31-Oct-2021 ပွဲကြိုသုံးသပ်ချက်နှင့် နံနက်ခင်း သတင်းများ

[UNICODE] ရိုးမား – အေစီမီလန်(မြန်မာစံတော်ချိန်ည ၂:၁၅)

as-roma-vs-ac-milan-169
IMAGE: GOAL

မော်ရင်ဟိုရဲ့ ရိုးမားဟာ ဒီရာသီမှာ အသင်းကြီးတွေနဲ့တွေ့ဆုံတဲ့ပွဲတွေမှာ ရလဒ်မကောင်းတာ တွေ့ရပါတယ်။ ရိုးမားရဲ့တိုက်စစ်က နောက်ပိုင်းပွဲတွေမှာ ဂိုးရဖို့ ရုန်းကန်လာရတာ တွေ့ရပါတ်ယ။ အေစီမီလန်ကတော့ ပုံစံကော်ငးပြသနေပြီး တိုက်စစ်ကလည်း ဂိုးမြူးနေပါတယ်။ အဝေးကွင်းဆိုပေမဲ့ မရှုံးနိုင်တဲ့ အေစီကို ရွေးထားမယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ရိုးမား ၁-၁ အေစီမီလန်

အက်သလက် – ဘက်တစ်(မြန်မာစံတော်ချိန်ည ၉:၄၅

3170257999
IMAGE: GOAL

အက်သလက်ကတော့ ခံစစ်ပိုင်း အားနည်းချက် ဖြစ်ပေါ်နေပြီး နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲမှာ ခံစစ်က ၇ ဂိုးအထိ ခွင့်ပြုထားရပါတယ်။ ဒါပေမဲ့ အက်သလက်တိုက်စစ်ကတော့ ပုံစံကောင်းပြလာနိုင်ပြီး ဂရစ်ဇ်မန်းလည်း ဂိုးတွေ သွင်းလာနိုင်ပါတယ်။ ဘက်တစ်ကလည်း စုစည်းမှုရှိပြီး တိုက်စစ်ကောင်းတဲ့အသင်းဖြစ်လို့ အပြန်အလှန်ဂိုးတွေကိုမြင်တွေ့ရဖို့ ရှိနေပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: အက်သလက် ၂-၁ ဘက်တစ်

အင်တာ – အူဒီးနီးစ် (မြန်မာစံတော်ချိန်ည ၆:၀၀)

inter-milan-vs-udinese-169
IMAGE: GOAL

အူဒီးနီးစ်က နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲသရေ တစ်ပွဲအနိုင်ရပြီး ပုံစံကောင်းပြထားနိုင်တာ တွေ့ရပါတယ်။ အထူးသဖြင့် အူဒီးနီးစ်ရဲ့ ခံကန်အားက ကောင်းမွန်မှုရှိပြီး တိုက်စစ်ကလည်း ဂိုးသွင်းခြေရှိပါတယ်။ အင်တာက တိုက်စစ်ကောင်းပေမဲ့ ခံစစ်ပိုင်းအာနည်းချက်ရှိနေလို့ ဒီပွဲမှာ ဂိုးအများကို သဘောကျမိပါတယ်။ဖြစ်နိုင်ဖွယ်ရလဒ်: အင်တာ ၃-၁ အူဒီးနီးစ်

ဗီလာ – ဝက်စ်ဟမ်း (မြန်မာစံတော်ချိန်ည ၁၁:၀၀)

skysports-aston-villa-west-ham-united-5559317
IMAGE: GOAL

ဗီလာက နောက်ဆုံး ကစားခဲ့တဲ့ ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်ထားခဲ့ပြီး အခြေအနေဆိုးရွားလျက်ရှိနေပါတယ်။ ဝက်စ်ဟမ်းက ပြီးခဲ့တဲ့ရာသီက ခြေစွမ်းးကို ဆက်ထိန်းထားနိုင်ကာ တည်ငြိမ်တဲ့စွမ်းဆောင်ရည်ကိုပြသထားပါတယ်။ ဒါပေမဲ့ ဗီလာက အိမ်ကွင်းမာကျောပြီး နိုင်ပွဲရှာရတော့မှာဖြစ်လို့ ဗီလာကို နှစ်သက်ပါတယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဗီလာ ၂-၁ ဝက်စ်ဟမ်း

0-11
IMAGE: GOAL

⚽ မန်စီးတီးနောက်ခံလူ လာပေါ့တ်အနေနဲ့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်း ဖာနန်ဒင်ဟိုပြီးနောက် အိမ်ကွင်းမှာ ကစားရတဲ့ပွဲမှာ အနီကတ်နဲ့ ထုတ်ပယ်ခံရတဲ့ ပထမဆုံးမန်စီးတီး ကစားသမား ဖြစ်ခဲ့ပါတယ်။

https-paininthearsenal-com-wp-content-uploads-getty-images-2017-07-1236225004
IMAGE: GOAL

⚽ အာဆင်နယ်ဂန္ထဝင်ဟောင်း မာတင်ကီအွန်က လက်စတာနဲ့ပွဲက ခြေစွမ်းဟာ ဒီရာသီ အာဆင်နယ်ရဲ့အဝေးကွင်း အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ကြောင်း၊ ကစားသမားတွေရဲ့ ကြိုးစားအားထုတ်မှုက ကောင်းမွန်ခဲ့ပေမဲ့ နည်းပြအာတီတာရဲ့စွမ်းရည်ကိုလည်းအသိအမှတ်ပြုရမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

NINTCHDBPICT000690241638
IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကေတော့ စပါးကိုဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လာမဲ့ပွဲစဉ်တွေမှာ စီရော်နယ်ဒိုနဲ့ ကာဗာနီတို့ရဲ့ အတွဲအဖက်ကို ဆက်လက်အသုံးပြုနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ ကာဗာနီတို့ဟာ ကောင်းကောင်းတွဲကစားနိုင်ပြီး တစ်ဦးအပါ်တစ်ဦးလည်းလေးစားမှုရှိကြကြောင်း ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

PRI-207568797
IMAGE: GOAL

⚽ လီဗာပူးနဲ့ မန်စီးတီးတို့အမှတ်လျှော့ခဲ့ခြင်းနဲ့ ပတ်သက်ပြီး ချဲလ်ဆီးနည်းပြတူချယ်က သူတို့အနေနဲ့ ပြိုင်ဘက်တွေ အမှတ်လျှော့တဲ့လုံးဝအောင်ပွဲခံမှာ မဟုတ်ကြောင်း၊ ချန်ပီယံဆုအတွက် ပြောဖို့စောလွန်းသေးပြီးကိုယ့်ရလဒ်ကိုယ်သာ အာရုံစိုက်သွားရမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI] ရိုးမား – အေစီမီလန်(မြန်မာစံတော်ချိန်ည ၂:၁၅)

as-roma-vs-ac-milan-169
IMAGE: GOAL



3170257999
IMAGE: GOAL



IMAGE: GOAL



IMAGE: GOAL


0-11
IMAGE: GOAL


IMAGE: GOAL


IMAGE: GOAL

⚽ မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားကတော့ စပါးကိုဂိုးပြတ် အနိုင်ရခဲ့ပြီးနောက် လာမဲ့ပွဲစဉ်တွေမှာ စီရော်နယ်ဒိုနဲ့ ကာဗာနီတို့ရဲ့ အတွဲအဖက်ကို ဆက်လက်အသုံးပြုနိုင်ဖွယ်ရှိကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။ စီရော်နယ်ဒိုနဲ့ ကာဗာနီတို့ဟာ ကောင်းကောင်းတွဲကစားနိုင်ပြီး တစ်ဦးအပ်ါတစ်ဦးလည်းလေးစားမှုရှိကြကြောင်း ဆိုးလ်ရှားက ဖွင့်ဟခဲ့ပါတယ်။

PRI-207568797
IMAGE: GOAL




အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!