ပေါလ်မာဆင်ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၉) အတွက် ခန့်မှန်းချက်များ

[UNICODE] ပရီးမီးယားလိဂ်ကတော့ ဒီ ၂၀၂၀ အတွက် နောက် ပွဲစဉ်တွေကို ဘောက်ဆင် ဒေးမှာ တစ်ကျော့ပြန်ရောက်လာပါပြီ။ နိူင်ငံတစ်ဝှမ်းလုံးမှာ ကလပ်တွေ တော်တော်များများက ခရစ်စမတ် ကျင်းပနေမှာ သေခြာပါတယ်။ ဒါပေမယ့် ခရစ်စမတ် ပြီးရင်တော့ ပွဲထပ်ကန်ရမှာမလို့ ကစားသမားတွေ မိသားစုနဲ့ ပျော်ရွှင်မယ့် အချိန်လျော့ပါးသွားပါပြီ။ ကိုဗစ် ကပ်ဆိုးကြောင့် လိဒ်နဲ့ ပွဲစဉ် ရွှေ့ဆိုင်းသွားခြင်း အကျိုးဆက်ကတော့ လီဗာပူး အနေနဲ့ မန်စီးတီးနဲ့ အမှတ်ပြတ်ပြီး ကျန်ရစ်နိူင်ပါတယ်။

image
IMAGE: GOAL

ဝက်စ်ဟမ်း ၂ – ၀ ဆောက်သင်တမ်

ဝက်စ်ဟမ်း အနေနဲ့ ဒီပွဲမှာ မဖြစ်မနေ အနိူင်ရရှိဖို့ လိုအပ်ပါတယ်။ သူတို့အသင်းက ပရီးမီးယားလိဂ် ရာသီအစမှာ ဟုတ်မလိုလို နဲ့ နိူင်ပွဲတွေနဲ့ အဆင့် ၄ နေရာအထိ တက်လှမ်းနိူင်ခဲ့ပါတယ်။ ဒါပေမယ့်နောက်ပိုင်းမှာ ခြေစွမ်းတွေက ယိမ်းယိုင်လာခဲ့သလို အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တာ အထိနာခဲ့ပါတယ်။ ဒီလို ခြေနဲ့သာဆို ဝက်စ်ဟမ်း အနေနဲ့ အဆင့် ၇ ၈ အထိ ရောက်သွားနိူင်ပါတယ်။ ကာရာဘောင်ဖလားမှာလည်း စပါးအသင်းကို ရှုံးပြီး ထွက်ခွာခဲ့သလို အန်တိုနီယိုလည်း ရာသီကုန်အထိ ကစားနိူင်မှာ မဟုတ်ပါဘူး။ ဆောက်သင်တမ် အနေနဲ့ ဒီရာသီမှာ ခက်ခဲတဲ့ အချိန်ကို ဖြတ်သန်းနေရပါတယ်။ ဒီအချိန်မှာ ဝက်စ်ဟမ်းက ဆောက်သင်တမ်ထက် သာနေတာရယ် ဒီကလန်ရိုက်စ် ကြောင့် ဝက်စ်ဟမ်းတို့ ပဲအနိူင်ရမှာပါ။

image
IMAGE: GOAL

တောတင်ဟမ် ဟော့ စပါး ၂ – ၂ ခရစ်စတယ်ပဲလေစ့်

ဒီပွဲက စောင့်ကြည့်ရမယ့် ပွဲကောင်းဖြစ်လာမှာပါ။ ကွန်တီ အနေနဲ့ စပါးအသင်း ဆီက ဒီလထဲမှာ ပုံစံကောင်းတွေ ပုံဖော်ပေးနေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် ကွန်တီက စပါးဆီက သူ့စိတ်ကြိုက်အသင်း မတွေ့လောက်သေးပါဘူး။ စပါး အနေနဲ့လည်း လာမယ့် ဇန်နဝါရီလမှာ လူသစ် ကို ကွန်တီ အတွက် ထပ်ခေါ်ပေးမယ့်ပုံ မပေါ်ပါဘူး။ ပဲလေစ့် အနေနဲ့ ကွင်းလယ်မှာ ဂယ်လဟာ ခြေစွမ်းပြမှု နဲ့အတူ စပါးအသင်းကို ကောင်းကောင်း ယှဉ်နိူင်မှာပါ။ ပဲလေစ့် အနေနဲ့ စပါးဆီက အမှတ်ယူနိူင်မှာ သေခြာပါတယ်။

skysports-norwich-city-arsenal-4847688
IMAGE: GOAL

နောဝှစ် စီးတီး ၀ – ၃ အာဆင်နယ်

အာဆင်နယ် အသင်းအနေနဲ့ ဒီလ ကစားပုံ အင်မတန် ကောင်းမွန်နေပါတယ်။ အာဆင်နယ် အသင်းအနေနဲ့ ထိပ်သီး ၃ သင်း နဲ့ တွေ့ရင် ရလဒ်ဆိုးတာကလွှဲလို့ တစ်ခြားအသင်းတွေ ထက် လက်ရှိမှာ သာလွန်နေတယ်လို့ ကျွန်တော်မြင်ပါတယ်။ သူတို့ ခြေစွမ်းက ခန့်မှန်းရခက်ပါတယ်။ အင်ကီယေတာ က ကာရာဘောင် ဖလားမှာ တောက်ပခဲ့ပေမယ့် အာတီတာအနေနဲ့ ဒီလူစာရင်းကို ထပ်ပွဲထုတ်မယ်မထင်ပါဘူး။ လက်တစ်လော ခြေစွာနေတဲ့ လာကာဇတ်၊ မာတင်နယ်လီ နဲ့ ဆာကာတို့နဲ့ နောဝှစ်အသင်းကို အာတီတာရင်ဆိုင်ဖို့ပြင်ဆင်နေလောက်ပါတယ်။

AZ-1601137340
IMAGE: GOAL

မန်ချက်စတာ စီးတီး ၃ – ၀ လက်စတာ စီးတီး

လက်စတာ အသင်းအနေနဲ့ ဒီရာသီမှာ ခြေစွမ်းက ရိုလာကိုစတာ စီးသလို အသင်းက မတည်မငြိမ် ဖြစ်ပြီး တက်လိုက်ကျလိုက်ဖြစ်နေပါတယ်။ သူတို့က လီဗာပူးအသင်းကို လူကုန်ထုတ်ပြီး ရင်ဆိုင်ခဲ့ တာကြောင့် ပထမပိုင်းမှာ ၃-၁ နဲ့အနိူင် ရရှိခဲ့ပါတယ်။ သူတို့က ကာရာဘောင် ဖလားကို နောက်တစ်ဆင့် တက်လှမ်းဖို့ ကြိုးစားခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ချေပဂိုးတွေ ပေးလိုက်ရပြီး ပင်နယ်တီနဲ့ရှုံးက ပြိုင်ပွဲကနေ ထွက်သွားရပါတယ်။

မန်စီးတီးကတော့ ဘာစီလိုနာ အသင်းကို သူ့ကစားသမားဖြစ်တဲ့ ဖာရန်တောရက်စ်ကို ရောင်းချလိုက်တာ မှန်တယ်လို့ထင်ပါတယ်။ သူ့အနေနဲ့ စီးတီးအတွက် ပွဲထွက် ကစားခွင့်မရသလို သူ့နေရာမှာ ကစားမယ့် ကစားသမားတွေလည်းအများကြီးပဲ။ ဒါက ၂ သင်းလုံးအတွက် အကောင်းဆုံးရလဒ်ပါပဲ။ လက်စတာက ပြီးခဲ့တဲ့ နှစ်တွေက မန်စီးတီးကို ဒုက္ခ ပေးနေကျ အသင်းဖြစ်ပေမယ့် လူငယ်တွေနဲ့ ကန်ခဲ့တဲ့ လီဗာပူးနဲ့ပွဲက သူတို့ လက်ရှိခြေစွမ်းကိုပြသနေပါတယ်။ မန်စီးတီး အသင်းကို လက်စတာ ဘယ်လိုမှ ယှဉ်နိူင်မှာမဟုတ်လို့ လက်စတာတော့ ဂိုးပြတ်ရှုံးအုန်းမှာပါ။

image
IMAGE: GOAL

ဘန်လေ ၁ – ၀ အဲဗာတန်

ဘန်လေ အနေနဲ့ ပရီးမီးယားလိဂ်မှာ ကျန်ချင်ရင် ပွဲတွေအနိူင်ရဖို့လိုအပ်နေပါပြီ။ ကျွန်တော် သူတို့အတွက် ပထမဆုံး စတင်ပြီး စိုးရိမ်လာပါပြီ။ အဲဗာတန် အနေနဲ့လည်း ဒီရာသီမှာ ဒဏ်ရာတွေရော ကိုဗစ်နဲ့ ရုန်းကန်နေရပါတယ်။ ၂ သင်းလုံးက တပ်ပျက်နေကြတာဆိုတော့ ဂိုးသွင်းနည်းပြီး အိမ်ရှင် ဘန်လေပဲနိူင်မှာပါ။

1339688169-0
IMAGE: GOAL

အက်စတွန် ဗီလာ ၁ – ၃ ချဲလ်ဆီး

ပရီးမီးယားလိဂ် ဖလားစိန်ခေါ်ဖို့နဲ့ မန်စီးတီးနဲ့ အမှတ်မပြတ်ဖို့ ချဲလ်ဆီး ဒီပွဲကို မဖြစ်အနေ အနိူင်ကန်ရမှာပါ။ သူတို့အနေနဲ့ သရေ ထပ်ကျခဲ့ရင် မန်စီးတီးနဲ့ ၈ မှတ်ပြတ်သွားလိမ့်မယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အက်စတွန်ဗီလာကို တိုက်စစ် ဖွင့်ပြီး ရေကုန်ရေခမ်း ကစားရတော့မှာပါ။ လူကာကူကို ချဲလ်ဆီး မဖြစ်မနေ လိုအပ်တဲ့အချိန်မှာ သူက ကွင်းဘေး ရောက်နေသလို သူ့ ပရီးမီးယားလိဂ် မှာ ဂိုးသွင်းနည်းနေတာ ချဲလ်ဆီးအသင်း အတွက် စိုးရိမ်စရာပါပဲ။

ချဲလ်ဆီးကနေ ဆောက်သင်တမ်ကို အငှားသွား ကစားနေတဲ့ အာမန်ဒို ဘရိုဂျာတောင် လူကာကူထက် ဂိုးသွင်းနေပါသေးတယ်။ အက်စတွန် ဗီလာအနေနဲ့ ဂျာရတ် လက်အောက်မှာ အကောင်းဆုံးတောက်ပ နေပါတယ်။ ဒါပေမယ့် လက်ရှိခြေစွမ်းက ချဲလ်ဆီးကို ယှဉ်နိူင်ဖို့ ခက်ခဲနေသေးတာရယ် အနိူင် မဖြစ်မနေလိုအပ်တဲ့ ချဲလ်ဆီးပဲ နိူင်အုန်းမှာပါ။

image
IMAGE: GOAL

ဘရိုက်တန် ၁ – ၁ ဘရန်းဖိုဒ့်

ဘရိုက်တန်ကတော့ မနှစ်ကလိုပဲ ကစားပုံ ကောင်းပေမယ့် ဂိုးမသွင်းနိူင်ပါဘူး။ သူတို့ ပရီးမီးယားလိဂ် မှာ ဂိုးပေါက်ပျောက်နေတာ တော်တော်ကို ကြာနေပါပြီ။ ဘရန်းဖိုဒ့်ကတော့ ဒီပွဲမှာ ဘရိုက်တန်က အမှတ်ယူနိူင်မှာသေခြာပါတယ်။

7fd85-16402782199288-1920
IMAGE: GOAL

နယူးကာဆယ် ယူနိုက်တက် ၁ – ၁ မန်ချက်စတာ ယူနိုက်တက်

နယူးကာဆယ် အသင်း အနေနဲ့ မန်စီးတီးမှာ ပေါ့ဆလို့ စောစောစီးစီးဂိုးပေးလိုက်ရပြီး အရှုံးကြီးရှုံးခဲ့တာပါ။ သူတို့ က မန်စီးတီးနဲ့ရော လီဗာပူးနဲ့ပွဲတွေမှာ ကစားပုံ ကောင်းခဲ့ပါတယ်။ နယူးကာဆယ် အသင်းအနေနဲ့ တန်းဆင်းဇုန် က ရုန်းထွက်နိူင်ဖို့ မဖြစ်မနေ ဒီပွဲ ရုန်းကန် မှာပဲ။ မန်ယူအသင်း အနေနဲ့လည်း ကိုဗစ်ကြောင့် ပွဲ 2 ပွဲရွှေ့ဆိုင်းသွားခဲ့ပါတယ်။ မန်ယူအသင်း အနေနဲ့ တန်းဆင်းဇုံက နောဝှစ်နဲ့ပွဲမှာ နောက်တန်းက အားနည်းတာကို ပြသခဲ့ပါတယ်။ နယူးကာဆယ် ရုန်းအားကို မန်ယူတို့ တောင့်ခံနိူင်ဖို့ ခက်ခဲတာရယ်၊ ကိုဗစ်က နလံထူခါစ မန်ယူကြောင့် သရေနဲ့ ပြီးဆုံးသွားဖွယ်ရှိပါတယ်။

SOURCE: Sportskeeda

[ZAWGYI] ပရီးမီးယားလိဂ္ကေတာ့ ဒီ ၂၀၂၀ အတြက္ ေနာက္ ပြဲစဥ္ေတြကို ေဘာက္ဆင္ ေဒးမွာ တစ္ေက်ာ့ျပန္ေရာက္လာပါၿပီ။ ႏိူင္ငံတစ္ဝွမ္းလုံးမွာ ကလပ္ေတြ ေတာ္ေတာ္မ်ားမ်ားက ခရစ္စမတ္ က်င္းပေနမွာ ေသျခာပါတယ္။ ဒါေပမယ့္ ခရစ္စမတ္ ၿပီးရင္ေတာ့ ပြဲထပ္ကန္ရမွာမလို႔ ကစားသမားေတြ မိသားစုနဲ႔ ေပ်ာ္႐ႊင္မယ့္ အခ်ိန္ေလ်ာ့ပါးသြားပါၿပီ။ ကိုဗစ္ ကပ္ဆိုးေၾကာင့္ လိဒ္နဲ႔ ပြဲစဥ္ ေ႐ႊ႕ဆိုင္းသြားျခင္း အက်ိဳးဆက္ကေတာ့ လီဗာပူး အေနနဲ႔ မန္စီးတီးနဲ႔ အမွတ္ျပတ္ၿပီး က်န္ရစ္ႏိူင္ပါတယ္။

image
IMAGE: GOAL

ဝက္စ္ဟမ္း ၂ – ၀ ေဆာက္သင္တမ္

ဝက္စ္ဟမ္း အေနနဲ႔ ဒီပြဲမွာ မျဖစ္မေန အႏိူင္ရရွိဖို႔ လိုအပ္ပါတယ္။ သူတို႔အသင္းက ပရီးမီးယားလိဂ္ ရာသီအစမွာ ဟုတ္မလိုလို နဲ႔ ႏိူင္ပြဲေတြနဲ႔ အဆင့္ ၄ ေနရာအထိ တက္လွမ္းႏိူင္ခဲ့ပါတယ္။ ဒါေပမယ့္ေနာက္ပိုင္းမွာ ေျခစြမ္းေတြက ယိမ္းယိုင္လာခဲ့သလို အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တာ အထိနာခဲ့ပါတယ္။ ဒီလို ေျခနဲ႔သာဆို ဝက္စ္ဟမ္း အေနနဲ႔ အဆင့္ ၇ ၈ အထိ ေရာက္သြားႏိူင္ပါတယ္။ ကာရာေဘာင္ဖလားမွာလည္း စပါးအသင္းကို ရႈံးၿပီး ထြက္ခြာခဲ့သလို အန္တိုနီယိုလည္း ရာသီကုန္အထိ ကစားႏိူင္မွာ မဟုတ္ပါဘူး။ ေဆာက္သင္တမ္ အေနနဲ႔ ဒီရာသီမွာ ခက္ခဲတဲ့ အခ်ိန္ကို ျဖတ္သန္းေနရပါတယ္။ ဒီအခ်ိန္မွာ ဝက္စ္ဟမ္းက ေဆာက္သင္တမ္ထက္ သာေနတာရယ္ ဒီကလန္႐ိုက္စ္ ေၾကာင့္ ဝက္စ္ဟမ္းတို႔ ပဲအႏိူင္ရမွာပါ။

image
IMAGE: GOAL

ေတာတင္ဟမ္ ေဟာ့ စပါး ၂ – ၂ ခရစ္စတယ္ပဲေလစ့္

ဒီပြဲက ေစာင့္ၾကည့္ရမယ့္ ပြဲေကာင္းျဖစ္လာမွာပါ။ ကြန္တီ အေနနဲ႔ စပါးအသင္း ဆီက ဒီလထဲမွာ ပုံစံေကာင္းေတြ ပုံေဖာ္ေပးေနတာကိုေတြ႕ရပါတယ္။ ဒါေပမယ့္ ကြန္တီက စပါးဆီက သူ႔စိတ္ႀကိဳက္အသင္း မေတြ႕ေလာက္ေသးပါဘူး။ စပါး အေနနဲ႔လည္း လာမယ့္ ဇန္နဝါရီလမွာ လူသစ္ ကို ကြန္တီ အတြက္ ထပ္ေခၚေပးမယ့္ပုံ မေပၚပါဘူး။ ပဲေလစ့္ အေနနဲ႔ ကြင္းလယ္မွာ ဂယ္လဟာ ေျခစြမ္းျပမႈ နဲ႔အတူ စပါးအသင္းကို ေကာင္းေကာင္း ယွဥ္ႏိူင္မွာပါ။ ပဲေလစ့္ အေနနဲ႔ စပါးဆီက အမွတ္ယူႏိူင္မွာ ေသျခာပါတယ္။

skysports-norwich-city-arsenal-4847688
IMAGE: GOAL

ေနာဝွစ္ စီးတီး ၀ – ၃ အာဆင္နယ္

အာဆင္နယ္ အသင္းအေနနဲ႔ ဒီလ ကစားပုံ အင္မတန္ ေကာင္းမြန္ေနပါတယ္။ အာဆင္နယ္ အသင္းအေနနဲ႔ ထိပ္သီး ၃ သင္း နဲ႔ ေတြ႕ရင္ ရလဒ္ဆိုးတာကလႊဲလို႔ တစ္ျခားအသင္းေတြ ထက္ လက္ရွိမွာ သာလြန္ေနတယ္လို႔ ကြၽန္ေတာ္ျမင္ပါတယ္။ သူတို႔ ေျခစြမ္းက ခန႔္မွန္းရခက္ပါတယ္။ အင္ကီေယတာ က ကာရာေဘာင္ ဖလားမွာ ေတာက္ပခဲ့ေပမယ့္ အာတီတာအေနနဲ႔ ဒီလူစာရင္းကို ထပ္ပြဲထုတ္မယ္မထင္ပါဘူး။ လက္တစ္ေလာ ေျခစြာေနတဲ့ လာကာဇတ္၊ မာတင္နယ္လီ နဲ႔ ဆာကာတို႔နဲ႔ ေနာဝွစ္အသင္းကို အာတီတာရင္ဆိုင္ဖို႔ျပင္ဆင္ေနေလာက္ပါတယ္။

AZ-1601137340
IMAGE: GOAL

မန္ခ်က္စတာ စီးတီး ၃ – ၀ လက္စတာ စီးတီး

လက္စတာ အသင္းအေနနဲ႔ ဒီရာသီမွာ ေျခစြမ္းက ႐ိုလာကိုစတာ စီးသလို အသင္းက မတည္မၿငိမ္ ျဖစ္ၿပီး တက္လိုက္က်လိုက္ျဖစ္ေနပါတယ္။ သူတို႔က လီဗာပူးအသင္းကို လူကုန္ထုတ္ၿပီး ရင္ဆိုင္ခဲ့ တာေၾကာင့္ ပထမပိုင္းမွာ ၃-၁ နဲ႔အႏိူင္ ရရွိခဲ့ပါတယ္။ သူတို႔က ကာရာေဘာင္ ဖလားကို ေနာက္တစ္ဆင့္ တက္လွမ္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ေခ်ပဂိုးေတြ ေပးလိုက္ရၿပီး ပင္နယ္တီနဲ႔ရႈံးက ၿပိဳင္ပြဲကေန ထြက္သြားရပါတယ္။

မန္စီးတီးကေတာ့ ဘာစီလိုနာ အသင္းကို သူ႔ကစားသမားျဖစ္တဲ့ ဖာရန္ေတာရက္စ္ကို ေရာင္းခ်လိုက္တာ မွန္တယ္လို႔ထင္ပါတယ္။ သူ႔အေနနဲ႔ စီးတီးအတြက္ ပြဲထြက္ ကစားခြင့္မရသလို သူ႔ေနရာမွာ ကစားမယ့္ ကစားသမားေတြလည္းအမ်ားႀကီးပဲ။ ဒါက ၂ သင္းလုံးအတြက္ အေကာင္းဆုံးရလဒ္ပါပဲ။ လက္စတာက ၿပီးခဲ့တဲ့ ႏွစ္ေတြက မန္စီးတီးကို ဒုကၡ ေပးေနက် အသင္းျဖစ္ေပမယ့္ လူငယ္ေတြနဲ႔ ကန္ခဲ့တဲ့ လီဗာပူးနဲ႔ပြဲက သူတို႔ လက္ရွိေျခစြမ္းကိုျပသေနပါတယ္။ မန္စီးတီး အသင္းကို လက္စတာ ဘယ္လိုမွ ယွဥ္ႏိူင္မွာမဟုတ္လို႔ လက္စတာေတာ့ ဂိုးျပတ္ရႈံးအုန္းမွာပါ။

image
IMAGE: GOAL

ဘန္ေလ ၁ – ၀ အဲဗာတန္

ဘန္ေလ အေနနဲ႔ ပရီးမီးယားလိဂ္မွာ က်န္ခ်င္ရင္ ပြဲေတြအႏိူင္ရဖို႔လိုအပ္ေနပါၿပီ။ ကြၽန္ေတာ္ သူတို႔အတြက္ ပထမဆုံး စတင္ၿပီး စိုးရိမ္လာပါၿပီ။ အဲဗာတန္ အေနနဲ႔လည္း ဒီရာသီမွာ ဒဏ္ရာေတြေရာ ကိုဗစ္နဲ႔ ႐ုန္းကန္ေနရပါတယ္။ ၂ သင္းလုံးက တပ္ပ်က္ေနၾကတာဆိုေတာ့ ဂိုးသြင္းနည္းၿပီး အိမ္ရွင္ ဘန္ေလပဲႏိူင္မွာပါ။

1339688169-0
IMAGE: GOAL

အက္စတြန္ ဗီလာ ၁ – ၃ ခ်ဲလ္ဆီး

ပရီးမီးယားလိဂ္ ဖလားစိန္ေခၚဖို႔နဲ႔ မန္စီးတီးနဲ႔ အမွတ္မျပတ္ဖို႔ ခ်ဲလ္ဆီး ဒီပြဲကို မျဖစ္အေန အႏိူင္ကန္ရမွာပါ။ သူတို႔အေနနဲ႔ သေရ ထပ္က်ခဲ့ရင္ မန္စီးတီးနဲ႔ ၈ မွတ္ျပတ္သြားလိမ့္မယ္။ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အက္စတြန္ဗီလာကို တိုက္စစ္ ဖြင့္ၿပီး ေရကုန္ေရခမ္း ကစားရေတာ့မွာပါ။ လူကာကူကို ခ်ဲလ္ဆီး မျဖစ္မေန လိုအပ္တဲ့အခ်ိန္မွာ သူက ကြင္းေဘး ေရာက္ေနသလို သူ႔ ပရီးမီးယားလိဂ္ မွာ ဂိုးသြင္းနည္းေနတာ ခ်ဲလ္ဆီးအသင္း အတြက္ စိုးရိမ္စရာပါပဲ။

ခ်ဲလ္ဆီးကေန ေဆာက္သင္တမ္ကို အငွားသြား ကစားေနတဲ့ အာမန္ဒို ဘ႐ိုဂ်ာေတာင္ လူကာကူထက္ ဂိုးသြင္းေနပါေသးတယ္။ အက္စတြန္ ဗီလာအေနနဲ႔ ဂ်ာရတ္ လက္ေအာက္မွာ အေကာင္းဆုံးေတာက္ပ ေနပါတယ္။ ဒါေပမယ့္ လက္ရွိေျခစြမ္းက ခ်ဲလ္ဆီးကို ယွဥ္ႏိူင္ဖို႔ ခက္ခဲေနေသးတာရယ္ အႏိူင္ မျဖစ္မေနလိုအပ္တဲ့ ခ်ဲလ္ဆီးပဲ ႏိူင္အုန္းမွာပါ။

image
IMAGE: GOAL

ဘ႐ိုက္တန္ ၁ – ၁ ဘရန္းဖိုဒ့္

ဘ႐ိုက္တန္ကေတာ့ မႏွစ္ကလိုပဲ ကစားပုံ ေကာင္းေပမယ့္ ဂိုးမသြင္းႏိူင္ပါဘူး။ သူတို႔ ပရီးမီးယားလိဂ္ မွာ ဂိုးေပါက္ေပ်ာက္ေနတာ ေတာ္ေတာ္ကို ၾကာေနပါၿပီ။ ဘရန္းဖိုဒ့္ကေတာ့ ဒီပြဲမွာ ဘ႐ိုက္တန္က အမွတ္ယူႏိူင္မွာေသျခာပါတယ္။

7fd85-16402782199288-1920
IMAGE: GOAL

နယူးကာဆယ္ ယူႏိုက္တက္ ၁ – ၁ မန္ခ်က္စတာ ယူႏိုက္တက္

နယူးကာဆယ္ အသင္း အေနနဲ႔ မန္စီးတီးမွာ ေပါ့ဆလို႔ ေစာေစာစီးစီးဂိုးေပးလိုက္ရၿပီး အရႈံးႀကီးရႈံးခဲ့တာပါ။ သူတို႔ က မန္စီးတီးနဲ႔ေရာ လီဗာပူးနဲ႔ပြဲေတြမွာ ကစားပုံ ေကာင္းခဲ့ပါတယ္။ နယူးကာဆယ္ အသင္းအေနနဲ႔ တန္းဆင္းဇုန္ က ႐ုန္းထြက္ႏိူင္ဖို႔ မျဖစ္မေန ဒီပြဲ ႐ုန္းကန္ မွာပဲ။ မန္ယူအသင္း အေနနဲ႔လည္း ကိုဗစ္ေၾကာင့္ ပြဲ 2 ပြဲေ႐ႊ႕ဆိုင္းသြားခဲ့ပါတယ္။ မန္ယူအသင္း အေနနဲ႔ တန္းဆင္းဇုံက ေနာဝွစ္နဲ႔ပြဲမွာ ေနာက္တန္းက အားနည္းတာကို ျပသခဲ့ပါတယ္။ နယူးကာဆယ္ ႐ုန္းအားကို မန္ယူတို႔ ေတာင့္ခံႏိူင္ဖို႔ ခက္ခဲတာရယ္၊ ကိုဗစ္က နလံထူခါစ မန္ယူေၾကာင့္ သေရနဲ႔ ၿပီးဆုံးသြားဖြယ္ရွိပါတယ္။

SOURCE: Sportskeeda



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!