ဒီရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိူင်တဲ့ ထိပ်တန်း ဘောလုံး ကစားသမား ၁၁ ယောက်

နွေရာသီ အပြောင်းအရွှေ့က တစ်ဖြည်းဖြည်းနဲ့ နီးကပ်လာပြီဖြစ်သလို နာမည်ကြီး ကစားသမားတွေလည်း သက်ဆိုင်ရာ ကလပ်တွေနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာပါ။ ဒီကစားသမားတွေ ထဲမှာ အမ်ဘာပေ၊ ပေါ့ဘာ နဲ့ ဒိုင်ဘာလာတို့လို့ ကစားသမားတွေ ပါဝင်ပါတယ်။

ဒီ ကလပ်တော်တော်များများကို ရင်ဆိုင်နိူင်မယ့် ပထမ ကစားသမား ၁၁ ယောက်ကို Express က ၃-၄-၃ ကစားကွက် နဲ့ အောက်ပါ အတိုင်းဖော်ပြလိုက်ပါတယ်။

image
IMAGE: GOAL

ဂိုးသမား – အင်ဒရေ အိုနာနာ

အေးဂျက်အသင်းရဲ့ ထိပ်တန်း ဂိုးသမားဖြစ်တဲ့ အင်ဒရေ အိုနာနာ ကလည်း အလွတ်နဲ့ခေါ်နိူင်တဲ့ ဂိုးသမားပါ။ ဒီ ကင်မရွန်းနိူင်ငံသားက အင်တာမီလန် အသင်းကို ပြောင်းရွှေ့ဖို့ သတင်းကျယ်ကျယ်လောင်လောင် ထွက်နေတာဖြစ်ပါတယ်။ အင်တာမီလန် အသင်းကတော့ အကျပိုင်း ရောက်နေတဲ ဟန်ဒါနိူဗစ်နေရာ အစားထိုးချင်တာပါ။ ထိပ်တန်း အဆင့်မှာ ရှိနေတဲ့ အိုနာနာ ကတော့ အင်တာ မှာ ချက်ချင်း အံဝင်အောင် ကစားနိူင်မှာပါ။

image
IMAGE: GOAL

နောက်တန်း – ရူဒီဂျာ ၊ ခရစ်စတီယန်ဆင်၊ ရိုမဂ်နိူလီ

ချဲလ်ဆီး အသင်း နောက်တန်းလူဖြစ်တဲ့ ရူဒီဂျာ နဲ့ ခရစ်စတီယန်ဆင်တို့ ၂ ယောက်လုံးကို Express က ထည့်ထားပါတယ်။ ချဲလ်ဆီး အသင်းကတော့ လက်ရှိမှာ ကစားသမားတွေကို စာချုပ်သက်တမ်းတိုးလို့ မ၇နိူင်တဲ့ အနေအထားပါ။ ရူဒီဂျာ ကိုတော့ မန်ယူအသင်း နဲ့ ရီးရဲလ် အသင်းတို့ ချဉ်းကပ်နေပြီး ကစားသမားက ဘယ်ကိုပြောင်းမလည်းဆိုတာ မဆုံးဖြတ်ရသေးပါဘူး။

ခရစ်စတီယန်ဆင်ကတော့ ဘာစီလိုနာအသင်းကို ပြောင်းဖို့အတွက် သတင်းပြေးနောပါတယ်။ အေစီမီလန် အသင်းက ရိုမဂ်နိူလီကတော့ စီးရီးအေမှာပဲ ဆက်ကစားဖို့ ရှိပြီး လာဇီယိုက စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ကွင်းလယ် – ဒမ်ဘီလီ ၊ ကက်စ်ဆီ၊ ပေါ့ဘာ ၊ လင်ဂတ်

image
IMAGE: GOAL

ကွင်းလယ်မှာတော့ ဒမ်ဘီလီကို ညာတောင်ပံဘက် ကစားပြီး လင်ဂတ်ကို ဘယ်တောင်ပံမှာကစားခိုင်းပါတယ်။ ကွင်းလယ်မှာတော့ ပေါ့ဘာ နဲ့ ကက်ဆီတို့ကို တွဲဖက်ထားပြီး သူတို့ အတွဲအဖက်မိမှာပါ။ လင်ဂတ် ကို မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ အစီအစဉ် မရှိသလို လင်ဂတ်ကတော့ နယူးကာဆယ် အသင်းနဲ့ သတင်းထွက်နေတာပါ။

image
IMAGE: GOAL

ဒမ်ဘီလီ ကလည်း အခုချိန်မှာ ဘာစီလိုနာအတွက် ခြေစွမ်းပြနေသလို စာချုပ်သက်တမ်းက လည်း ကုန်တော့မှာပါ။ ဒမ်ဘီလီ အနေနဲ့ ချဲလ်ဆီးနဲ့ သတင်းထွက်ခဲ့ပေမယ့် မကြာခဏ ဒဏ်ရာရတဲ့ သူ့ကို ဘာစီလိုနာ ဆက်ခေါ်မလား တစ်ခြားကလပ်မှာမြင်ရမလားဆိုတာ စောင့်ကြည့်ရမှာပါ။ ကက်ဆီ ကတော့ အေစီမီလန် နဲ့ စာချုပ်ကုန်ဆုံးဖို့ နီးစပ်လာပါပြီ။ ပေါ့ဘာ ကတော့ မန်ယူအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ ပြင်ဆင်နေပြီး ဂျူဗီ နဲ့ ရီးရဲလ်နဲ့ချိတ်နေတာပါ။

image
IMAGE: GOAL

ရှေ့တန်း – ဒီမာရီယာ ၊ ဒိုင်ဘာလာ ၊ အမ်ဘာပေ

ရှေ့တန်းမှာတော့ ဒီ ကစားသမား ၃ ယောက်ကို စိတ်ကြိုက် ပုံဖော် ကစားခွင့်ပြုထားပါမယ်။ မာရီယာ ကို တော့ PSG အသင်းက လက်လွှတ်လိုက်ဖွယ် ရှိပါတယ်။ ဒါပေမယ့် အမ်ဘာပေ ကိုတော့ PSG အသင်းက လက်မလွတ်ချင်တာကြောင့် လက်မှတ်ထိုးခ ပေါင်သန်း ၁၀၀ အထိ ပေးချေဖို့ လုပ်ပေမယ့် ခုချိန်ထိ သဘောတူညီချက်မရသေးပါဘူး။

image
IMAGE: GOAL

အမ်ဘာပေ ကို ရီးရဲလ်အသင်းက ချိတ်ဆက်နေပြီး သူကိုယ်တိုင်ကလည်း အသင်းပြောင်းချင်နေတာပါ။ ခုချိန်ထိ အမ်ဘာပေကတော့ ဘယ်အသင်းပြောင်းမလည်းဆိုတာမပြောသေးပါဘူး။ ဒိုင်ဘာလာ ကိုယ်တိုင်ကလည်း ဂျူဗီ အသင်းကနေ ထွက်ခွာချင်နေပြီး သူက ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ မန်ယူ၊ စပါး နဲ့ လီဗာပူးတို့နဲ့ သတင်းထွက်နေတာပါ။

SOURCE: EXPRESS UK



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!