၁၇-မေ-၂၀၂၂ အပြောင်းအရွှေ့သတင်းများ

image
iMAGE: GOAL

⚽️ အမ်ဘာပေ ကတော့ သူ့ အနာဂတ်ကို ပြင်သစ် လက်ရွေးစင် နဲ့ ဇွန်လမှာ မပူးပေါင်းခင်မှာ ကြေငြာသွားမယ်လို့ဆိုပါတယ်။ အမ်ဘာပေက ခုချိန်ထိ PSG နဲ့ သက်တမ်းတိုးခြင်း မရှိသလို ရီးရဲလ် အသင်းနဲ့လည်း သတင်းထွက်နေတာဖြစ်ပါတယ်။

image
iMAGE: GOAL

⚽️ အာဆင်နယ် အသင်းက သူတို့ ကစားသမားဖြစ်တဲ့ ပါဘလို မာရီ နဲ့ အူဒီနက်စ် ရဲ့ ကစားသမားဖြစ်တဲ့ နာဟူး မိုလီနာကို အလဲအထပ်လုပ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။ မာရီက လက်ရှိ အူဒီနက်စ်မှာ အငှား ကစားနေပြီး ကလပ်က အပြီးသတ် ခေါ်ယူချင်တာပါ။ အာဆင်နယ် အနာဂတ်မှာ မာရီ မပါတာကြောင့် မိုလီနာကို လိုချင်နေတာဖြစ်သည်။

image
iMAGE: GOAL

⚽️ လီဗာပူးအသင်းက ဂျုတ်ဘယ်လင်ဟမ် ရဲ့ ညီဖြစ်တဲ့ အသက် ၁၆ နှစ်အရွယ် ဂျိုဘီ ဘယ်လင်ဟမ်ကို ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ဆိုပါတယ်။ ဒီ ကစားသမားက ဘာမင်ဟမ် မှာ ကစားနေတာဖြစ်ပြီး ပရော်ဖက်ရှင်နယ် စာချုပ်ကို တစ်ခြားကလပ်နဲ့ နောက်ရာသီမှာ ချုပ်ဆိုနိူင်တော့မှာဖြစ်ပါတယ်။

image
iMAGE: GOAL

⚽️ အာဆင်နယ် အသင်းကနေ အငှားခေါ်ယူထားတဲ့ ကွင်းလယ် ကစားသမားဖြစ်တဲ့ လူးကပ်စ် တော်ရိုင်းယားကို ဖီအိုရမ်တီးနားက အပြီးသတ် ခေါ်ယူချင်တယ်လို့သိရပါတယ်။ စာချုပ်အရ အပြီးသတ်ခေါ်ယူဖို့ ယူရို ၁၅ သန်းပေးရမှာဖြစ်ပေမယ့် စျေးလျှော့ပေးဖို့ တောင်းဆိုသွားမယ်လို့ဆိုပါတယ်။

image
iMAGE: GOAL

⚽️ တူချယ် ကတော့ သူတို့ အနေနဲ့ အင်ဒရီးယက်စ် ခရစ်စတန်ဆင်ကို လက်လွှတ်လိုက်ရပြီလို့ ပြောကြားလိုက်ပါတယ်။ ခရစ်စတန်ဆင် က ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့တော့မှာဖြစ်ပြီး နောက်ရာသီမှာ လာလီဂါမှာ ကစားမှာဖြစ်ပါတယ်။

image
iMAGE: GOAL

⚽️ နယူးကာဆယ် အသင်းက မန်ယူအသင်းမှာ နေရာမရ ဖြစ်နေတဲ့ ဒင်းဟန်ဒါဆင်ကို လာမယ့် နွေမှာ ခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ဆိုပါတယ်။ ဟန်ဒါဆင် အနေနဲ့ ဒီဂီယာ နောက်မှာ ဒုတိယ ဂိုးသမား မဖြစ်ချင်သလို ပွဲထွက် ကစားခွင့်ရဖို့အတွက် အသင်းပြောင်းချင်နေတယ်လို့ဆိုပါတယ်။

image
iMAGE: GOAL

⚽️ အလက်တီကို အသင်းက ဆွာရက်စ်က လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာမယ်လို့ ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ သူ့ ကို စတီဗင် ဂျာရတ်က အက်စတွန်ဗီလာ အသင်းကို ပြန်ခေါ်ယူချင်နေသလို တစ်ခြားကလပ်ဖြစ်တဲ့ အင်တာမီလန်နဲ့ ဆီဗီလာတို့လည်း စိတ်ဝင်စားနေတာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!