ခက်ခဲကြမ်းတမ်းလှတဲ့ ဘန်လေအိမ်ကွင်းမှာ တိုက်စစ်အားနည်းတဲ့ သရဲနီတို့ ရုန်းကန်ရနိုင်မလား

[UNICODE] ဘန်လေ – မန်ယူ (9-Feb-2022 မြန်မာစံတော်ချိန်မနက် ၂:၃၀)

ဒီတစ်ပတ်ကြားရက်မှာတော့ ပရီးမီးယားလိဂ်ပွဲစဉ် ၂၄ ကိုယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး နာမည်ကြီးမန်ယူကတော့ ဘန်လေနဲ့အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာပါ။မန်ယူဟာ ပရီးမီးယားလိဂ် ၂၂ ပွဲကစားပြီးချိန်မှာ ၁၁ ပွဲနိုင်၊ ၅ ပွဲသရေ၊ ၆ ပွဲအရေးနိမ့်ပြီး ရမှတ် ၃၈ မှတ်ရရှိကာ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

image
IMAGE: GOAL

မန်ယူအနေနဲ့ ရလဒ်တွေပြန်တက်လာပြီးကာမှ ပြီးခဲ့တဲ့ပွဲစဉ်မှာ မစ်ဒယ်ဘရော့ကိုအရေးနိမ့်ပြီး အက်ဖ်အေဖလားကနေထွက်ခွာခဲ့ရတာက အသင်းရဲ့စိတ်ဓာတ်ပိုင်းကို အနည်းနဲ့ အများထိခိုက်စေမှာပါ။ နည်းပြသစ် ရန်နစ်လက်ထက်မှာမန်ယူဟာ တိုက်စစ်ပြဿနာကို အဓိက ကြုံတွေ့နေရပါတယ်။

ရန်နစ်ရဲ့ ကစားကွက်နဲ့ အဓိကတိုက်စစ်မှူး စီရော်နယ်ဒို အံ့ဝင်ခြင်းမရှိတာက မန်ယူရဲ့ အဓိက ပြဿနာဖြစ်နေပြီး ရန်နစ်လက်အောက်ပွဲစဉ်တွေမှာ စီရော်နယ်ဒိုအနေနဲ့ ခြေစွမ်းပြနိုင်ခြင်း မရှိပါဘူး။

image
IMAGE: GOAL

ဆိုးလ်ရှားလက်ထက်ကမှ ကစားပုံမကောင်းပေမဲ့ အရေးအကြောင်းဆို စီရော်နယ်ဒို ကယ်တင်လေ့ရှိပြီး အခုဆိုရင် စီရော်နယ်ဒိုတောင် မကယ်နိုင်တော့တဲ့ အနေအထားပါ။

မန်ယူရဲ့ ခံစစ်ပိုင်းကတော့တောင့်တင်းပြီး မာကျောမှုရှိလာတာ တွေ့မြင်နေရပါတယ်။ ဘန်လေကတော့ ဒီရာသီပရီးမီးယားလိဂ်မှာ ကိုဗစ်ရိုက်ခတ်မှုကိုအဆိုးရွားဆုံးခံခဲ့ရတဲ့အသင်းဖြစ်ပြီး လက်ရှိအချိန်မှာ ၁၉ ပွဲသာ ကစားရသေးပြီး အမှတ်ပေးဇယား အဆင့် ၂၀ နေရာမှာ ရပ်တည်နေပါတယ်။

image
IMAGE: GOAL

ကိုဗစ်ကာလကို ကျော်ဖြတ်ပြီး ပြန်ကစားတဲ့၂ ပွဲမှာတော့ ဘန်လေတို့ အာဆင်နယ်၊ဝက်ဖို့ဒ်တို့ကို သရေကစားထားတာ တွေ့ရပါတယ်။ ဘန်လေကလည်း ခံစစ်မာကျောတဲ့အသင်းဖြစ်ပြီး အာဆင်နယ်နဲ့ ရင်ဆိုင်ခဲ့ရပွဲမှာ သူတို့ရဲ့ ခံစစ်ပိုင်းမာကျောမှုကိုပြသထားနိုင်ခဲ့ပါတယ်။

image
IMAGE: GOAL

ဒါပေမဲ့ ဘန်လေရဲ့တိုက်စစ်ပိုင်းက အားနည်းလွန်းလို့ တောင့်တင်းတဲ့ မန်ချက်စတာယူနိုက်တက်ခံစစ်ကြောင်းကို ဂိုးရအောင် ကစားနိုင်မှာ မဟုတ်ပါဘူး။ မန်ယူအနေနဲ့ လက်ရှိမှာ ကစားပုံမကောင်းပေမဲ့လည်း အသင်းမှာပွဲအဖြေကို ပြောင်းလဲပေးနိုင်မဲ့ ကစားသမားတွေရှိနေတဲ့အတွက် ဒီပွဲမှာတော့ သရဲနီတွေကိုပဲ ယုံစားလိုက်ချင်ပါတယ်။

ဖြစ်နိုင်ဖွယ်ရလဒ်: ဘန်လေ ဝ-၁ မန်ယူ

[ZAWGYI] ဘန်လေ – မန်ယူ (9-Feb-2022 မြန်မာစံတော်ချိန်မနက် ၂:၃၀)


image
IMAGE: GOAL



image
IMAGE: GOAL



image
IMAGE: GOAL


image
IMAGE: GOAL





အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!