နာမည်ကျော် မိုက်ကယ်အိုဝင် ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) အတွက် ခန့်မှန်းချက်များ

image
IMAGE: GOAL

မန်ယူ ၂ – ၁ ဆောက်သင်တမ်

ဘန်လေ နဲ့ပွဲတုန်းက အမှတ်လျော့ ခဲ့တဲ့ ရင်နစ် ရဲ့ မန်ယူအသင်း အပေါ် ဖိအားတွေ များနေမှာ သေခြာနေသည်။ သူတို့က ဘန်လေ အသင်းနဲ့ ပွဲမှာ ကစားပုံကောင်းမခွန်ခဲ့ပေမယ့် အခွင့်အရေးကိုအပြည့်အ၀ အသုံးချနိူင်ခြင်း မရှိပါ။ သူတို့ ပေးလိုက်ရတဲ့ ဂိုးတွေ က တစ်ဦးချင်း အမှားဆို သိသာထင်ရှားနေသည်။

စပါးနဲ့ ပွဲတုန်းက ကစားခဲ့တဲ့ ဆောက်သင်တမ်က ဒီရာသီမှာသူတို့အကောင်းဆုံး ခြေစွမ်းလို့တောင်ဆိုနိူင်ပါတယ်။ သူတို့ ၂ ဂိုးနဲ့ ရှုံးနေခဲ့ပေမယ့် စိတ်ဓာတ်မကျပဲ လိုတဲ့ အနိူင်ကိုရအောင် ရှာသွားခဲ့ပါတယ်။ ဒီပွဲမှာတော့ မန်ယူ အတွက် လွယ်ကူနဲ့ နိူင်ပွဲဖြစ်လာမှာဖြစ်လို ပွတ်ကာသီကာ နဲ့ ၂ – ၁ နဲ့ အနိူင် ရသွားအုန်းမှာပါ။

image
IMAGE: GOAL

ဝဒ်ဖိုဒ့် ၀ – ၁ ဘရိုက်တန်

အခုချိန်မှာ ဝဒ်ဖိုဒ့် အသင်းအတွက် ယုံကြည်မှု ပျောက်ဆုံးနေပါတယ်။ ဟောဒ့်ဆင် အနေနဲ့ ဝဒ်ဖိုဒ့်ကို နည်းနည်းလေး တိုးတက်အောင် စွမ်းဆောင်ပေးနိူင်ပါလိမ့်မယ်။ ဘရိုက်တန်ကတော့ စပါးကို ရှုံးတဲ့ ပွဲအတွက် စိတ်ပျက်နေမှာ သေခြာပေမယ့် သူတို့က ပရီးမီးယားလိဂ်မှာ ၆ ပွဲ မရှုံးသေးပါဘူး။ ဒီ ၂ သင်းမှာ ဂိုး အများမြင်ရမှာ မဟုတ်သလို ဘရိုက်တန်ကပဲ ၁ – ၀ နဲ့အနိူင် ရရှိအုန်းမှာပါ။

image
IMAGE: GOAL

ဘရန်းဖိုဒ့် ၁ – ၂ ခရစ်စတယ်ပဲလေစ့်

ဘရန်းဖိုဒ့် အနေနဲ့ အခု ပရီးမီးယားလိဂ် နောက်ပိုင်းမှာ ရုန်းကင် နေရလျက်ရှိပါတယ်။ သူတို့ကတော့ အဲရစ်ဆင် ဆီက အကောင်းဆုံးခြေစွမ်း ကို မျှော်နေမှာသေခြာပါတယ်။ ပဲလေစ့်ကလည်း နိူင်ပွဲ ရသင့်တဲ့ ပွဲတွေမှာ အနိူင်ကို မရှာနိူင်ပဲ သရေ နဲ့ပြီးသွားတာ များနေပါပြီ။ နောဝှစ် နဲ့ပွဲတုန်းကလည်း ဇာဟာ ပင်နယ်တီ လွှဲချော်မှုနဲ့အတူ ထပ်ပြီး သရေ ရခဲ့ပါတယ်။ လိဂ် ဇယားမှာ ဒီ ၂ သင်းက ၂ မှတ်သာကွာပေမယ့် ပဲလေစ့် က ဘရန်းဖိုဒ့် ထက် လယ်ဗယ် တစ်ဆင့်မြှင့်တာကြောင့် ပဲလေစ့်ပဲ နိူင်အုန်းမှာပါ။

image
IMAGE: GOAL

အဲဗာတန် ၂ – ၀ လိဒ်

ဖရန့်လမ်းပတ် အတွက် အဲဗာတန် နည်းပြ အနေနဲ့ ဂူဒီဆင်ပတ်မှာ ကိုင်တွယ်မယ့်ပွဲက မဖြစ်မနေ အနိူင် ရရှိမှာပါ။ နယူးကာဆယ် နဲ့ပွဲတုန်းက လမ်းပတ် ရဲ့အသင်းက စိတ်ပျက်စရာ ခြေစွမ်းကို ပြသခဲ့ပါတယ်။ လမ်းပတ် အနေနဲ့ သူ့ ကစားဟန်ကို အဲဗာတန်မှာ ဖော်ဆောင်ဖို့ အချိန်ယူရမှာပါ။

လိဒ် အသင်းအနေနဲ့ အက်စတွန်ဗီလာ နဲ့ပွဲတုန်းက အနိူင် ၃ မှတ် ရရှိခဲ့သင့်ပေမယ့် ဖျော်ဖြေမှု အပြည့်ပေးနိူင်ခဲ့တဲ့ သရေပွဲပါပဲ။ ဒန်နရီရဲယ် ဂျိမ်းကတော့ တစ်ကယ့်ကို စတား ကစားသမားပဲ။ သူက လိဒ် အသင်းရဲ့ ကစားအားဟန် ကို ထိမ်းကျောင်းပေးနိူင်တဲ့ ကစားသမားပါ။ လိဒ်ကတော့ နောက်တန်း မှာ အားနည်းလျက်ရှိတာကြောင့် လမ်းပတ် ကတော့ အဲဗာတန် နည်းပြ အနေနဲ့ အိမ်ကွင်းမှာ အနိူင် ကိုရအောင် ယူသွားမှာ သေခြာပါတယ်။

image
IMAGE: GOAL

နောဝှစ် ၀ – ၃ မန်စီးတီး

နောဝှစ်ကတော့ ပဲလေစ့်ကို နောက်ဆုံးပွဲက ခက်ခက်ခဲခဲနဲ့ သရေ ၁ မှတ်ကို အရယူနိူင်ခဲ့ပါတယ်။ သူတို့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကျန်နေဖို့အတွက် အစွမ်းကုန် တိုက်ပွဲ ဝင်သွားဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

မန်စီးတီးကတော့ ဘရန်းဖိုဒ့်ကို အခက်အခဲမရှိ အနိူင်ကို ရအောင် ကစားခဲ့ပါတယ်။ ဂွာဒီယိုလာတို့ မန်စီးတီး လူစုကတော့ ပရီးမီးယားလိဂ် အမှတ်ကို ရသလောက်ဖြတ်ထားပြီး ချန်ပီယံလိဂ်ဘက်ကို အာရုံစိုက်မှာ သေခြာပါတယ်။

နောဝှစ်က လိစ်တစ်ခုလုံးမှာ ၁၄ ဂိုးနဲ့ ဂိုးအနည်းဆုံးသွင်းတဲ့ အသင်းဖြစ်သလို မန်စီးတီးကလည်း ပေးဂိုး ၁၄ ဂိုးနဲ့ ဂိုးပေး အနည်းဆုံးအသင်းပါ။ နောဝှစ် အနေနဲ့ မန်စီးတီးကို ဘယ်လိုမှ ယှဉ်နိူင်မှာ မဟုတ်တာကြောင့် မန်စီးတီးပဲ အနိူင် ရအုန်းမှာပါ။

image
IMAGE: GOAL

စပါး ၁ – ၁ ဝုဗ်

စပါးကတော့ ပရီးမီးယားလိဂ်မှာ ဘယ်လိုမှ ခန့်မှန်လို့ မရတဲ့ အသင်းပါ။ သူတို့ကို ချန်ပီယံ လိဂ်ဝင်ခွင့်ရဖို့အတွက် စိန်ခေါ်နိူင်မယ်လို့ ကျွန်တော် ထင်ပေမယ့် ဆောက်သင်တမ် နဲ့ပွဲတုန်းက ကစားပုံ ညံ့ဖျင်းခဲ့ပါတယ်။ ကွန်တီကတော့ အဲ ကစားပုံကို ကျေနပ်မှာမဟုတ်သလိုသူ့ အသင်းကို ဖိအားပေးမှာ သေခြာပါတယ်။

ဝုဗ် ကတော့ FA ဖလားမှာ ပြီးခဲ့တဲ့ အပတ် ကနေ ထွက်ခွာခွင့်ရတာကြောင့် သူတို့လည်း ဥရောပ ဝင်ခွင့်ကို အပြည့်အစ အာရုံစိုက်လာမှာသေခြာပါတယ်။ သူတို့ နောက်တန်း ကျစ်လစ်မာကျောတာကြောင့် ၂ သင်းလုံး သရေနဲ့ ပြီးအုန်းမှာပါ။

image
IMAGE: GOAL

နယူးကာဆယ် ၁ – ၁ အက်စတွန်ဗီလာ

အဲဗာတန်နဲ့ပွဲ ကို အနိူင် ရရှိတာ နယူးကာဆယ် အတွက် တွန်းအားတစ်ခုပါပဲ။ ထရစ်ပီယာက အသင်းကို ပြောင်းလာခဲ့ပြီးကတည်းက ခြေစွမ်းပြခဲ့သလို သူက အကောင်းဆုံး ခေါ်ယူမှုဆိုတာကို သက်သေပြဖို့ အသင့်ဖြစ်နေပါပြီ။ ဗီလာဘက်က ကော်တင်ညိုရဲ့ ခြေစွမ်းကတော့ အံ့မခန်းပါပဲ။ သူက ဂျေကော့ ရမ်ဆေးနဲ့ အကောင်းဆုံး အတွဲအဖက်မိနေသလို လိဒ်နဲ့ပွဲတုန်းကလည်း ၁ ဂိုးသွင်းပြီး ၂ ဂိုးဖန်တီးပေးခဲ့ပါတယ်။ ဒီ ပွဲကတော့ စိတ်ဝင်စားစရာ ကောင်းလာမှာဖြစ်သလို သရေနဲ့ပြီးဆုံးမဲ့ပွဲပါ။

image
IMAGE: GOAL

ဘန်လေ ၀ – ၂ လီဗာပူး

မန်ယူအသင်းကို သရေကျခဲ့တဲ့ ဘန်လေ ရဲ့ သရေပွဲက ၁၁ ပွဲမြှောက်ပါ။ မန်ယူပြီးနောက် လီဗာပူးနဲ့ တွေ့ တာ ကံဆိုးတာပါပဲ။ ဆာလက်စ်က အာဖရိက က ပြန်လာပြီ ဆိုတော့ လီဗာပူး လူစုံနေပါပြီ။ မာနေးနဲ့ ဆာလက်စ် တို့ AFCON မှာ သွားကစားခဲ့ပေမယ့် လီဗာပူးအသင်းက အမှတ် မလျော့ခဲ့ပါဘူး။ အီလီယော့ ပြန်လာနိူင်တာ လီဗာပူး အတွက် အားတက်စရာပါပဲ။ ဘန်လေကတော့ လီဗာပူး ကို ခံပြီး ကန်မှာဖြစ်ပေမယ့် လီဗာပူး တိုက်စစ်ကို ဘယ်လိုမှတောင့်ခံနိူင်မှာ မဟုတ်ပဲ အရှုံးနဲ့တိုးအုန်းမှာသေခြာတယ်။

image
IMAGE: GOAL

လက်စတာ ၂ – ၁ ဝက်စ်ဟ်း

လက်စတာ အတွက်တော့ စိတ်ပျက်စရာ ကောင်းတဲ့ အပတ်ပါပဲ။ ဖောရက်စ်ကို ရှုံးပြီး FA က ထွက်ခွာခဲ့ရသလို လီဗာပူး ရဲ့လက်စားချေခြင်းလည်း ခံရပါတယ်။ ဝက်စ်မ်းကတော့ ပွဲတွေ သိပ်မကစားရပေမယ့် ဝဒ်ဖို့ဒ် ကို အနိူင်ရအောင် ကစားနိူင်တာ အကျိုးရှိပါတယ်။ ချန်ပီယံလိဂ် နေရာအတွက် အခုချိန်မှာ ဝက်စ်ဟမ်းကတော့ အမှားခံလို့ မရတော့ပါဘူး။ ၂ သင်းလုံး အနိူင်လိုအပ်တဲ့ပွဲ ဖြစ်တာကြောင့် အကြိတ်အနယ် ရှိမှာ သေခြာပေမယ့် ဝက်စ်ဟမ်းပဲ ခြေပျက်နေတဲ့ လက်စတာကို နိူင်မှာသေခြာပါတယ်။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!