အာဂျင်တီးနားတိုက်စစ်မှူးဟောင်းကြီး ဘာတစ်စ်တူတာ က အသက် ၅၃ နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီ ကစားသမားကြီးရဲ့ ဘောလုံးကို အရူးအမူး ပေးဆပ် ကစားခဲ့တာကြောင့် သူက ကစားသမားဘ၀ က အနားယူတော့ အားအင်ချိနဲ့ပြီး ဒဏ်ရာတွေနဲ့ ကျန်ခဲ့ပါတယ်။

ဒီကစားသမားကြီးက စုစုပေါင်း ၁၇ နှစ် ကြေးစားဘော်လုံးသမား အဖြစ် ကစားခဲ့ပြီး ၅၁၆ ပွဲ ကစားရာမှာ ဂိုး ၃၀၀ သွင်းယူခဲ့ကာ ၂၀၀၅ တုန်းက ဘောလုံး ကစားသမားဘ၀ အပြီး အနားယူသွားခဲ့တာဖြစ်ပါတယ်။
ဒီတိုက်စစ်မှူးကြီးက အာဂျင်တီးတား အသင်းက Newell’s Old Boys မှာ ကစားသမားဘ၀ ကို အစပြုခဲ့တာဖြစ်ပြီး River Plate၊ ဖီအိုရမ်တီးနားနဲ့ ရိုးမားတို့ မှာ ပြောင်းရွှေ့ ကစားခဲ့တာဖြစ်ပါတယ်။

သူက အာဂျင်တီးနားလက်ရွေးစင် အတွက် ၇၇ ပွဲမှာ ၅၄ ဂိုးသွင်းပေးပြီး မက်ဆီနောက်မှာ ရပ်တည်နေတာဖြစ်ပါတယ်။ သူ့ကို ဘာတီဂိုလို့ နာမည်ပြောင်နဲ့ ကျော်ကြားခဲ့တဲ့ ဒီကစားသမား အောင်မြင်မှုက ပေးဆပ်မှု ကြီးကြီးမားနားနဲ့ လာခဲ့ခြင်းဖြစ်ပါတယ်။
သူက ၁၇ တုန်းက ကစားသမားဘ၀က အနားယူခဲ့ပေမယ့် သူကတော့ ‘ကျွန်တော် ဘောလုံး ကစားသမား ဘ၀က အနားယူခဲ့ပြီးနောက်မှာ ကျွန်တော် လမ်းတောင် ကောင်းကောင်း လျှောက်နိူင်တော့ပါဘူး။ ကျွန်တော့် အိပ်ခန်းနဲ့ အိမ်သာက ၃ မီတာ အကွာမှာပဲ ရှိပါတယ်။ ကျွန်တော် မတ်တပ်ရပ်တိုင်း ကျွန်တော့် ခြေကျင်းဝတ်က မခံမရပ်နိူင်အောင် နာကျပ်ပါတယ်။

ကျွန်တော် လမ်းမလျှောက်နိူင်လို့ ကျွန်တော့် ဘောင်းဘီထဲ ရှူးပေါက်ချခဲ့ရပါတယ်။ ကျွန်တော်က ကျွန်တော့် ဆရာဝန် ဒေါက်တာ အေဗန်ဇီ ဆီကိုသွားပြီး ကျွန်တော့် ခြေထောက်ကိုဖြတ်ပစ်ဖို့ တောင်းဆိုခဲ့ပါတယ်။ သူက ကျွန်တော့်ကို ကြည့်ပြီး ရူးနေသလားလို့ ပြန်မေးခဲ့ပါတယ်။ ကျွန်တော် လုံး၀ မခံရပ်နိူင်တော့လို့ ဒီလိုတောင်းဆိုခဲ့ပါတယ်။ ဘယ်လောက်နာကျင်မှန်းကို ကျွန်တော် ပါးစပ်နဲ့တောင် ဖော်ပြလို့မရပါဘူး။

ကျွန်တော့် ပြသနာကတော့ အရိုးတွေကြားဆက်ပေးတဲ့ အရွတ် မရှိတာပါ။ ကျွန်တော့် ခန္ဓာကိုယ် ကို အရိုးတွေချည်း ထမ်းပေးရတော့ မခံမရပ်နိူင်အောင် နာကျင်တာပါ။။ ကျွန်တော် ပြီးခဲ့တဲ့ ၃ နှစ်က ထက်စာရင် အရမ်းကောင်းလာပါပြီ။’ လို့ ဆိုပါတယ်။
ဒါပေမယ့် သူ့ဆရာဝန် ကတော့ သူ့ခြေထောက်ကို ဖြတ်ပစ်မယ့် အစား ခြေထောက်တွေကြားထဲ့ Screws တွေထည့်ပေးပြီး နာကျင်တာ သက်တာအောင် ပြုလုပ်ပေးခဲ့ပါတယ်။

‘ကျွန်တော်က ဘောလုံးအတွက် အသက်ရှင်ခဲ့ပါတယ်။ ကျွန်တော် အခုချိန်မှာ ကျွန်တော် ကစားသင့်တာထက် ပိုပြီး ပေးဆပ်ကစားခဲ့လို့ လမ်းလျှောက်ရာမှာ အင်မတန်က အခက်အခဲတွေ့နေပါတယ်။ ’
ဘာတီဂို က ဖီအိုရမ်တီးနားမှာ ၁၉၉၁ ကနေ ၂၀၀၀ အထိ ကစားခဲ့ပြီး ၂၀၇ ဂိုးသွင်း ယူခဲ့ကာ စီးရီဘီ ဖလားနဲ့ ကိုပါ အီတလီယား ဖလား ဆွတ်ခူးရရှိခဲ့ပါတယ်။ သူက ရိုးမား ကို ၂၀၀၁ တုန်းက ယူရို ၃၆ သန်းနဲ့ ပြောင်ခဲ့ပြီး အသက် ၃၀ ကျော်မှာ ပြောင်းရွှေ့ကြေး များဆုံး ကစားသမား အဖြစ်နဲ့ အဲတုန်းက စံချိန်တင်နိူင်ခဲ့ပါတယ်။ သူက ရိုးမား အသင်းနဲ့အတူ ၂၀၀၀-၂၀၀၁ တုန်းက စီးရီးအေ ဖလားရရှိခဲ့ပါတယ်။
SOURCE : DAILY MAIL