20-May-2022 အာဆင္နယ္ သတင္းမ်ား

[UNICODE]

1359228430
IMAGE: GOAL

⚽ အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်အနေနဲ့ ရာသီပိတ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အဲဗာတန်နဲ့ပွဲကို လွဲချော်မှာဖြစ်တယ်လု့ိ Football.london က ဖော်ပြထားပါတယ်။ စမစ်ရို့စ်အနေနဲ့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့လေ့ကျင့်ရေး အစီအစဉ်ကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။

arteta-dybala
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူဖို့ ဆက်သွယ်လျက်ရှိနေတယ်လို့ ESPN ကဖော်ပြထားပါတယ်။ အဓိက ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူး ဂျေဇူးအတွက်မန်စီးတီးဘက်က ပေါင် ၅၅ သန်း တောင်းဆိုတာကြောင့် အာဆင်နယ်ဟာ ဒိုင်ဘာလာဘက်ကို မြားဦးလှည့်လာခဲ့တာပါ။

comp-1652956406
IMAGE: GOAL

⚽ အာဆင်နယ်ကို ရောက်လာတော့မဲ့ ဂိုးသမားသစ် မတ်တာနာက သူ့အနေနဲ့ အာဆင်နယ်မှာ ဂိုးသမား ရမ်ဒေးစ်နဲ့ အတူလက်တွဲရမဲ့အပျော ်စိတ်လှုပ်ရှားမိကြောင်း၊ ရမ်ဒေးစ်ဟာ အတွေ့အကြုံများစွာကိုပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ သူတို့နှစ်ယောက်အတူတူ တိုးတက်လာဖို့ မျှော်လင့်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1240714012
IMAGE: GOAL

⚽ အဆင့် ၄ မျှော်လင့်ချက် မှေးမှိန်နေပေမဲ့ အာဆင်နယ်ဂန္ထဝင်ဂိုးသမားကြီး ဒေးဗစ်ဆီးမန်းကတော့ နည်းပြ အာတီတာဘက်က ကာကွယ်ခဲ့ပါတယ်။ အာတီတာဟာ အာဆင်နယ်အတွက် မှန်ကန်တဲ့နည်းပြလို့ခံစားရဆဲဖြစ်ကြောင်း၊ လေ့ကျင့်ရေးမှာ သူလုပ်ဆောင်နေတဲ့အရာတွေ၊ နည်းပြနည်းစနစ်တွေက ကောင်းမွန်ကြောင်း ဆီးမန်းက ဖွင့်ဟခဲ့ပါတယ်။

⚽ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ အဘွန်လဟော်က အာဆင်နယ်အနေနဲ့ ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရလည်း အောင်မြင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ “အာဆင်နယ်က စိတ်ပျက်စရာရာသီကိုကြုံခဲ့ရတယ်ဆိုပြီး တခြား Pundit တွေပြောဆိုနေတာ ကျွန်တော်တွေ့နေရပါတယ်။ အာဆင်နယ်ဟာ အောင်မြင်မှု ရခဲ့ပါတယ။် စပါးကို ကြည့်ရင် သူတို့မှာ ကိန်းနဲ့ဆွန်ဆိုတဲ့ ကမ္ဘာ့အဆင့် ကစားသမားနှစ်ယောက်ရှိပါတယ်။ အာဆင်နယ်မှာတော့ တစ်ယောက်မှ မရှိပါဘူး”လို့ အဘွန်လဟော်က ဆိုခဲ့ပါတယ်။

Getty-Images-1371595150
IMAGE: GOAL

⚽ စီးရီးအေကလပ် ဂျူဗင်တပ် ချူရီဘီနီက လန်ဒန်မြို့ကို ရောက်လာပြီး ဂါဘရီရယ်၊ မက်ကင်နေး၊ မက်အာသာတို့ရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဂျူဗင်တပ် အာဆင်နယ်နောက်ခံလူဂါဘရီရယ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး အာဆင်နယ်က မက်အာသာနဲ့ မက်ကင်နေးတို့ကို စိတ်ဝင်စားနေတာပါ။

Martinelli-03e7
IMAGE: GOAL

⚽ အာဆင်နယ်လူငယ်တိုက်စစ်ကစားသမား မာတင်နယ်လီအနေနဲ့ လာမဲ့ရာသီသစ်မှာကျောနံပါတ် ၃၅ ကနေ ကျောနံပါတ် ၁၁ကို ပြောင်းလဲ ဝတ်ဆင်သွားမှာပါ။ “အဲတော့ လာမဲ့နှစ်မှာ ငါက ဘယ်နံပါတ်ကို ဝတ်ရမလဲ။ကံကောင်းပါစေ amigo။ မင်းကိုချစ်တယ်”လို့ အာဆင်နယ်မှာ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ခဲ့တဲ့ တော်ရဲရားက မှတ်ချက်ပြုခဲ့ပါတယ်။

william-saliba
IMAGE: GOAL

⚽ မာဆေးမှာ အငှားနဲ့ ကစားနေတဲ့ အာဆင်နယ်ကွင်းလယ်လူ ဂန်ဒိုဇီက သူနဲ့အတူတူ မာဆေးမှာ အတူတူ ကစားနေတဲ့ ဆာလီဘာကို လာမဲ့နှစ်မှာ မာဆေးမှာ အတူတူဆက်နေဖို့ တိုက်တွန်းခဲ့ပါတယ်။”ဆာလီဘာအနေနဲ့ မာဆေးမှာ ဆက်နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူက ခမ်းနားတဲ့ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့တာပါ။

[ZAWGYI]

1359228430
IMAGE: GOAL

⚽ အာဆင္နယ္လူငယ္ၾကယ္ပြင့္ စမစ္ရို႕စ္အေနနဲ႔ ရာသီပိတ္ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ့ အဲဗာတန္နဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္တယ္လု႔ိ Football.london က ေဖာ္ျပထားပါတယ္။ စမစ္ရို႕စ္အေနနဲ႔ ဗုဒၶဟူးေန႔က ျပဳလုပ္ခဲ့တဲ့ေလ့က်င့္ေရး အစီအစဥ္ကို လြဲေခ်ာ္ခဲ့တယ္လုိ႔ သိရပါတယ္။

arteta-dybala
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ဂ်ဴဗင္တပ္တုိက္စစ္ကစားသမား ဒို္င္ဘာလာကို ေခၚယူဖို႔ ဆက္သြယ္လ်က္ရွိေနတယ္လုိ႔ ESPN ကေဖာ္ျပထားပါတယ္။ အဓိက ပစ္မွတ္ထားေနတဲ့ တိုက္စစ္မွဴး ေဂ်ဇူးအတြက္မန္စီးတီးဘက္က ေပါင္ ၅၅ သန္း ေတာင္းဆုိတာေၾကာင့္ အာဆင္နယ္ဟာ ဒို္င္ဘာလာဘက္ကို ျမားဦးလွည့္လာခဲ့တာပါ။

comp-1652956406
IMAGE: GOAL

⚽ အာဆင္နယ္ကို ေရာက္လာေတာ့မဲ့ ဂိုးသမားသစ္ မတ္တာနာက သူ႔အေနနဲ႔ အာဆင္နယ္မွာ ဂိုးသမား ရမ္ေဒးစ္နဲ႔ အတူလက္တြဲရမဲ့အေပ်ာ ္စိ္တ္လႈပ္ရွားမိေၾကာင္း၊ ရမ္ေဒးစ္ဟာ အေတြ႕အႀကံဳမ်ားစြာကိုပိုင္ဆုိင္ထားသူျဖစ္ေၾကာငး္၊ သူတုိ႔ႏွစ္ေယာက္အတူတူ တုိးတက္လာဖို႔ ေမွ်ာ္လင့္ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1240714012
IMAGE: GOAL

⚽ အဆင့္ ၄ ေမွ်ာ္လင့္ခ်က္ ေမွးမွိန္ေနေပမဲ့ အာဆင္နယ္ဂႏၳ၀င္ဂိုးသမားႀကီး ေဒးဗစ္ဆီးမန္းကေတာ့ နည္းျပ အာတီတာဘက္က ကာကြယ္ခဲ့ပါတယ္။ အာတီတာဟာ အာဆင္နယ္အတြက္ မွန္ကန္တဲ့နည္းျပလို႔ခံစားရဆဲျဖစ္ေၾကာင္း၊ ေလ့က်င့္ေရးမွာ သူလုပ္ေဆာင္ေနတဲ့အရာေတြ၊ နည္းျပနည္းစနစ္ေတြက ေကာင္းမြန္ေၾကာင္း ဆီးမန္းက ဖြင့္ဟခဲ့ပါတယ္။

⚽ ေဘာလံုးေ၀ဖန္သူအျဖစ္ေဆာင္ရြက္ေနတဲ့ အဘြန္လေဟာ္က အာဆင္နယ္အေနနဲ႔ ဒီရာသီမွာ ခ်န္ပီယံလိဂ္၀င္ခြင့္ မရလည္း ေအာင္ျမင္ခဲ့ေၾကာင္း ဖြင့္ဟခဲ့ပါတယ္။ “အာဆင္နယ္က စိတ္ပ်က္စရာရာသီကိုႀကံဳခဲ့ရတယ္ဆုိၿပီး တျခား Pundit ေတြေျပာဆုိေနတာ ကၽြန္ေတာ္ေတြ႕ေနရပါတယ္။ အာဆင္နယ္ဟာ ေအာင္ျမင္မႈ ရခ့ဲပါတယ။္ စပါးကို ၾကည့္ရင္ သူတုိ႔မွာ ကိန္းနဲ႔ဆြန္ဆိုတဲ့ ကမာၻ႕အဆင့္ ကစားသမားႏွစ္ေယာက္ရွိပါတယ္။ အာဆင္နယ္မွာေတာ့ တစ္ေယာက္မွ မရွိပါဘူး”လို႔ အဘြန္လေဟာ္က ဆုိခဲ့ပါတယ္။

Getty-Images-1371595150
IMAGE: GOAL

⚽ စီးရီးေအကလပ္ ဂ်ဴဗင္တပ္ ခ်ဴရီဘီနီက လန္ဒန္ၿမိဳ႕ကို ေရာက္လာၿပီး ဂါဘရီရယ္၊ မက္ကင္ေနး၊ မက္အာသာတုိ႔ရဲ႕ အေျပာင္းအေရႊ႕ကိစၥေတြကို ေဆြးေႏြးသြားမွာ ျဖစ္ပါတယ္။ ဂ်ဴဗင္တပ္ အာဆင္နယ္ေနာက္ခံလူဂါဘရီရယ္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနၿပီး အာဆင္နယ္က မက္အာသာနဲ႔ မက္ကင္ေနးတုိ႔ကို စိတ္၀င္စားေနတာပါ။

Martinelli-03e7
IMAGE: GOAL

⚽ အာဆင္နယ္လူငယ္တုိက္စစ္ကစားသမား မာတင္နယ္လီအေနနဲ႔ လာမဲ့ရာသီသစ္မွာေက်ာနံပါတ္ ၃၅ ကေန ေက်ာနံပါတ္ ၁၁ကုိ ေျပာင္းလဲ ၀တ္ဆင္သြားမွာပါ။ “အဲေတာ့ လာမဲ့ႏွစ္မွာ ငါက ဘယ္နံပါတ္ကို ၀တ္ရမလဲ။ကံေကာငး္ပါေစ amigo။ မင္းကိုခ်စ္တယ္”လို႔ အာဆင္နယ္မွာ ေက်ာနံပါတ္ ၁၁ ကို ၀တ္ဆင္ခဲ့တဲ့ ေတာ္ရဲရားက မွတ္ခ်က္ျပဳခဲ့ပါတယ္။

william-saliba
IMAGE: GOAL

⚽ မာေဆးမွာ အငွားနဲ႔ ကစားေနတဲ့ အာဆင္နယ္ကြင္းလယ္လူ ဂန္ဒိုဇီက သူနဲ႔အတူတူ မာေဆးမွာ အတူတူ ကစားေနတဲ့ ဆာလီဘာကို လာမဲ့ႏွစ္မွာ မာေဆးမွာ အတူတူဆက္ေနဖို႔ တုိက္တြန္းခဲ့ပါတယ္။”ဆာလီဘာအေနနဲ႔ မာေဆးမွာ ဆက္ေနဖို႔ ကၽြန္ေတာ္ ေမွ်ာ္လင့္ပါတယ္။ သူက ခမ္းနားတဲ့ရာသီတစ္ခုကို ပိုင္ဆုိင္ခဲ့တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!