
⚽️ မက်ဆီ အနေနဲ့ PSG မှာ နောက်ထပ် ၁ ရာသီ ကစားစေဖို့အတွက် PSG အသင်းက အလိုရှိနေပြီး သူ့ကို အလွယ်တစ်ကူ လက်လွှတ်ဖို့အစီအစဉ် မရှိဘူးလို့ဆိုပါတယ်။ ဒါပေမယ့် သူ့ အသင်းဖော် နေမာ ကိုတော့ အသင်းကနေ ထွက်ခွာမယ်ဆို ရင် ထွက်ခွာဖို့ အခွင့်အရေးပေးထားတယ်လို့ Sky Sports News က ဖော်ပြလိုက်ပါတယ်။

⚽️ မန်ယူအသင်း အနေနဲ့ လာမယ့် နွေမှာ ဘာစီလိုနာ အသင်းကနေ ဖရန်ကီ ဒီဂျောင်း ကိုခေါ်ယူဖို့အတွက် အသင်းက တိုက်စစ်မှူးဖြစ်တဲ့ မားကပ်စ် ရက်ချ်ဖိုဒ့် နဲ့ အဲလက်စ် တဲလက်စ် ကို အလိုက်ပေး ကမ်းလှမ်းသွားဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

⚽️ Reims ရဲ့ တိုက်စစ်မှူးဖြစ်တဲ့ ဟူဂို အီကီတိုက် ကတော့ လာမယ့် နွေမှာ ထွက်ခွာဖို့ ရှိတယ်လို့ အသင်း ဥကဌ ဂျင် ပယ်ရီ ကိုင်လော့က ပြောကြားလိုက်ပါတယ်။ ဒီ ကစားသမား ကို လီဗာပူး၊ ချဲလ်ဆီး၊ မန်ယူ နဲ့ နယူးကာဆယ်တို့က ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

⚽️ အာဆင်နယ် အသင်းကတော့ အသင်းမှာ အံဝင်ခြင်း မရှိတဲ့ ပီပီ ကို လာမယ့် နွေမှာ ရောင်းထုတ်ပြီး အပြောင်းအရွှေ့အတွက် ငွေရှာသွားမယ်လို့ဆိုပါတယ်။

⚽️ ချဲလ်ဆီး နဲ့ မန်ယူအသင်းက အေးဂျက် အသင်းက အန်ထော်နီကို ခေါ်ယူဖို့အတွက် ကလပ်နဲ့ စတင်ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။ ဒီ ဘရာဇီး တောင်ပံ ကစားသမားက လက်ရှိ အေးဂျက်မှာ ခြေစွာနေတာကြောင့် ပရီးမီးယား လိဂ် ကလပ်တွေ စိတ်ဝင်စားလာတာဖြစ်ပါတယ်။

⚽️ ဘာစီလိုနာအသင်းက သူတို့ လူငယ် ကစားသမားဖြစ်တဲ့ ရော်နယ် အရာဂျို နဲ့ စာချုပ်သက်တမ်းတိုးနိူင်ဖို့ နီးစပ်နေပြီလို့ဆိုပါတယ်။ ဒီ ကစားသမားကို ၂၀၂၆ အထိ စာချုပ် ချုပ်ဆို သွားမှာဖြစ်ပြီး မကြာခင်ကြေငြာသွားမယ်လို့ဆိုပါတယ်။

⚽️ ဒေါ့မွန် အသင်းကတော့ လာမယ့်နွေမှာ အသင်းကနေ ထွက်ခွာမယ့် ဟားလန်း နေရာကို အစားထိုးဖို့အတွက် စပါတာပရက် က အဒမ် ဟလိုဇက် ကို ပစ်မှတ်ထားနေတယ်လို့ BILD က ဖော်ပြလိုက်ပါတယ်။