21-May-2022 ေနာက္ဆံုးရ အေျပာင္းအေရႊ႕သတင္းမ်ား

[UNICODE]

0-Howey
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်အနေနဲ့ အသင်းကို လမ်းကြောင်းမှန်ပေါ်ရောက်အောင် ဆွဲတင်ပေးထားတဲ့ နည်းပြ အက်ဒီဟောင်းကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ပြင်ဆင်လျက် Daily Mail က ဖော်ပြထားပါတယ်။ အက်ဒီဟောင်းရဲ့စာချုပ်သက်တမ်းဟာ ၂ နှစ်စာချုပ် ကျန်ရှိနေသေးပြီး နယူးကာဆယ်က သက်တမ်းတိုးလိုနေတာပါ။ အက်ဒီဟောင်းအနေနဲ့ နယူးကာဆယ်ပိုင်ရှင်သစ်တွေနဲ့ ဆက်ဆံရေးကောင်းရှိနေပါတယ်။

0-MIRRORDARWINNUNEZ
IMAGE: GOAL

⚽ ဘင်ဖီကာတိုက်စစ်မူှး ဒါဝင်နူနက်ဇ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ပြင်သစ်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ ၂၂ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘင်ဖီကာမှာ ပြသနေတဲ့ ခြေစွမ်းတွေအရ ဥရောပထိပ်သီးအသင်းတွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။ RMC Sport ရဲ့ အဆိုပါမန်ယူဟာ နူနက်ဇ်အတွက် ယူရိုသန်း ၈၀ ပေးချေဖို့ အဆင့်ဖြစ်နေပေမဲ့ချန်ပီယံလိဂ်ဝင်ခွင့် မရလို့ နူနက်ဇ်အနေနဲ့ မလာချင်ဖြစ်နေပါတယ်။

1240618198-0
IMAGE: GOAL

⚽ ချဲလ်ဆီးအနေနဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်လျက်ရှိနေပြီဖြစ်ကြောင်း 90min က ဖော်ပြထားပါတယ်။ ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့တွေကတည်းက ဒမ်ဘီလီကိုခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့တာဖြစ်ပြီး သူ့ကိုလာမဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မှာပါ။

Alessandro-Bastoni-3-scaled-e1633615667260
IMAGE: GOAL

⚽ စပါးအနေနဲ့ အင်တာမီလန် ဘာစတွန်နီကို ကမ်းလှမ်းမှု ပြုလုပ်ထားကြောင်း Calciomercato က ဖော်ပြထားပါတယ်။ စပါးနည်းပြ ကွန်တီက အင်တာမှာ လက်တွဲခဲ့တဲ့ ဘာစတွန်နီနဲ့ ပြန်လည် လက်တွဲလိုနေတာဖြစ်ပြီးသူ့ကို မန်စီးတီးကလည်း စောင့်ကြည့်နေပါတယ်။ အင်တာမီလန်ကတော့ သူတို့ရဲ့ နောက်ခံလူအတွက် ယူရိုသန်း ၅၀ ကနေ သန်း ၆၀ ကြား အလိုရှိနေပါတယ်။

Getty-Images-1393500315
IMAGE: GOAL

⚽ လာလီဂါထိပ်သီးကလပ် ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးအစွန်နောက်ခံလူ အလွန်ဆိုကို ခေါ်ယူဖို့ အားစိုက်ကြိုးပမ်းနေပေမဲ့ ပြဿနာ အရှုပ်အထွေးတွေ ရှိနေပါတယ်။ အလွန်ဆိုကို ခေါ်ယူဖို့ရာ ချဲလ်ဆီးရဲ့ပိုင်ရှင်အပြောင်းအလဲ၊ လစာပေးချေမှုအပိုင်း စတဲ့ အခက်အခဲတွေကို ဘာစီလိုနာ ရင်ဆိုင်နေရပါတယ်။

Getty-Images-1395054129
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အနေနဲ့ ဘရာဇီးလူငယ်ကြယ်ပွင့် မာကွင်ဟို့စ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း GOAL က ဖော်ပြထားပါတယ်။ မာကွင်ဟို့စ်အနေနဲ့ လန်ဒန်မြို့ကို ရောက်ရှိလာပြီးအပြောင်းအရွှေ့ကိစ္စရပ်တွေကို အပြီးသတ်သွားမှာဖြစ်ပါတယ်။ အာဆင်နယ်အနေနဲ့ ၁၉ နှစ်အရွယ် ဆော်ပေါ်လို တိုက်စစ်ကစားမားလေးအတွက် ပေါင် ၃ သန်းပေးချေသွားမှာ ဖြစ်ပါတယ်။

Henrikh-Mkhitaryan-4-scaled-e1652912455200
IMAGE: GOAL

⚽ စီးရီးအေကလပ် အင်တာမီလန်အနေနဲ့ ရိုးမားဝါရင့်တောင်ပံကစားသမား မီခီတာရန်ကို ဗီလာ၊ စပါးတို့နဲ့အပြိုင် ခေါ်ယူနိုင်ဖို့ ကြိုးပမ်းသွားမှာဖြစ်ပါတယ်။ မီခီတာရန်အနေနဲ့ လာမဲ့နွေမှာ ပရီးမီးယားလိဂ်ကိုပြန်ပြောင်းမယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

mbappe
IMAGE: GOAL

⚽ ပြင်သစ်တိုက်စ်စမှူး အမ်ဘာပေက အနာဂတ်နဲ့ ပတ်သက်ပြီး ပီအက်စ်ဂျီမှာပဲ ဆက်နေမလား၊ ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့မလားဆိုတဲ့ သူ့ဆုံးဖြတ်ချက်ကို ချပြဖို့ အဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ အမ်ဘာပေအနေနဲ့ လာမဲ့တနင်္ဂနွေနေ့မှာ သူ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ကို ကြေညာသွားမယ်လို့ L’Equipe က ဖော်ပြထားတာပါ။ လက်ရှိမှာ အမ်ဘာပေကို ပီအက်စ်ဂျီ မက်မောဖွယ်ရာ ကမ်းလှမ်းချက်တွေနဲ့အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ကြိုးပမ်းလျက် ရှိနေတာပါ။

[ZAWGYI]

0-Howey
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္အေနနဲ႔ အသင္းကို လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ဆြဲတင္ေပးထားတဲ့ နညး္ျပ အက္ဒီေဟာင္းကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖို႔ ျပင္ဆင္လ်က္ Daily Mail က ေဖာ္ျပထားပါတယ္။ အက္ဒီေဟာင္းရဲ႕စာခ်ဳပ္သက္တမ္းဟာ ၂ ႏွစ္စာခ်ဳပ္ က်န္ရွိေနေသးၿပီး နယူးကာဆယ္က သက္တမ္းတုိးလိုေနတာပါ။ အက္ဒီေဟာငး္အေနနဲ႔ နယူးကာဆယ္ပိုင္ရွင္သစ္ေတြနဲ႔ ဆက္ဆံေရးေကာငး္ရွိေနပါတယ္။

0-MIRRORDARWINNUNEZ
IMAGE: GOAL

⚽ ဘင္ဖီကာတုိက္စစ္မဴွး ဒါ၀င္ႏူနက္ဇ္အေနနဲ႔ ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာယူႏုိက္တက္ရဲ႕ကမး္လွမ္းမႈကို ပယ္ခ်ခဲ့တယ္လုိ႔ ျပင္သစ္ကလာတဲ့ သတင္းေတြအရ သိရပါတယ္။ ၂၂ ႏွစ္အရြယ္တုိက္စစ္မွဴးဟာ ဘင္ဖီကာမွာ ျပသေနတဲ့ ေျခစြမ္းေတြအရ ဥေရာပထိပ္သီးအသင္းေတြရဲ႕ စိတ္၀င္စားျခင္းကို ခံေနရပါတယ္။ RMC Sport ရဲ႕ အဆုိပါမန္ယူဟာ နူနက္ဇ္အတြက္ ယူရိုသန္း ၈၀ ေပးေခ်ဖုိ႔ အဆင့္ျဖစ္ေနေပမဲ့ခ်န္ပီယံလိဂ္၀င္ခြင့္ မရလို႔ ႏူနက္ဇ္အေနနဲ႔ မလာခ်င္ျဖစ္ေနပါတယ္။

1240618198-0
IMAGE: GOAL

⚽ ခ်ဲလ္ဆီးအေနနဲ႔ ဘာစီလိုနာေတာင္ပံကစားသမား ဒမ္ဘီလီကို ေခၚယူဖို႔အတြက္ ေဆြးေႏြးမႈေတြ ျပန္လည္ျပဳလုပ္လ်က္ရွိေနၿပီျဖစ္ေၾကာင္း 90min က ေဖာ္ျပထားပါတယ္။ ခ်ဲလ္ဆီးအေနနဲ႔ ၿပီးခဲ့တဲ့အေျပာင္းအေရႊ႕ေတြကတည္းက ဒမ္ဘီလီကိုေခၚယူဖို႔အတြက္ ႀကိဳးပမ္းခဲ့တာျဖစ္ၿပီး သူ႔ကိုလာမဲ့ေႏြရာသီမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူႏုိင္မွာပါ။

Alessandro-Bastoni-3-scaled-e1633615667260
IMAGE: GOAL

⚽ စပါးအေနနဲ႔ အင္တာမီလန္ ဘာစတြန္နီကို ကမ္းလွမ္းမႈ ျပဳလုပ္ထားေၾကာငး္ Calciomercato က ေဖာ္ျပထားပါတယ္။ စပါးနည္းျပ ကြန္တီက အင္တာမွာ လက္တြဲခဲ့တဲ့ ဘာစတြန္နီနဲ႔ ျပန္လည္ လက္တြဲလိုေနတာျဖစ္ၿပီးသူ႔ကို မန္စီးတီးကလည္း ေစာင့္ၾကည့္ေနပါတယ္။ အင္တာမီလန္ကေတာ့ သူတုိ႔ရဲ႕ ေနာက္ခံလူအတြက္ ယူရိုသန္း ၅၀ ကေန သန္း ၆၀ ၾကား အလိုရွိေနပါတယ္။

Getty-Images-1393500315
IMAGE: GOAL

⚽ လာလီဂါထိပ္သီးကလပ္ ဘာစီလုိနာအေနနဲ႔ ခ်ဲလ္ဆီးအစြန္ေနာက္ခံလူ အလြန္ဆိုကို ေခၚယူဖို႔ အားစိုက္ႀကိဳးပမ္းေနေပမဲ့ ျပႆနာ အရႈပ္အေထြးေတြ ရွိေနပါတယ္။ အလြန္ဆိုကို ေခၚယူဖို႔ရာ ခ်ဲလ္ဆီးရဲ႕ပိုင္ရွင္အေျပာငး္အလဲ၊ လစာေပးေခ်မႈအပိုင္း စတဲ့ အခက္အခဲေတြကို ဘာစီလိုနာ ရင္ဆုိင္ေနရပါတယ္။

Getty-Images-1395054129
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အေနနဲ႔ ဘရာဇီးလူငယ္ၾကယ္ပြင့္ မာကြင္ဟို႔စ္ကို ေခၚယူႏုိင္ခဲ့ၿပီျဖစ္ေၾကာင္း GOAL က ေဖာ္ျပထားပါတယ္။ မာကြင္ဟို႔စ္အေနနဲ႔ လန္ဒန္ၿမိဳ႕ကို ေရာက္ရွိလာၿပီးအေျပာင္းအေရႊ႕ကိစၥရပ္ေတြကို အၿပီးသတ္သြားမွာျဖစ္ပါတယ္။ အာဆင္နယ္အေနနဲ႔ ၁၉ ႏွစ္အရြယ္ ေဆာ္ေပၚလို တုိက္စစ္ကစားမားေလးအတြက္ ေပါင္ ၃ သန္းေပးေခ်သြားမွာ ျဖစ္ပါတယ္။

Henrikh-Mkhitaryan-4-scaled-e1652912455200
IMAGE: GOAL

⚽ စီးရီးေအကလပ္ အင္တာမီလန္အေနနဲ႔ ရိုးမား၀ါရင့္ေတာင္ပံကစားသမား မီခီတာရန္ကို ဗီလာ၊ စပါးတုိ႔နဲ႔အၿပိဳင္ ေခၚယူႏုိင္ဖုိ႔ ႀကိဳးပမ္းသြားမွာျဖစ္ပါတယ္။ မီခီတာရန္အေနနဲ႔ လာမဲ့ေႏြမွာ ပရီးမီးယားလိဂ္ကိုျပန္ေျပာငး္မယ္လုိ႔ သတင္းေတြ ထြက္ေပၚလ်က္ရွိေနပါတယ္။

mbappe
IMAGE: GOAL

⚽ ျပင္သစ္တုိက္စ္စမွဴး အမ္ဘာေပက အနာဂတ္နဲ႔ ပတ္သက္ၿပီး ပီအက္စ္ဂ်ီမွာပဲ ဆက္ေနမလား၊ ရီးရဲမက္ဒရစ္ကို ေျပာင္းေရႊ႕မလားဆိုတဲ့ သူ႔ဆံုးျဖတ္ခ်က္ကို ခ်ျပဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ သိရပါတယ္။ အမ္ဘာေပအေနနဲ႔ လာမဲ့တနဂၤေႏြေန႔မွာ သူ႔အနာဂတ္နဲ႔ ပတ္သက္ၿပီး ဆံုးျဖတ္ခ်က္ကို ေၾကညာသြားမယ္လို႔ L’Equipe က ေဖာ္ျပထားတာပါ။ လက္ရွိမွာ အမ္ဘာေပကို ပီအက္စ္ဂ်ီ မက္ေမာဖြယ္ရာ ကမ္းလွမ္းခ်က္ေတြနဲ႔အသင္းမွာ ဆက္ထိန္းႏုိင္ဖို႔ ႀကိဳးပမး္လ်က္ ရွိေနတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!