သရဲနီသွေးဘယ်လောက်ရဲသလဲဆိုတာ သူတော်စင်တွေကို ပြသသွားမဲ့ မန်ယူ (မန်ယူ – ဆောက်သမ်တန် ပွဲကြိုသုံးသပ်ချက် အပြည့်အစုံ)

[UNICODE] မန်ယူ – ဆောက်သမ်တန် ( 12-Feb-2022 မြန်မာစံတော်ချိန်ည ၇:၀၀)

PLMan-Utd-Southampton2122
IMAGE: GOAL

ဆောက်သမ်တန်ဟာ ဒီရာသီမှာေ ခြစွမ်း အတက်၊အကျတည်ငြိမ်မှုမရှိဘဲ ကောင်းရင်ကောင်းအရမ်းကောင်းတတ်ပြီး ခြေစွမ်းညံ့ဖျင်းပြီဆိုရ်ငလည်း အလွန်ဆိုးရွားတတ်ပါတယ်။ ဆောက်သမ်တန်ဟာ ပရီးမီးယားလိဂ် ၂၃ပွဲကစားပြီးချိန်မှာ ၆ပွဲနိုင်၊ ၁၀ ပွဲသရေ၊ ၇ ပွဲအရေးနိမ့်ပြီး ရမှတ် ၂၈ မှတ်ရရှိကာ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။

01fvg6ffjx90yfq01mm8
IMAGE: GOAL

ဆောက်သမ်တန်အနေနဲ့ တန်းလည်းဆင်းစရာမလို၊ ဥရောပဝင်ခွင့်လည်း မရနိုင် ဟိုမမှီ၊ ဒီမမှီ အနေအထားမှာ ရောက်ရှိနေပါတယ်။ နောက်ပိုင်းကစားခဲ့တဲ့ပွဲမှာတော့ ဆောက်သမ်တန်ရဲ့ တိုက်စစ်ပိုင်းကအားရစရာကောင်းခဲ့ပြီး တိုက်စစ်က ဂိုးသွင်းအားကောင်းခဲ့တာ တွေ့ရပါတယ်။

0018073f-1600
IMAGE: GOAL

ပြီးခဲ့တဲ့ပွဲစဉ်မှာတုန်းကလည်း ဆောက်သမ်တန်ဟာ အဝေးကွင်းမှာ စပါးကို အနိုင်ရရှိခဲ့ပါတယ်။ ဆောက်သမ်တန်တိုက်စစ်မှာ ဘရိုဂျာက ဂိုးသွင်းခြေစွမ်းပြနေပြီး တိုက်စစ်ပိုင်းစုဖွဲ့မှုကလည်း တောင့်တင်းမှုရှိနေပါတယ်။မန်ယူကတော့ ရန်နစ်လက်ထက်မှာ နိုင်ပွဲအနည်းငယ်ဆက်ပြီး ဟုတ်မလိုလိုရှိလာပေမဲ့ ဒုံရင်းကဒုံရင်း ပြန်ဖြစ်သွားပါတယ်။

1006138434-min
IMAGE: GOAL

လက်ရှိမှာ ရန်နစ်ရဲ့မန်ယူက တဖြည်းဖြည်းဆိုးရွားလာတဲ့ပုံတွေ့မြင်ရပြီး အထူးသဖြင့် အခုနောက်ပိုင်းပွဲတွေမှာ စီရော်နယ်ဒိုဆိုရင် တော်တော်လေး ရုန်းကန်နေရရှာပါတယ်။ မစ်ဒယ်ဘရော့နဲ့ပွဲမှာ ပင်နယ်တီလွဲ၊ဘန်လေနဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပြီးနောက် စီရော်နယ်ဒိုအနေနဲ့ စိတ်ဓာတ်ပိုင်းပါ ထိခိုက်သွားနိုင်တဲ့ အနေအထားပါ။

Marcus-Rashford-Man-Utd-F365
IMAGE: GOAL

ဒါကြောင့် လက်ရှိမန်ယူရဲ့တိုက်စစ်က ဘယ်သူ့အဖေခေါ်ရမှန်းမသိဖြစ်နေပြီး ဘယ်သူ့ကိုအားကိုးလို့အားကိုးရမှန်းမသဲကွဲဖြစ်နေတဲ့ အနေအထားပါ။ ဒါပေမဲံ ရန်နစ်လက်ထက်မှာ မန်ယူခံစစ်ကြောင်းကတော့မာကျာကျစ်လျစ်မှုရှိလာတာ တွေ့ရပါတယ်။ မန်ယူအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ဆိုရင် လက်ကျန်ပွဲတွေမှာ အမှားခံလို့ မဖြစ်တဲ့ အနေအထားဖြစ်ပါတ်ယ။

Untitled
IMAGE: GOAL

အိုးထရက်ဖို့ဒ်မှာ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ မန်ယူတို့ သိသာသာသာ အနိုင်ရရှိထားပြီး မနှစ်တုန်းကဆိုရင် ၉ ဂိုးပြတ်တောင် အနိုင်ရခဲ့ဖူးပါတယ်။ ဆောက်သမ်တန်တို့ ကစားပုံမဆိုးပေမဲ့ တစ်ပွဲနဲ့တစ်ပွဲ ခြေစွမ်းကစိတ်ချလို့ မရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာ အမှားခံမှာ မဟုတ်တော့ဘဲ မန်ယူကိုသာ ယုံကြည်ထားချင်ပါတယ်။ သရဲနီတို့သွေးဘယ်လောက်ရဲသလဆိုတာ အိုးထရက်ဖို့ဒ်မှာ သူတော်စင်တို့ကိုပြသသွားမှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်ယူ ၃-၁ ဆောက်သမ်တန်

[ZAWGYI] မန်ယူ – ဆောက်သမ်တန် ( 12-Feb-2022 မြန်မာစံတော်ချိန်ည ၇:၀၀)

IMAGE: GOAL


IMAGE: GOAL


0018073f-1600
IMAGE: GOAL


1006138434-min
IMAGE: GOAL


IMAGE: GOAL


Untitled
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!