7-May-2022 အပြောင်းအရွှေ့သတင်းများ

Screenshot-2022-05-07-at-09-03-19
IMAGE: GOAL

⚽️ ပေါ့ဘာက မကြာခင်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်ပါတယ်။ Daily Mail အဆိုအရ ဂွာဒီယိုလာ အနေနဲ့ သူ့ကွင်းလယ်ကို အားဖြည့်ချင်တာကြောင့် ပေါ့ဘာကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

image
IMAGE: GOAL

⚽️ အဲရစ်ဆင် က တော့ ကနဦး ဘရန်းဖိုဒ့် အသင်းနဲ့ ၆ လ စာချုပ်သာ ချုပ်ဆိုခဲ့ပေမယ့် ခြေစွမ်း ပြနိူင်တာကြောင့် သူ့ကို အသင်းဟောင်းဖြစ်တဲ့ စပါး က မျက်စိကျလာပါတယ်။ ဒါပေမယ့် အဲရစ်ဆင်ကတော့ ဘရန်းဖိုဒ့်မှာသာ ဆက်နေဖို့ အလိုရှိနေပါတယ်။

image
IMAGE: GOAL

⚽️ ချဲလ်ဆီး အသင်းအနေနဲ့ ဒေါ့မွန် အသင်းက ဟားလန်းကို ခေါ်ယူဖို့အတွက် ဗြိတိန် အစိုးရရဲ့ စီးပွားရေး ပိတ်ဆို့မှုကို ဒေါသထွက်နေတယ်လို့ဆိုပါတယ်။ ချဲလ်ဆီးကတော့ လူကာကူကို ပြန်ရောင်းထုတ်ပြီး နောက်တိုက်စစ်မှူးရှာချင်နေတာဖြစ်ပါတယ်။

image
IMAGE: GOAL

⚽️ ဆွာရက်စ် အနေနဲ့ မကြာခင်မှာ အလက်တီကို အသင်းနဲ့ စာချုပ်ကုန်ဆုံးတော့မှာဖြစ်ပြီး သူ့ကို တစ်ကယ်လို့ ဘာစီလိုနာ အသင်းက လစာ လျှော့ပြီး စာချုပ် ကမ်းလှမ်းခဲ့ရင် ပြန်သွားဖို့ အဆင်သင့်ဖြစ်နေပါတယ်။

image
IMAGE: GOAL

⚽️ ချာလော့တီ နည်းပြဖြစ်တဲ့ မီဂေါလ်အိန်ဂျယ် ရာမီရက်စ် ကတော့ မက်ဆီ အနေနဲ့ သူ့ ကစားသမားဘ၀ကို MLS မှာ အဆုံးသတ်ဖို့ မလိုကြောင်း၊ မက်ဆီက ဘောလုံး လောက ပုံရိပ်ကို မြှင့်တင်ခဲ့တဲ့ ကစားသမား ဖြစ်ကြောင်း၊ သူက ဥရောပ လိဂ်တွေ ကစားဖို့ ထိုက်တန်တဲ့ ကစားသမားဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။

image
IMAGE: GOAL

⚽️ စပါးကွင်းလယ်လူဖြစ်တဲ့ လိုဆယ်လိုက ဗီလာရီးရဲလ် အသင်းမှာ အငှားနဲ့ သွား ကစားခဲ့ပေမယ့် အူနိူင်းအီမရီ အသင်းကို ဆီမီးရောက်အောင် စွမ်းဆောင်နိူင်ခဲ့ပါတယ်။ ဗီလာရီးရဲလ်က အပြီးသတ်ခေါ်လိုပေမယ့် စပါးတောင်းတဲ့ စျေး မပေးနိူင်တာကြောင့် ဆီဗီလာက ကြားဖြတ်ခေါ်ယူဖို့ ကြံနေတာဖြစ်ပါတယ်။

image
IMAGE: GOAL

⚽️ အာဆင်နယ် အသင်းက လာမယ့် နွေမှာ ဂျူဗီ အသင်းက ကွင်းလယ်လူဖြစ်တဲ့ အာသာ မယ်လို ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ဆိုပါတယ်။ ဂန်းနားတို့က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

image
IMAGE: GOAL

⚽️ ချဲလ်ဆီး အသင်းက တိုရီနို အသင်းက ဂလိုင်ဆင် ဘရီမာကို ခေါ်ယူဖို့ ကြံနေတယ်လို့ Football London က ဆိုပါတယ်။ ချဲလ်ဆီး အသင်းက ဒီ ဘရာဇီလ်းသားကို ကင်းထောက်စေလွှတ်ကြည့်ရှုစေခဲ့ပြီး လာမယ့်နွေမှာ ရူဒီဂျာ အစားထိုးဖို့ကြံနေတာဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!