12-Feb-2022 ပရီးမီးယားလိဂ် သတင်းများ

image
IMAGE: GOAL

⚽️ ဒီရာသီမှ ချဲလ်ဆီး အသင်းကို ပြန်ရောက်ရှိလာတာဖြစ်ပေမယ့် လူကာကူက ချဲလ်ဆီးမှာ အင်တာက ခြေရဖို့အတွက် ရုန်းကန်ရလျက်ရှိပါတယ်။ သူက ချဲလ်ဆီး အသင်း က တူချယ် ကစားကွက်မှာအံမဝင်လို့ မပျော်မရွှင်ဖြစ်နေတယ်လို့ လူသိရှင်ကြား အင်တာဗျူးမှာ ဖြေဆိုခဲ့တာကြောင့် တူချယ် နဲ့ ချဲလ်ဆီး ပရိတ်တွေ ရဲ့ ငြူစူခြင်းကို ခံရသူလည်းဖြစ်ပါတယ်။ အခု ချိန်မှာလည်း ‘မင်းတစ်ကယ်လို့ အတင်း လုပ်မယ်ဆိုရင် အံဝင်ခွင်ကျဖြစ်လာမှာမဟုတ်ဘူး။’ ဆိုပြီး သူ့ SnapChat မှာ တင်ပြီး ပြသနာရှာနေတာဖြစ်ပါတယ်။

image
IMAGE: GOAL

⚽️ PSG အသင်းနည်းပြ ဖြစ်တဲ့ ပိုချက်တီနိူက ပရီးမီးယားလိဂ် ကလပ်ကမန်ယူအသင်းကို ကိုင်တွယ်မယ်လို့ သတင်းပြေးလျက်ရှိပါတယ်။ တစ်ကယ်လို့ သူသာ မန်ယူအသင်းကို ပြောင်းရွှေ့ ကစားခဲ့မယ်ဆိုရင် စပါးအသင်းက ဟယ်ရီကိန်းကို အရ ခေါ်ယူသွားဖို့ စီစဉ်နေတယ်လို့ The Telegraph က ဖော်ပြလိုက်ပါတယ်။

image
IMAGE: GOAL

⚽️ ချဲလ်ဆီး နောက်ခံလူဖြစ်တဲ့ မားကိုစ့် အလွန်ဆိုကတော့ ကလပ် ရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ထားပေမယ့် ချဲလ်ဆီးက သူ့ ဘ၀အတွက် အရေးပါတဲ့ ကလပ်ဖြစ်ကြောင်း သူ ချဲလ်ဆီးမှာ ဆက်နေလိုကြောင်း ပြောကြားလိုက်ပါတယ်။

image
IMAGE: GOAL

⚽️ ရီးရဲလ် အသင်းက အာဆင်နယ် အသင်း ဘယ်နောက်ခံလူဖြစ်တဲ့ ကီယာရင် သီယာနေးကို မျက်စိကျနေတယ်လို့ El Espanol က ဖော်ပြလိုက်ပါတယ်။ ရီးရဲလ် အသင်းက နောက်တန်း အင်အားကို ဖြည့်တင်းလိုပြီး ဒီကစားသမားကို ကင်းထောက်စေလွှတ်ပြီး စောင့်ကြည့်စေခိုင်းတယ်လို့ဆိုပါတယ်။

image
IMAGE: GOAL

⚽️ မန်ယူအသင်းကတော့ ဘင်ဖီကာ တိုက်စစ်မှူးဖြစ်တဲ့ ဒါဝင် နူနက်ဇ် ကို ခေါ်ယူဖို့ ကြံနေတယ်လို့ A Bola က စီစဉ်နေတာဖြစ်ပါတယ်။ ဒီ ကစားသမားကို ဝက်စ်ဟမ်းက ခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့် ဘင်ဖီကာတောင်းတဲ့ စျေး မပေးနိူင်တာကြောင့် အပြောင်းအရွှေ့ ဖြစ်မလာတာပါ။ ဒီ ၂၂ နှစ်သာ ရှိသေးတဲ့ ကစားသမားက လက်ရှိရာသီမှာ ၂၆ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားပါတယ်။

image
IMAGE: GOAL

⚽️ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ပေါ့ဘာက လာမယ့် နွေကျရင် ဂျူဗီ ကို ပြန်လည် ပြောင်းရွှေ့ လိုတယ်လို့ မာကာတိုက ဖော်ပြလိုက်ပါတယ်။ ဒီကစားသမားကို ရီးရဲလ် နဲ့ PSG လည်း စိတ်ဝင်စားလျက်ရှိသည်။

image
IMAGE: GOAL

⚽️ လိဒ် ဂိုးသမားဖြစ်တဲ့ အီလန် မက်စ်ဆီယာ ကို ဘာစီလိုနာအသင်းက စိတ်ဝင်စားနေတယ်လို့ မွန်ဒို ဒီပိုတီဗို က ဖော်ပြလိုက်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ ပထမ ဂိုးသမားဖြစ်တဲ့ စတီဂျင် အနာဂတ် က မသေခြာ မရောဖြစ်လာတာကြောင့်ဖြစ်ပါတယ်။

image
IMAGE: GOAL

⚽️ ဒီရာသီ အကုန် မှာ ရီးရဲလ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ် ဘေလ်း ကတော့ တောတင်ဟမ် ဟော့စပါးအသင်းကို ပြောင်းဖို့အတွက် သဘောတူညီချက် ရရှိသွားပြီလို့ El Nacional က ဖော်ပြလိုက်ပါတယ်။ ဘေလ်းကတော့ ဘောလုံး ကစားသမားက အနားယူဖို့အစီအစဉ်မရှိပဲ စပါးကို ဒုတိယ အကြိမ် ပြန်လာဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!