
⚽️ လီဗာပူးအသင်းက တိုက်စစ်မှူးဖြစ်တဲ့ အိုရီဂီကို လာမယ့်နွေမှာ အေစီမီလန် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အေစီမီလန် နဲ့ အော်ရီဂီ တို့က စာချုပ် အတွက်ကို စတင် ဆွေးနွေးနေပြီဖြစ်ပြီး အော်ရီဂီ ကတော့ သူ့အနေနဲ့ ကလပ်ကနေ ထွက်ခွာတော့မယ်လို့ ဘုတ်အဖွဲ့ကို အသိပေးပြီးဖြစ်ပါတယ်။

⚽️ နယူးကာဆယ် အသင်းကတော့ အဲဗာတန် တိုက်စစ်မှူးဖြစ်တဲ့ ဒေါမနစ် ကာဗက်လီဗင် ကို ခေါ်ယူဖို့အတွက် စတင် ပြင်ဆင်နေပြီဖြစ်ပေမယ့် ကစားသမားကိုယ်တိုင်က အာဆင်နယ် အသင်းကိုသာလျင်ပြောင်းရွှေ့လိုတယ်လို့သိရပါတယ်။

⚽️ ဘေယန်မြူးနစ် အသင်းကတော့ လာမယ့်နွေမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိူင်မယ့် ဒမ်ဘီလီကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားလာတယ်လို့ဆိုပါတယ်။ လီဗန်ဒေါ့စကီးက ဘေယန် နဲ့ စာချုပ်သက်တမ်းမတိုးပဲ အသင်းကနေ ထွက်ခွာတော့မယ်လို့ အတိအလင်းကြေငြာထားသူဖြစ်ပါတယ်။ လီဗန်ဒေါ့စကီး နေရာကို ဒမ်ဘီလီနဲ့ အစားထိုးချင်နေတာဖြစ်သည်။

⚽️ ဘာစီလိုနာ အသင်းက လိဒ် က တောင်ပံ ကစားသမားဖြစ်တဲ့ ရာဖင်ဟာ ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လိဒ်ကတော့ လက်ရှိမှာ သူ့ ကစားသမားကို ရောင်းချ လိုခြင်း မရှိပဲ သူ့စာချုပ်မှာ လျော်ကြေး ပေါင် ၇၅ သန်းပါဝင်တာဖြစ်ပါတယ်။

⚽️ အာဆင်နယ် အသင်းက ဘိုလော့နာ လူငယ်ဖြစ်တဲ့ အာရွန် ဟစ်ကီးကို ပေါင် ၂၁ သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီသွားပြီလို့ဆိုပါတယ်။ ဟစ်ကီးက အသက် ၁၉ နှစ်သာ ရှိသေးပြီး ဒီရာသီမှာ ၃၄ ပွဲ ကစားကာ ၅ ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။ လာမယ့် အပတ်တွေမှာ အပြီးသတ် ခေါ်ယူနိူင်ဖို့ အာဆင်နယ် စတင်ပြင်ဆင်နေပြီဖြစ်ပါတယ်။

⚽️ ဘာစီလိုနာ အသင်း က ဖရန်ကီ ဒီဂျောင်းကို မန်ယူအသင်းက ခေါ်ယူမယ်လို့ သတင်းထွက်နေပေမယ့်လည်း ကစာသမား ကိုယ်တိုင်က မန်ယူအစား မန်စီးတီး ကိုသာလျင်ပြောင်းရွှေ့ချင်နေသူဖြစ်ပါတယ်။ ဘာကာကတော့ ဒီဂျောင်းအတွက် စတာလင် ဒါမှမဟုတ် ဆေလ်းဗားကို တောင်းဆိုသွားမယ်လို့ Mirror က ဆိုပါတယ်။

⚽️ ဂျူဗီ အသင်းကတော့ အင်တာမီလန် တောင်ပံကစားသမားဖြစ်တဲ့ အိုဗန် ပါရီဆစ်ကို ခေါ်ယူဖို့အတွက် စာချုပ်ကို ကမ်းလှမ်းဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ၃၃ နှစ်သားက လာမယ့်နွေမှာ စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး အင်တာကတော့ စာချုပ်သက်တမ်းတိုးလိုခြင်းမရှိဘူးလို့ဆိုပါတယ်။