတု႔ိအလုပ္ သူတုိ႔ ေကာငး္ေကာင္းလုပ္မွာပါ။ မန္စီးတီးဟာ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြအတြင္း ခံစစ္ပိုင္း အားနည္းခ်က္ရွိေနခဲ့ၿပီး ေကာ္တင္ဟို၊ ဒန္နီအင့္စ္၊ ၀က္ကင္္စ္တုိ႔ရဲ႕ တုိက္စစ္ပိုင္းကလည္း အႏၱရာယ္ရွိေနတာပါ။ ကၽြန္ေတာ္တို႔အေနနဲ႔ ဒီရာသီမွာပရီးမီးယာလိဂ္ခ်န္ပီယံဆုနဲ႔ပတ္သက္ၿပီး လွည့္ကြက္ေတြ ျမင္ရမလား။ ဒါကေတာ့ အခ်ိန္ကပဲ စကားေျပာသြားမွာပါ။ ခန္႔မွန္းရလဒ္: မန္စီးတီး ၂-၀ ဗီလာ

လက္စတာ – ေဆာက္သမ္တန္

861a9-16529641158513-1920
IMAGE: GOAL

ဒီပြဲစဥ္က ႏွစ္သင္းစလံုးအတြက္ ဒီရာသီကုိ အေကာငး္ဆံုး ပိတ္သိမ္းႏုိင္ဖို႔ အခြင့္အေရးပါ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြမွာ ဗာဒီဟာ သူ႔ရဲ႕ပံုစံေကာငး္ကို ျပန္လည္ရရွိေနပါတယ္။ ကၽြန္ေတာ္ကလည္း သူ႔ရဲ႕အမာခံ ပရိသတ္ပါ။ သူက အဆံုးသတ္ေကာင္းသူတစ္ေယာက္ပါ။ ႏွစ္သင္းစလံုးက အမွတ္လိုအပ္ခ်က္ မရွိၾကေပမဲ့ ေဖ်ာ္ေျဖမႈဆန္စြာ ကစားၿပီး သြင္းဂိုးေတြ အမ်ားအျပားေတြ႕ျမင္ရမယ္လုိ႔ ထင္ပါတယ္။ ခန္႔မွန္းရလဒ္:လက္စတာ ၃-၂ ေဆာက္သမ္တန္

ပဲေလ့စ္ – မန္ယူ

08520-16529640249639-1920
IMAGE: GOAL

ဗီအဲရာက ဒီရာသီမွာ စြမ္းေဆာင္ရည္ေကာင္းကို ျပသႏုိင္ခဲ့ၿပီး ပဲေလ့စ္ရဲ႕ပံုစံကို ေျပာင္းလဲေပးခဲ့ပါတယ္။ သူတုိ႔ရဲ႕ အဲဗာတန္နဲ႔ပြဲမွာလည္း ေနာက္ဆံးု မိနစ္ေတြေၾကာင့္ ကံမေကာငး္ခဲ့ပါဘူး။ သူက အာဆင္နယ္နည္းျပေတာင္ ျဖစ္လာႏုိင္သလား။ မန္ယူကေတာ့ တန္ဟတ္လက္ေအာက္မွာ ရာသီသစ္အတြက္ပဲ ေစာင့္ေမွ်ာ္ေနမွာပါ။ ကၽြန္ေတာ္ကေတာ့ ဒီပြဲမွာ ပဲေလ့စ္က ၂-၁ ဂိုးနဲ႔ အႏိုင္ရသြားမွာျဖစ္ၿပီး မန္ယူရဲ႕ရလဒ္ေတြကလည္း အားရစရာမေကာင္းပါဘူး။ ခန္႔မွန္းရလဒ္: ပဲေလ့စ္ ၂-၁ မန္ယူ

ေနာ့၀ွစ္ခ်္ – စပါး

20076-16529642155400-1920
IMAGE: GOAL

ေနာ့၀ွစ္ခ်္ဟာ လက္စတာကို ၃-၀ ဂိးုနဲ႔ အေရးနိမ့္ခဲ့ေပမဲ့ ပထမပိုင္းမွာ ဂိုးသြင္းႏုိင္ဖို႔ အခြင့္အေရးေကာင္း အမ်ားႀကီး ဖန္တီးႏုိင္ခဲ့ပါတယ္။ တကယ္လို႔ ေနာ့၀ွစ္ခ်္အေနနဲ႔ အခြင့္အေရးေတြ ဖန္တီးႏုိင္ခဲ့မယ္ဆုိရင္
နည္းနည္းေတာ့ ဒရာမာခင္းလို႔ ရႏိုင္ပါတယ္။ စပါးကေတာ့ ဒီပြဲကို ေသခ်ာေပါက္ အႏုိင္ကန္ရမွာျဖစ္ၿပီး ဆြန္ေဟာင္မင္နဲ႔ ဆာလတ္က ေရႊဖိနပ္ဆုအတြက္ အၿပိဳင္ျဖစ္ေနပါတယ္။ ခန္႔မွန္းရလဒ္: ေနာ့၀ွစ္ခ်္ ၁-၂ စပါး

ခ်ဲလ္ဆီး – ၀က္ဖုိ႔ဒ္

71614-16529640902115-1920
IMAGE: GOAL

ခ်ဲလ္ဆီးအေနနဲ႔ လာမဲ့ေႏြမွာ ျပဳျပင္ေျပာင္းလဲမႈေတြကို ျပဳလုပ္ရမွာျဖစ္ၿပီး အဓိက ကစားသမားေတြလည္း အသင္းကေန ထြက္ပါဦးမယ္ ၀က္ဖို႔ဒ္ကေတာ့ ရလဒ္ေတြဆုိးရြားေနၿပီး လက္စတာကိုလည္း ၅-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ပါတယ္။ ဒီပြဲဟာ ခ်ဲလ္ဆီးအတြက္ေတာ့ ပန္းၿခံထဲမွာ လမ္းေလွ်ာက္ေနသလို ျဖစ္မွာပါ။ ခန္႔မွန္းရလဒ္: ခ်ဲလ္ဆီး ၄-၀ ၀က္ဖို႔ဒ္

လီဗာပူး – ၀ုဖ္

klopp
IMAGE: GOAL

လီဗာပူးအေနနဲ႔ ဒီပြဲကို သက္ေသာင့္သက္သာနဲ႔ အႏုိင္ရမယ္လုိ႔ ကၽြန္ေတာ္ထင္ပါတယ္။ ေဆာက္သမ္တန္နဲ႔ပြဲမွာ လူစာရင္းပိုင္း အေျပာင္းအလဲလုပ္ခဲ့တာကိုေတာ့ ကၽြန္ေတာ္အံ့အားသင့္မိပါတယ္။ မန္စီးတီးအေနနဲ႔ ၀က္စ္ဟမ္းနဲ႔ပြဲမွာ အမွတ္ေလွ်ာ့ခဲ့တာက လီဗာပူးရဲ႔ ခ်န္ပီယံေမွ်ာ္လင့္ခ်က္ကို ျပန္အားေကာင္းေစခဲ့ပါတယ္။ လီဗာပူအေနနဲ႔ ဆာလတ္နဲ႔ ဗန္ဒိုက္ခ်္တုိ႔ မပါရင္ေတာင္မွ ဒီပြဲမွာ အႏိုင္ရသင့္ပါတယ္။ မာတစ္၊ကိုနာေတးတုိ႔ကလည္း ေဆာက္သမ္တန္နဲ႔ပြဲမွာ ေျခစြမ္းျပခဲ့ၿပီး တိုက္စစ္မွာလည္း မာေနး၊ ဂ်ိဳတာ၊ ဒီယက္စ္၊ အိုရီဂီ၊ မီနာမီႏိုတုိ႔ကို ေရြးခ်ယ္ခြင့္ ရွိေနပါတယ္။ ခန႔္မွန္းရလဒ္: လီဗာပူး ၃-၀ ၀ုဖ္

ဘရန္ဖို႔ဒ္ – လိဒ္စ္

87141-16529641401537-1920
IMAGE: GOAL

လိဒ္စ္ဟာ တန္းမဆင္းရဖို႔ တုိက္ပြဲ၀င္ရမွာျဖစ္ၿပီး ဒီပြဲမွာ သူတို႔ရဲ႕ တုိက္ပြဲ၀င္စိတ္ဓာတ္နဲ႔အေပါင္းလကၡဏာေဆာင္ဖုိ႔ ေမွ်ာ္လင့္ပါတယ္။ ဖီလစ္ရဲ႕ အနာဂတ္ကလည္း လက္စတာ ပရီးမီးယားလိဂ္မွာ ဆက္ရွိ၊ မရွိအေပၚမွာ မူတည္ႏိုင္ပါတယ္။ လိဒ္စ္အေနနဲ႔ ဘရိုက္တန္နဲ႔ပြဲတုန္းက ပထမပိုင္းမွာ သာမန္ေျခစြမ္းသာ ျပခဲ့ေပမဲ့ အဲဒီပြဲတုန္းက ဒုတိယပိုင္းကလို ေျခစြမ္းမ်ိဳး ျပႏိုင္မယ္ဆုိရင္ ဒီပြဲမွာအနည္းဆံုးတစ္မွတ္ရႏုိင္ပါတယ္။ခန္႔မွန္းရလဒ္:ဘရန္ဖို႔ဒ္ ၁-၁ လိဒ္စ္

ဘရိုက္တန္ – ၀က္စ္ဟမ္း

a33a6-16529642436220-1920
IMAGE: GOAL

ဒီပြဲစဥ္က ရာသီပိတ္ပြဲစဥ္မွာ ဂိုးေတြအမ်ားႀကီး ျမင္ေတြ႕ႏုိင္တဲ့ ေနာက္ထပ္ပြြဲတစ္ပြဲပါ။ ၀က္စ္ဟမ္းဟာ မန္စီးတီးနဲ႔ပြဲမွာ ပံုစံေကာငး္ျပခဲ့ပါတယ္။ ပထမပိုင္းမွာ ဘို၀င္က ထပ္မံ ေတာက္ခဲ့ၿပီး သူ႔ကို ကၽြန္ေတာ္ အမွန္တကယ္ႏွစ္သက္ပါတယ္။ သူ႔အေနနဲ႔ ေႏြရာသီမွာ အသင္းႀကီးတစ္သင္းကိုေတာင္ ေျပာင္းေရႊ႕သြားႏုိင္ပါတယ္။ ခန္႔မွန္းရလဒ္:ဘရိုက္တန္ ၂-၂ ၀က္စ္ဟမ္း



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!