29-Sep-2021 အာဆင္နယ္ သတင္းမ်ား

[UNICODE]

1235539200
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူ တိုမီယာဆုက သူ့အတွက်တော့ အာဆင်နယ်က ကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ကြောင်း ဒါကြောင့် အာဆင်နယ်က ကမ်းလှမ်းလာချိန်မှာ ငြင်းဆန်စရာ အကြောင်းပြချက် မရှိခဲ့ကြောင်း ဆိုခဲ့ပါတယ်။

Alexis-Sanchez-1-scaled-e1619119707514
IMAGE: GOAL

⚽ အာဆင်နယ်တိုက်စစ်မှူးဟောင်း ကီဗင်ကမ်းဘဲက အာဆင်နယ်အနေနဲ့ ဆန်းချက်ဇ်ကို အလွတ်နဲ့ ရမယ်ဆိုရင်ပြန်လည်ခေါ်ယူသင့်ကြောင်း၊ ဆန်းချက်ဇ်ဟာ အာဆင်နယ်မှာတုန်းက လုပ်အားနှုန်းတော်တော် ကောင်းမွန်ခဲ့ကြောင်း၊ ဒါပေမဲ့ ဆန်းချက်ဇ်အနေနဲ့ အာဆင်နယ်ကိုပြန်လာမယ်မထင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

Arsenal-fans-mob-Aubameyang-after-North-London-Derby-win
IMAGE: GOAL

⚽ အာဆင်နယ်ပရိသတ်တွေအနေနဲ့ စပါးနဲ့ပွဲအပြီးမှာ အမ်းမရိတ်စ်ကွင်းအပြင်ဘက်မှာ တိုက်စစ်မှူး အူဘာမီယန်ရဲ့ကားထွက်အလာကို စောင့်ဆိုင်းခဲ့ပြီး စုဝေးကာ အောင်ပွဲခံမှုပြုလုပ်ခဲ့ကြပါတယ်။ အူဘာမီယန်အနေနဲ့ စပါးနဲ့ပွဲမှာ ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့တာပါ။

emile-smith-rowe-arsenal-2021-22-jsf4mm42fiia1bxk9ugeef0a0
IMAGE: GOAL

⚽ အာဆင်နယ် လူငယ်ကြယ်ပွင့် စမစ်ရို့စ်က စပါးကို ဂိုးသွင်းနိုင်ဖို့ဆိုတာ သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း၊ စပါးကို ဂိုးသွင်းနိုင်ခဲ့တဲ့ကာက သူ့အတွက် တော်တော်လေး ခံစားချက်ကောင်းမွန်ကြောင်း၊ လေ့ကျင့်ခန်းကွင်းမှာ အဆုံးသတ်ပိုင်းနဲ့ ပတ်သက်လို့ များစွာလေ့ကျင့်ခဲ့ရကြောင်း ဖွင့်ဟခဲ့ပါတယ်။

⚽ နာမည်ကျော် ဂျာနယ်လစ်ဆန်ဘစ်ဇ်ကတော့ စပါးကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ လူတွေက တိုက်စစ်ကစားသမားတွေကိုပဲ ချီးကျူးနေကြပေမဲ့ ခံစစ်ကစားသမားတွေကလည်း အခုထက်ပိုတဲ့ ထိုက်တန်တဲ့ ချီးကျူးမှုကို ခံရသင့်ကြောင်း၊ ခံစစ်ကစားသမားတွဟာ ဆွန်ဟောင်မင်နဲ့ကိန်းတို့ကို အကောင်းဆုံးထိန်းချုပ်ပြီး အံ့အားသင့်ဖွယ်စွမ်းဆောင်နိုင်ခဲ့တာဖြစ်ကြော်င်း ဆိုခဲ့ပါတယ်။

Getty-Images-92749608
IMAGE: GOAL

⚽ အာဆင်နယ် ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ်ကတော့ ကစားသမားဘဝကနေ အနားယူသွားခဲ့တဲ့ သူ့အသင်းဖော်ဟောင်း နာဆရီနဲ့ ပတ်သက်ပြီး ဂုဏ်ပြုစကားပြောဆိုခဲ့ပါတယ်။ နာဆရီနဲ့ တွဲကစားခဲ့တဲ့ အချိန်တွေဟာ ခမ်းနားခဲ့ကြောင်း၊ သူတို့ဟာ ဂိုးဖန်တီးမှုတွေ၊ သွင်းဂိုးတွေ အတူတူပြုလုပ်ခဲ့ကြောင်း၊ ဒီနေ့မှာတော့ ဘောလုံးကမ္ဘာဟာ နာဆရီလိုအရည်အချင်းရှိသူမျိုးကို ဆုံးရှုံးရပြီဖြစ်ကြောင်း ဖာဘရီဂတ်စ်ကဆိုခဲ့တာပါ။

Matteo-Guendouzi-et-Gerson-670x370
IMAGE: GOAL

⚽ မာဆေးမှာအငှားနဲ့ ကစားနေတဲ့အာဆင်နယ်ကွင်းလယ်လူ ဂန်ဒိုဇီက လန်းစ်ကို ၃-၂ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အသင်းဖော်ကစားသမားဂါဆန်နဲ့ အချင်းပွားခဲ့ပါတယ်။ လန်းစ်ကို ပေးလိုက်ရတဲ့ ဒုတိယဂိုးအတွက် ဂန်ဒိုဇီရဲ့ လုပ်အားနှုန်းကို ဂါဆင်က မကျေမနပ်ဖြစ်ခဲ့တာပါ။

Victor-Osimhen-top-player-650x450-1
IMAGE: GOAL

⚽ နာပိုလီတိုက်စစ်မှူး အိုရှင်ဟန်က သူ့အနေနဲ့ အတိတ်မှာတုန်းက အာဆင်နယ်ကိုပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်း၊ အဲဒီတုန်းက ယူ-၁၇ကမ္ဘာ့ဖလားပြိုင်ပွဲပြီးနောက် အာဆင်ဝင်းဂါးနဲ့ တွေ့ဆုံခဲ့ကာ သူက အာဆင်နယ်ကိုလာစေချင်ခဲ့ကြောင်း၊ အာဆင်နယ်က ရွေးချယ်မှုဖြစ်ပေမဲ့ ပြောင်းရွှေ့ဖို့ အချိန်ကောင်း မဟုတ်ခဲ့ကြောင်း ပြန်ပြောင်းဖွင့်ဟခဲ့ပါတယ်။

[ZAWGYI]

1235539200
IMAGE: GOAL

⚽ အာဆင္နယ္ေနာက္ခံလူ တုိမီယာဆုက သူ႔အတြက္ေတာ့ အာဆင္နယ္က ကမာၻ႕အႀကီးက်ယ္ဆံုးအသင္းေတြထဲက တစ္သင္းျဖစ္ေၾကာင္း ဒါေၾကာင့္ အာဆင္နယ္က ကမ္းလွမ္းလာခ်ိန္မွာ ျငင္းဆန္စရာ အေၾကာငး္ျပခ်က္ မရွိခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။

Alexis-Sanchez-1-scaled-e1619119707514
IMAGE: GOAL

⚽ အာဆင္နယ္တုိက္စစ္မွဴးေဟာင္း ကီဗင္ကမ္းဘဲက အာဆင္နယ္အေနနဲ႔ ဆန္းခ်က္ဇ္ကို အလြတ္နဲ႔ ရမယ္ဆုိရင္ျပန္လည္ေခၚယူသင့္ေၾကာင္း၊ ဆန္းခ်က္ဇ္ဟာ အာဆင္နယ္မွာတုန္းက လုပ္အားႏႈန္းေတာ္ေတာ္ ေကာင္းမြန္ခဲ့ေၾကာင္း၊ ဒါေပမဲ့ ဆန္းခ်က္ဇ္အေနနဲ႔ အာဆင္နယ္ကိုျပန္လာမယ္မထင္မိေၾကာင္း မွတ္ခ်က္ျပဳခဲ့ပါတယ္။

Arsenal-fans-mob-Aubameyang-after-North-London-Derby-win
IMAGE: GOAL

⚽ အာဆင္နယ္ပရိသတ္ေတြအေနနဲ႔ စပါးနဲ႔ပြဲအၿပီးမွာ အမ္းမရိတ္စ္ကြင္းအျပင္ဘက္မွာ တုိက္စစ္မွဴး အူဘာမီယန္ရဲ႕ကားထြက္အလာကို ေစာင့္ဆုိင္းခဲ့ၿပီး စုေ၀းကာ ေအာင္ပြဲခံမႈျပဳလုပ္ခဲ့ၾကပါတယ္။ အူဘာမီယန္အေနနဲ႔ စပါးနဲ႔ပြဲမွာ ဂိုးတစ္ဂိုး သြင္းယူႏုိင္ခဲ့တာပါ။

emile-smith-rowe-arsenal-2021-22-jsf4mm42fiia1bxk9ugeef0a0
IMAGE: GOAL

⚽ အာဆင္နယ္ လူငယ္ၾကယ္ပြင့္ စမစ္ရို႕စ္က စပါးကို ဂိုးသြင္းႏုိင္ဖုိ႔ဆုိတာ သူ႔ရဲ႕အိပ္မက္ျဖစ္ေၾကာင္း၊ စပါးကို ဂိုးသြင္းႏုိင္ခဲ့တဲ့ကာက သူ႔အတြက္ ေတာ္ေတာ္ေလး ခံစားခ်က္ေကာင္းမြန္ေၾကာင္း၊ ေလ့က်င့္ခန္းကြင္းမွာ အဆံုးသတ္ပိုင္းနဲ႔ ပတ္သက္လို႔ မ်ားစြာေလ့က်င့္ခဲ့ရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။

⚽ နာမည္ေက်ာ္ ဂ်ာနယ္လစ္ဆန္ဘစ္ဇ္ကေတာ့ စပါးကို ဂိုးျပတ္အႏုိင္ရခဲ့တဲ့ပြဲမွာ လူေတြက တိုက္စစ္ကစားသမားေတြကိုပဲ ခ်ီးက်ဴးေနၾကေပမဲ့ ခံစစ္ကစားသမားေတြကလည္း အခုထက္ပိုတဲ့ ထုိက္တန္တဲ့ ခ်ီးက်ဴးမႈကို ခံရသင့္ေၾကာင္း၊ ခံစစ္ကစားသမားတြဟာ ဆြန္ေဟာင္မင္နဲ႔ကိန္းတုိ႔ကို အေကာင္းဆံုးထိန္းခ်ဳပ္ၿပီး အံ့အားသင့္ဖြယ္စြမ္းေဆာင္ႏုိင္ခဲ့တာျဖစ္ေၾကာ္င္း ဆုိခဲ့ပါတယ္။

Getty-Images-92749608
IMAGE: GOAL

⚽ အာဆင္နယ္ ကြင္းလယ္လူေဟာင္း ဖာဘရီဂတ္စ္ကေတာ့ ကစားသမားဘ၀ကေန အနားယူသြားခဲ့တဲ့ သူ႔အသင္းေဖာ္ေဟာင္း နာဆရီနဲ႔ ပတ္သက္ၿပီး ဂုဏ္ျပဳစကားေျပာဆုိခဲ့ပါတယ္။ နာဆရီနဲ႔ တြဲကစားခဲ့တဲ့ အခ်ိန္ေတြဟာ ခမး္နားခဲ့ေၾကာငး္၊ သူတို႔ဟာ ဂိုးဖန္တီးမႈေတြ၊ သြင္းဂိုးေတြ အတူတူျပဳလုပ္ခဲ့ေၾကာင္း၊ ဒီေန႔မွာေတာ့ ေဘာလံုးကမာၻဟာ နာဆရီလိုအရည္အခ်င္းရွိသူမ်ိဳးကို ဆံုးရႈံးရၿပီျဖစ္ေၾကာင္း ဖာဘရီဂတ္စ္ကဆုိခဲ့တာပါ။

Matteo-Guendouzi-et-Gerson-670x370
IMAGE: GOAL

⚽ မာေဆးမွာအငွားနဲ႔ ကစားေနတဲ့အာဆင္နယ္ကြင္းလယ္လူ ဂန္ဒိုဇီက လန္းစ္ကို ၃-၂ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ အသင္းေဖာ္ကစားသမားဂါဆန္နဲ႔ အခ်င္းပြားခဲ့ပါတယ္။ လန္းစ္ကို ေပးလိုက္ရတဲ့ ဒုတိယဂိုးအတြက္ ဂန္ဒုိဇီရဲ႕ လုပ္အားႏႈန္းကို ဂါဆင္က မေက်မနပ္ျဖစ္ခဲ့တာပါ။

Victor-Osimhen-top-player-650x450-1
IMAGE: GOAL

⚽ နာပိုလီတုိက္စစ္မွဴး အုိရွင္ဟန္က သူ႔အေနနဲ႔ အတိတ္မွာတုန္းက အာဆင္နယ္ကိုေျပာင္းေရႊ႕ဖုိ႔ နီးစပ္ခဲ့ေၾကာင္း၊ အဲဒီတုန္းက ယူ-၁၇ကမာၻ႕ဖလားၿပိဳင္ပြဲၿပီးေနာက္ အာဆင္၀င္းဂါးနဲ႔ ေတြ႕ဆံုခဲ့ကာ သူက အာဆင္နယ္ကိုလာေစခ်င္ခဲ့ေၾကာင္း၊ အာဆင္နယ္က ေရြးခ်ယ္မႈျဖစ္ေပမဲ့ ေျပာင္းေရႊ႕ဖုိ႔ အခ်ိန္ေကာင္း မဟုတ္ခဲ့ေၾကာင္း ျပန္ေျပာင္းဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!