၁ ပတ်ကို ပေါင် ၁ သိန်း ၇ သောင်းကျော်ရပေမယ့် လစာနဲ့ တန်အောင် ခြေစွမ်းပြနိူင်ခြင်းမရှိတဲ့ ဥရောပက ကစားသမားများ

ဥရောပ တစ်ခွင်မှာ လစာ မက်ဂွိုင်းယားနဲ့ တီမို ဝါနာတို့က ပေါင် ၁သိန်း ၇ သောင်းကျော်ရပြီး ခြေစွမ်း ပုံမှန်အောက်ရောက်နေတဲ့ ကစားသမားတွေ ထဲ စိုးရိမ်စရာ ကောင်းလောက်အောင်ဖြစ်နေတဲ့ အခြေအနေရောက်နေတယ်လို့ဆိုရမယ်။

မက်ဂွိုင်းယား ကတော့ အင်္ဂလန် အသင်းမှာရော မန်ယူအသင်းက ဆိုးရှား နဲ့ ရင်နစ်လက်ထက်မှာပါ ခြေစွမ်းပြသနိူင်ခြင်း မရှိသလို အိုးနင်းခွက်နင်းဖြစ်နေတဲ့ နောက်တန်းမှာ ပေါင် သန်း ၈၀ ပေးရတဲ့ သူ့အပေါ် ပရိသတ်တွေက စိတ်ပျက်လာပြီဖြစ်ပါတယ်။

တီမိုဝါနာ ကတော့ ချဲလ်ဆီး အသင်းကို လိုင်ဇစ် ကနေ ၂၀၂၀ တုန်းက ပေါင် ၄၇.၅ သန်းနဲ့ ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် သူ့ခြေစွမ်းက ပရိတ်သတ် မျှော်မှန်းထားသလို ဖြစ်လာခြင်း မရှိသေးသလို ဒီရာသီမှာ ပရီးမီးယားလိဂ် ၁ ဂိုးသာ သွင်းနိူင်ထားတဲ့အထိ ခြေစွမ်းပုံမှန်အောက်ကို ရောက်လျက်ရှိသည်။

image
IMAGE: GOAL

ဟယ်ရီ မက်ဂွိုင်းယား – ၁ ပတ် ပေါင် ၁၉၀၀၀၀

မန်ယူအသင်း ခေါင်းဆောင်ဖြစ်တဲ့ မက်ဂွိုင်းယားက ဘန်လေကို သရေကျတဲ့ပွဲမှာ ပြင်းပြင်းထန်ထန်ဝေဖန်ခံရသူဖြစ်။ ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဒီ နောက်တန်းက သူ အင်္ဂလန် အသင်းကို ယူရို ၂၀၂၀ ပို့ဆောင်ပေးတဲ့ ခြေစွမ်းကို အခုထိ ပြသနိူင်ခြင်း မရှိသလို နောက်တန်းကိုလည်း သူ မဦးဆောင်နိူင်တာကြောင့် မန်ယူအသင်းအနေနဲ့ နောက်နှစ် ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ ခက်ခဲနိူင်ပြီဖြစ်ပါတယ်။ တစ်ကယ်လို့ သူသာ ခုခြေစွမ်း အတိုင်း ပုံမှန်အောက်ကို ရောက်နေခဲ့မယ်ဆိုရင် သူ့အတွက် ပထမ တစ်နေရာကို ရင်နစ် အနေနဲ့ အာမခံချက်ပေးမလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပြီ။

image
IMAGE: GOAL

ဂါရတ် ဘေလ်း – ၁ ပတ် ပေါင် ၆၀၀၀၀၀

ဂါရတ်ဘေလ်း က သူ့ခြေစွမ်းအကောင်းဆုံး ရောက်ခဲ့တုန်းက အကောင်းဆုံး ကစားသမား တစ်ယောက်ဆိုတာ ငြင်းလို့ မရနိူင်ခဲ့ပါဘူး။ ဒါပေမယ့် သူ့ခြေစွမ်းက တစ်ဖြည်းဖြည်းနဲ့ ဒဏ်ရာ ပြသနာတွေနဲ့ အကျပိုင်းကို ရောက်လာခဲ့ပြီ။ မနှစ်က စပါး အသင်းကို အငှားနဲ့ သွားကစားတော့ သူ့ခြေစွမ်းက အတက်ဘက်ကို ပြန်ရောက်လာခဲ့တယ်။ အန်ဆယ်လော့တီက သူ့ကို ပထမ အသင်းမှာ ထည့်သွင်းစဉ်းစားသွားမယ်လို့ ဆိုပါတယ်။ ဘေလ်းက ဒဏ်ရာ ပြသနာတွေနဲ့ ရုန်းကန် လျက်ရှိပါတယ်။ ရီးရဲလ် အသင်းက သူ့ကို ပထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူကတော့ အပြုံးမပျက်ပဲ အရံခုံမှာ ထိုင်ပြီး လခကို ယူနေတာဖြစ်ပါတယ်။ ဒီရာသီမှာ သူ့စာချုပ်က ရီးရဲလ်နဲ့ ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

image
IMAGE: GOAL

လာကာဇတ် – ၁ ပတ် ပေါင် ၁၈၂၀၀၀

လာကာဇတ်က အာဆင်နယ် အသင်းမှာ လခ အများဆုံး ပေးရတဲ့ ကစားသမား တစ်ယောက်ထဲ မှာပါဝင်ပါတယ်။ ဒါပေမယ့် သူက ဂိုးရှေ့မှာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။ ဒီ အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ လာကာဇတ်က ပရီးမီးယားလိဂ် ၄၇ ပွဲမှာ ၁၆ ဂိုးသာသွင်းယူနိူင်ခဲ့ပြီး ဒီရာသီမှာ ၃ ဂိုးသာ ရရှိသေးတာဖြစ်ပါတယ်။ လာကာဇတ်က ဒီရာသီမှာ အသင်းနဲ့ စာချုပ် သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး သူက အူဘာမီယန်းလိုပဲ အသင်းကနေ ထွက်ခွာမလားဆိုတာကို စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။

image
IMAGE: GOAL

အန်ထော်နီ မာစီရဲလ် – ၁ ပတ် ပေါင် ၂၅၀၀၀၀

မာစီရဲလ်က က ဒီရာသီမှာ မန်ယူအသင်းမှာ ပထမ ကစားသမား နေရာရဖို့ ရုန်းကန် နေရတာကြောင့် ဆီဗီလာ အသင်းကို အငှားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ အငှားနဲ့ ပြောင်းရွှေ့ပေမယ့် သူက ဥရောပ မှာ လခ ကောင်းတဲ့ ကစားသမား တစ်ယောက် အနေနဲ့ ပါလျက်ရှိပါတယ်။ ၂၆ နှစ်သားက ၂၀၁၅ တုန်းက လိုင်ယွန်မှာ ပြသခဲ့တဲ့ ခြေစွမ်းကို ပြသနိူင်ခြင်း မရှိပဲ မန်ယူ ပွဲထွက် ရာသီ ကစားရာမှာ ၁၁ ပွဲမှာ ၁ ဂိုးသာ သွင်းယူနိူင်ခဲ့ပါတယ်။ ဒီရာသီမှာလည်း ၈ ပွဲ ကစားခဲ့ပေမယ့်လည်း ၁ ဂိုးသာ သွင်းနိူင်တာပါ။

image
IMAGE: GOAL

ဒမ်ဘီလီ – ၁ ပတ် ပေါင် ၂၁၀၀၀၀

၂၀၁၈ တုန်းက ဒမ်ဘီလီ က ဒေါ့မွန် အသင်းကနေ ဘာစီလိုနာကို ပေါင် သန်း ၉၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။ ဒမ်ဘီလီက ဒေါ့မွန် အသင်းကနေ ခြေစွမ်းကို ပြသနိူင်ခြင်းမရှိပဲ ဒဏ်ရာတွေနဲ့ ရုန်းကန် နေရဆဲဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက သူ့ကို ဒီရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်မလွတ်ရခင်မှာ ရောင်းနိူင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒမ်ဘီလီက ဘာစီလိုနာ အသင်းအတွက် ၄၁ ပွဲ ကစားရာမှာ ၇ ဂိုးသာသွင်းနိူင်ခဲ့ပါတယ်။ ဘာစီလိုနာက သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့်လည်း သူက တိုးဖို့ ငြင်းဆန်ခဲ့ပြီး ဒီရာသီကုန်ရင် အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

image
IMAGE: GOAL

ဆောလ်နီဂွက်ဇ် – ၁ ပတ် ပေါင် ၂ သိန်း

နီဂွက်ဇ်က ဒီရာသီမှ ချဲလ်ဆီး အသင်းကို အငှားနဲ့ ရောက်လာခဲ့ပေမယ့် ခြေစွမ်း ပြသနိူင်ခြင်း မရှိတာကြောင့် ချဲလ်ဆီး အသင်းက အပြီးသတ် ခေါ်ယူဖွယ်မရှိပါဘူး။ နီဂွက်ဇ် ကတော့ ပရီးမီးယားလိဂ် ၆ ပွဲ မှာ ၁ မိနစ်သာ ကစားခွင့် ရခဲ့ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့အတွက် ဆောလ်နီဂွက်ဇ်ကို တူချယ်ကတော့ ထပ်သုံးဖွယ်မရှိပါဘူး။

image
IMAGE: GOAL

ဟားဇတ် – ၁ ပတ် ပေါင် ၄ သိန်း

ဟားဇတ် က ချဲလ်ဆီး အသင်းကနေ သူ့အိပ်မက် အသင်းဖြစ်တဲ့ ရီးရဲလ် အသင်းကို ၂၀၁၉ တုန်းက ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာ ပြသနာ၊ ကြံခိုင်မှု ပြသနာတွေနဲ့ ရုန်းကန်နေရတာ​ကြောင့် ဒီရာသီမှာ လာလီဂါမှာ တစ်ဂိုးမှ သွင်းယူနိူင်ခြင်း မရှိသေးပါဘူး။ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ ဟားဇတ် နေရာကို ရီးရဲလ်အသင်းက မကြာခင်မှာ အစားထိုးဖို့ ကြံတော့မှာဖြစ်သလို သူကိုယ်တိုင်ကလည်း သူ့အောင်မြေ ဖြစ်တဲ့ ချဲလ်ဆီးကို ပြန်ချင်နေတာဖြစ်ပါတယ်။

image
IMAGE: GOAL

သောမတ်စ် ပါတေး – ၁ ပတ် ပေါင် ၂ သိန်း ခွဲ

ပါတေးက အလက်တီကို ကနေ ၂၀၂၀ တုန်းက အာဆင်နယ်ကို ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် ဒီ အသက် ၂၈ နှစ်ရှိပြီဖြစ်တဲ့ ဂါနာ ကစားသမားက အခုချိန်ထိ အာဆင်နယ် အသင်းမှာ ပုံမှန်ခြေစွမ်းကို ပြသနိူင်ခြင်း မရှိသေးသလို အခုထိ ဒဏ်ရာ ပြသနာ၊ ကြံ့ခိုင်မှု ပြသနာနဲ့ ရုန်းကန်လျက်ရှိပါတယ်။

image
IMAGE: GOAL

တီမိုဝါနာ – ၁ ပတ် ပေါင် ၂ သိန်း ၇ သောင်း

တီမိုဝါနာက ၂၀၂၀ တုန်းက ချဲလ်ဆီးကို ဥရောပမှာ ကြောက်စရာ ကောင်းတဲ့ တိုက်စစ်မှူး အနေနဲ့ ပြောင်းလာခဲ့တာဖြစ်ပါတယ်။ သူက လိုင်ဇစ် အတွက် ၁၅၉ ပွဲမှာ ၉၅ ဂိုးအထိ သွင်းယူနိူင်တဲ့ တိုက်စစ်မှူးပါ။ ဝါနာက ချဲလ်ဆီးမှာ သူ့ နဂို ခြေစွမ်းကို ပြသနိူင်ခြင်း မရှိပဲ ၇၁ ပွဲမှာ ၁၈ ဂိုးသာ သွင်းနိူင်တာပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!