
⚽️ အင်တာမီလန် အသင်းက တိုက်စစ်မှူးဖြစ်တဲ့ လော်တာရိုကို ခေါ်ယူဖို့ ကြံလာတယ်လို့ဆိုပါတယ်။ အင်တာမီလန်ကလည်း ဘာစီလိုနာအသင်းက ဒီပေးကို ရယူလိုချင်တယ်လို့ဆိုပါတယ်။

⚽️ အာဆင်နယ် နောက်တန်းလူဖြစ်တဲ့ ဂါဘရီရဲလ် က ဘာစီလိုနာအသင်း နည်းပြဖြစ်တဲ့ ဇာဗီ ရဲ့စိတ်ဝင်စားခြင်းကို ခံရသူဖြစ်ပါတယ်။ ဒါပေမယ့် သူကတော့ လက်ရှိမှာ အာဆင်နယ် အသင်းက သူ့ အသင်းဖြစ်ကြောင်း၊ သူက အသင်းမှာပျော်ရွှင်နေကြောင်း အနာဂတ်ကို မစဉ်းစားကြောင်း ပြောကြားလိုက်ပါတယ်။

⚽️ PSG အသင်းက လာမယ့်နွေမှာ ပိုချက်တီနို ကို ထုတ်ပယ်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။ ပိုချက်တီနိူကို ထုတ်ပယ်ပြီးတော့ လာမယ့်နွေမှာ ချန်ပီယံလိဂ်ဖလားလိုချင်တာကြောင့် ရီးရဲလ်နည်းပြဟောင်း ဇီဒိန်းကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

⚽️ လတ်တစ်လောမှာ ချဲလ်ဆီးအသင်းနဲ့ ခြေစွမ်း မပြနိူင်ဖြစ်နေတဲ့ ဂျော်ဂျင်ဟို ကို ခေါ်ယူဖို့အတွက် ဂျူဗင်တပ်စ် က စိတ်ဝင်စားနေတယ်လို့ဆိုပါတယ်။ ဂျူဗီက ဖလားလက်မဲ့ရာသီကို နောက်ထပ် မဖြတ်သန်းတာကြောင့် ချဲလ်ဆီး ကွင်းလယ် ကစားသမားကို ခေါ်ယူချင်နေတာဖြစ်ပါတယ်။

⚽️ အလက်တီကို မက်ဒရစ် အသင်းက လာမယ့်နွေမှာ နာဘီလ် ဖီကီယာ ကိုခေါ်ဖို့အတွက် Fichajes က ဖော်ပြလိုက်ပါတယ်။ ဖီကီယာက ဒီရာသီမှာခြေစွာနေတာဖြစ်ပါ ပြီး ဆိုင်မြွန်းက ခေါ်ယူချင်တာဖြစ်သည်။

⚽️ မန်ယူအသင်းက ရေးဗားပလိတ် အသင်းက ကွင်းဘယ် ကစားသမားဖြစ်တဲ့ အင်ဇို ဖာနန်ဒက်စ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ Mail က ဆိုပါတယ်။ မန်ယူအသင်းက ဒီကစားသမားကို ခေါ်ယူဖို့အတွက် ကင်းထောက်စေလွတ်ထားပြီး သူ့ကို ပေါင် သန်း ၂၀ သတ်မှတ်ထားတယ်လို့ဆိုသည်။

⚽️ PSG အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဆာဂျီရို ရာမိုစ့်ကို ခေါ်ယူဖို့အတွက် အင်တာမီယာမီ အသင်းပိုင်ရှင် ဒေးဗစ် ဘက်ဟမ်းက ခေါ်ယူဖို့အတွက် စဉ်းစားနေတယ်လို့ဆိုပါတယ်။ အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ရာမိုစ့်ကိုလည်း အသင်းကနေ ဖယ်ထုတ်ဖို့ စီစဉ်နေတယ်လို့ဆိုသည်။

⚽️ နယူးကာဆယ် အသင်းက ကလပ်ကြီးတွေ ပစ်မှတ်ဖြစ်နေတဲ့ ဒါဝင်နူနက်ဇ် ကို ယူရို သန်း ၆၀ နဲ့ ကမ်းလှမ်းခဲ့တယ်လို့ Footmercato က ဆိုပါတယ်။ နူနက်စ်က ဒီရာသီမှာ ၃၇ ပွဲမှာ ၃၂ ဂိုးအထိ အထိ သွင်းယူနိူင်တာကြောင့် PSG, မန်ယူ၊ မန်စီးတီး၊ အာဆင်နယ် နဲ့ လီဗာပူးအသင်းတို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။