29-Sep-2021 ခ်န္ပီယံလိဂ္ပြဲႀကိဳသံုးသပ္ခ်က္ႏွင့္ နံနက္ခင္း သတင္းမ်ား

[UNICODE] ဂျူဗင်တပ် – ချဲလ်ဆီး (ည ၁:၃၀)

juventus-vs-chelsea-liga-champions-169
IMAGE: GOAL

ဂျူဗင်တပ်က ပြန်လည်တည်ဆောက်နေရတဲ့ ပုံစံမျိုးဖြစ်နေပြီး ဒီရာသီမှာလည်း ခြေစွမ်းက တည်ငြိမ်မှု မရှိသေးပါဘူး။ အထူးသဖြင့် ဂျူဗင်တပ်ရဲ့ခံစစ်ပိုင်းက အားနည်းပြီးဂိုးတွေ ခပ်လွယ်လွယ် ပေးထားရတဲ့ အနေအထားပါ။ ဂျူဗီတိုက်စစ်ပိုင်းက ဂိုးသွင်းအားကောင်းပေမဲ့ ဒိုင်ဘာလာနဲ့ မိုရာတာနှစ်ဦးစလုံး မပါတဲ့အနေအထားမှာ မာကျောတဲ့ ချဲလ်ဆီးနောက်တန်းကို ထိုးဖောက်ဖို့မလွယ်ပါဘူး။

3357-chelsea-1
IMAGE: GOAL

ချဲလ်ဆီးကတော့ မန်စီးတီးအရေးနိမ့်ခဲ့ပေမဲ့ ဒါက သူတို့အပေါ် သက်ရောက်မှု အများကြီးတော့ မရှိနိုင်ပါဘူး။ လက်ရှိ ချဲလ်ဆီးရဲ့ပုံစံက ဥရောပမှာ ဘယ်အသင်းကိုမဆို ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီး စီးရီးအေမှာ ကျင်လည်ခဲ့တဲ့ လူကာကူက ဂျူဗင်တပ်ရဲ့ အထာကိုေ ကာင်းကောင်းသိနေတဲ့ တိုက်စစ်မှူးပါ။ တူရင်မြေမှာ ချဲလ်ဆီးရဲ့အောင်ပွဲက ခမ်းနားပါလိမ့်မယ်။ ဖြစ်နိုင်ဖွယ်ရလဒ်: ဂျူဗင်တပ် ဝ-၁ ချဲလ်ဆီး

မန်ယူ – ဗီလာရီးရဲ (ည ၁:၃၀)

manchester-united-vs-villarreal-liga-champions-169
IMAGE: GOAL

ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ တွေ့ဆုံခဲ့ကြတဲ့အသင်းတွေဖြစ်ပြီး မန်ယူအနေနဲ့ ရှုံးကြွေးပြန်ဆပ်နိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။ လက်ရှိမှာတော့နှစ်သင်းစလုံးရဲ့ ပုံစံက အားရစရာမရှိဘဲ ရလဒ်ကိုယ်စီဆိုးရွားနေကြပါတယ်။ မန်ယူက အသင်းလိက်စုစည်းမှု အားနည်းနေသလို ဗီလာရီးရဲကလည်း တိုက်စစ်ပြဿနာနဲ့ ကြုံတွေ့ရပါတယ်။

1006743789-1024x709
IMAGE: GOAL

ပထမပွဲမှာ ရှုံးထားတဲ့ မန်ယူအနေနဲ့ အိမ်ကွင်းပွဲမှာ မဖြစ်မနေ ၃ မှတ်ရှာဖွေရမှာပါ။ လက်ရှိမှာမန်ယူထက် ဗီလာရီးရဲရဲ့ ပုံစံက ပိုပြီးလိုအပ်ချက်တွေ ရှိနေကာ အမ်မရီကလည်း ချန်ပီယံလိဂ်ဆိုရင်လည်း ထင်သလို ဖြစ်လာလေ့ မရှိပါဘူး။ မန်ယူအနေနဲ့ အိုးထရက်ဖို့ဒ်မှာ ရလဒ်ဆိုးတွေကြားကနေ ရုန်းထွက်ပြီး ရှုံးကြွေးပြန်ဆပ်မှာပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: မန်ယူ၂-၀ ဗီလာရီးရဲ

ဘိုင်ယန်မြူးနစ် – ဒိုင်နမိုကိဗ် (ည ၁:၃၀)

FBL-GER-BUNDESLIGA-FUERTH-BAYERN-MUNICH-e852d6bb624a02588193f88951fc35a0
IMAGE: GOAL

ဘိုင်ယန်မြူးနစ်ကတော့ နစ်ဂျယ်မန်းလက်အောက်မှာ ရစ်သမ်မှန်နေပြီဖြစ်ပြီး တိုက်စစ်ပိုင်းကလည်း ဂိုးတွေ မြူးကာ အားရစရာ ပုံစံကို ပြသထားပါတယ်။ ဒိုင်နမိုကိဗ်က ချန်ပီယံလိဂ်မှာ ခြေစွမ်းပြနိုင်ခြင်း မရှိဘဲ အားရစရာ မရှိပါဘူး။ ဘိုင်ယန်တို့ အိမ်ကွင်းမှာဂိုးသွင်းကျင့်ဦးမဲ့ပွဲပါ။ ဖြစ်နိုင်ဖွယ်ရလဒ်: ဘိုင်ယန် ၄-ဝဒိုင်နမိုကိဗ်

ဘင်ဖီကာ – ဘာစီလိုနာ (ည ၁:၃၀)

Benfica-vs-Barcelona
IMAGE: GOAL

ဘာစီလိုနာအတွက် ခက်ခဲဦးမဲ့ပွဲစဉ်ပါ။ လီဗန်တေးနဲ့ပွဲမှာ ဘာစီလိုနာတို့ ဂိုးပြတ်နိုင်ပွဲနဲ့ နိုးထနိုင်ခဲ့ပေမဲ့ေ ခြစွမ်းက သိပ်ယုံစားလို့မရပါဘူး။ အထူးသဖြင့် ကိုးမန်းလက်ထက်မှာ ဘာစီလိုနာက ဥရောပ အဝေးကွင်းပွဲစဉ်တွေမှာ အားနည်းလေ့ ရှိပါတယ်။ဘင်ဖီကာက မာမာထန်ထန်နဲ့ ခပ်ကြမ်းကြမ်း ကစားတတ်ပြီး ဘာစီလိုနာတို့ ရုန်းကန်ရမဲ့ ပုံစံမျိုးပါ။ ဒါကြောင့် ဘာစီတို့ အမှတ်မထင် ရှုံးပွဲကြုံတွေ့ခဲ့ရင်လည်း အံ့သြစရာမရှိပါဘူး။ ဖြစ်နိုင်ဖွယ်ရလဒ်: ဘင်ဖီကာ ၁-၀ ဘာစီလိုနာ

3228267-66082608-2560-1440
IMAGE: GOAL

⚽ ပေါ်တိုကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး ဆာလတ်နဲ့ ကွင်းလယ်လူ ဟန်ဒါဆန်တို့အနေနဲ့ မှတ်တမ်းကောင်းတွေ အသီးသီး စိုက်ထူနိုင်ခဲ့ပါတယ်။ ဆာလတ်ဟာ ချန်ပီယံဂ်မှာ ဂိုး ၃၀ ပြည့်သွားခဲ့ပြီး ဒရော့ဂ်ဘာ (၄၄ ဂိုး)၊ အီတူး (၃၀ ဂိုး)တို့ပြီးနောက် ချန်ပီယံလိဂ်မှာ ဂိုး ၃၀ နဲ့အထက် သွင်းနိုင်တဲ့ တတိယမြောက် အာဖရိက ကစားသမားဖြစ်လာခဲ့တာပါ။ ဟန်ဒါဆန်လကည်း လီဗာပူးအတွက် ပြိုင်ပွဲစုံပွဲ ၄၀၀ ပြည့်မြောက်တဲ့ ၂၇ ဦးမြောက် ကစားသမားဖြစ်ခဲ့ပါတယ်။

Andre-Onana
IMAGE: GOAL

⚽ နယ်သာလန်ထိပ်သီးကလပ် အေဂျက်ဇ် ဒါရိုက်တာ အိုဗားမာစ်က သူတို့အနေနဲ့ ဂိုးသမား အိုနာနာကို စာချုပ်သက်တမ်း တိုးမြှင့်မှာ မဟုတ်ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါကြောင့်အိုနာနာအနေနဲ့ လာမဲ့နွေမှာ အလွတ်နဲ့ ထွက်ခွာမှာဖြစ်ပြီး သူ့ကိုခေါ်နိုင်ဖို့ အင်တာက နီးစပ်နေပါတယ်။

Getty-Images-1342791347
IMAGE: GOAL

⚽ အာဆင်နယ်နောက်ခံလူ တိုမီယာဆုက သူ့ကိုအသင်းမှာ အထိုင်ကျအောင် ကူညီပေးခဲ့တဲ့ အသင်းဖော် အိုဒီဂတ်ကို ကျေးဇူးတင်ကြောင်း၊ နော့ဝှစ်ချ်နဲ့ ပွဲဦးမထွက်ခင်က သူ့အနေနဲ့ တုန်လှုပ်နေခဲ့ပြီး အသင်းဖော်တွေအားလုံးက ကူညီပေးခဲ့ကြကြောင်း ဖွင့်ဟခဲ့ပါတယ်။

[ZAWGYI] ဂ်ဴဗင္တပ္ – ခ်ဲလ္ဆီး (ည ၁:၃၀)

juventus-vs-chelsea-liga-champions-169
IMAGE: GOAL

ဂ်ဴဗင္တပ္က ျပန္လည္တည္ေဆာက္ေနရတဲ့ ပံုစံမ်ိဳးျဖစ္ေနၿပီး ဒီရာသီမွာလည္း ေျခစြမ္းက တည္ၿငိမ္မႈ မရွိေသးပါဘူး။ အထူးသျဖင့္ ဂ်ဴဗင္တပ္ရဲ႕ခံစစ္ပိုင္းက အားနည္းၿပီးဂိုးေတြ ခပ္လြယ္လြယ္ ေပးထားရတဲ့ အေနအထားပါ။ ဂ်ဴဗီတုိက္စစ္ပိုင္းက ဂိုးသြင္းအားေကာင္းေပမဲ့ ဒိုင္ဘာလာနဲ႔ မုိရာတာႏွစ္ဦးစလံုး မပါတဲ့အေနအထားမွာ မာေက်ာတဲ့ ခ်ဲလ္ဆီးေနာက္တန္းကို ထုိးေဖာက္ဖုိ႔မလြယ္ပါဘူး။

3357-chelsea-1
IMAGE: GOAL

ခ်ဲလ္ဆီးကေတာ့ မန္စီးတီးအေရးနိမ့္ခဲ့ေပမဲ့ ဒါက သူတုိ႔အေပၚ သက္ေရာက္မႈ အမ်ားႀကီးေတာ့ မရွိႏုိင္ပါဘူး။ လက္ရွိ ခ်ဲလ္ဆီးရဲ႕ပံုစံက ဥေရာပမွာ ဘယ္အသင္းကိုမဆုိ ယွဥ္ၿပိဳင္ႏိုင္စြမ္း ရွိေနၿပီး စီးရီးေအမွာ က်င္လည္ခဲ့တဲ့ လူကာကူက ဂ်ဴဗင္တပ္ရဲ႕ အထာကိုေ ကာင္းေကာင္းသိေနတဲ့ တုိက္စစ္မွဴးပါ။ တူရင္ေျမမွာ ခ်ဲလ္ဆီးရဲ႕ေအာင္ပြဲက ခမ္းနားပါလိမ့္မယ္။ ျဖစ္ႏိုင္ဖြယ္ရလဒ္: ဂ်ဴဗင္တပ္ ၀-၁ ခ်ဲလ္ဆီး

မန္ယူ – ဗီလာရီးရဲ (ည ၁:၃၀)

manchester-united-vs-villarreal-liga-champions-169
IMAGE: GOAL

ၿပီးခဲ့တဲ့ႏွစ္ ယူရိုပါလိဂ္ဗုိလ္လုပြဲမွာ ေတြ႕ဆံုခဲ့ၾကတဲ့အသင္းေတြျဖစ္ၿပီး မန္ယူအေနနဲ႔ ရႈံးေၾကြးျပန္ဆပ္ႏုိင္မလားဆိုတာ စိတ္၀င္စားစရာပါ။ လက္ရွိမွာေတာ့ႏွစ္သင္းစလံုးရဲ႕ ပံုစံက အားရစရာမရွိဘဲ ရလဒ္ကိုယ္စီဆုိးရြားေနၾကပါတယ္။ မန္ယူက အသင္းလိက္စုစည္းမႈ အားနည္းေနသလို ဗီလာရီးရဲကလည္း တုိက္စစ္ျပႆနာနဲ႔ ႀကံဳေတြ႕ရပါတယ္။

1006743789-1024x709
IMAGE: GOAL

ပထမပြဲမွာ ရႈံးထားတဲ့ မန္ယူအေနနဲ႔ အိမ္ကြင္းပြဲမွာ မျဖစ္မေန ၃ မွတ္ရွာေဖြရမွာပါ။ လက္ရွိမွာမန္ယူထက္ ဗီလာရီးရဲရဲ႕ ပံုစံက ပိုၿပီးလိုအပ္ခ်က္ေတြ ရိွိေနကာ အမ္မရီကလည္း ခ်န္ပီယံလိဂ္ဆုိရင္လည္း ထင္သလို ျဖစ္လာေလ့ မရွိပါဘူး။ မန္ယူအေနနဲ႔ အုိးထရက္ဖုိ႔ဒ္မွာ ရလဒ္ဆုိးေတြၾကားကေန ရုန္းထြက္ၿပီး ရႈံးေၾကြးျပန္ဆပ္မွာပါ။ ျဖစ္ႏုိင္ဖြယ္ရလဒ္: မန္ယူ၂-၀ ဗီလာရီးရဲ

ဘိုင္ယန္ျမဴးနစ္ – ဒိုင္နမိုကိဗ္ (ည ၁:၃၀)

FBL-GER-BUNDESLIGA-FUERTH-BAYERN-MUNICH-e852d6bb624a02588193f88951fc35a0
IMAGE: GOAL

ဘိုင္ယန္ျမဴးနစ္ကေတာ့ နစ္ဂ်ယ္မန္းလက္ေအာက္မွာ ရစ္သမ္မွန္ေနၿပီျဖစ္ၿပီး တိုက္စစ္ပိုင္းကလည္း ဂိုးေတြ ျမဴးကာ အားရစရာ ပုံစံကို ျပသထားပါတယ္။ ဒိုင္နမိုကိဗ္က ခ်န္ပီယံလိဂ္မွာ ေျခစြမ္းျပႏုိင္ျခင္း မရွိဘဲ အားရစရာ မရွိပါဘူး။ ဘိုင္ယန္တုိ႔ အိမ္ကြင္းမွာဂိုးသြင္းက်င့္ဦးမဲ့ပြဲပါ။ ျဖစ္ႏိုင္ဖြယ္ရလဒ္: ဘိုင္ယန္ ၄-၀ဒိုင္နမိုကိဗ္

ဘင္ဖီကာ – ဘာစီလိုနာ (ည ၁:၃၀)

Benfica-vs-Barcelona
IMAGE: GOAL

ဘာစီလိုနာအတြက္ ခက္ခဲဦးမဲ့ပြဲစဥ္ပါ။ လီဗန္ေတးနဲ႔ပြဲမွာ ဘာစီလုိနာတို႔ ဂိုးျပတ္ႏဳိင္ပြဲနဲ႔ ႏုိးထနိုင္ခဲ့ေပမဲ့ေ ျခစြမ္းက သိပ္ယံုစားလို႔မရပါဘူး။ အထူးသျဖင့္ ကိုးမန္းလက္ထက္မွာ ဘာစီလိုနာက ဥေရာပ အေ၀းကြင္းပြဲစဥ္ေတြမွာ အားနည္းေလ့ ရွိပါတယ္။ဘင္ဖီကာက မာမာထန္ထန္န႔ဲ ခပ္ၾကမ္းၾကမ္း ကစားတတ္ၿပီး ဘာစီလိုနာတုိ႔ ရုန္းကန္ရမဲ့ ပံုစံမ်ိဳးပါ။ ဒါေၾကာင့္ ဘာစီတုိ႔ အမွတ္မထင္ ရႈံးပြဲႀကံဳေတြ႕ခဲ့ရင္လည္း အံ့ၾသစရာမရွိပါဘူး။ ျဖစ္ႏုိင္ဖြယ္ရလဒ္: ဘင္ဖီကာ ၁-၀ ဘာစီလုိနာ

3228267-66082608-2560-1440
IMAGE: GOAL

⚽ ေပၚတုိကို ဂိုးျပတ္အႏုိင္ရခဲ့တဲ့ပြဲမွာ လီဗာပူးတုိက္စစ္မွဴး ဆာလတ္နဲ႔ ကြင္းလယ္လူ ဟန္ဒါဆန္တို႔အေနနဲ႔ မွတ္တမ္းေကာင္းေတြ အသီးသီး စိုက္ထူႏုိင္ခဲ့ပါတယ္။ ဆာလတ္ဟာ ခ်န္ပီယံဂ္မွာ ဂိုး ၃၀ ျပည့္သြားခ့ဲၿပီး ဒေရာ့ဂ္ဘာ (၄၄ ဂိုး)၊ အီတူး (၃၀ ဂိုး)တုိ႔ၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ဂိုး ၃၀ နဲ႔အထက္ သြင္းႏုိင္တဲ့ တတိယေျမာက္ အာဖရိက ကစားသမားျဖစ္လာခဲ့တာပါ။ ဟန္ဒါဆန္လကည္း လီဗာပူးအတြက္ ၿပိဳင္ပြဲစံုပြဲ ၄၀၀ ျပည့္ေျမာက္တဲ့ ၂၇ ဦးေျမာက္ ကစားသမားျဖစ္ခဲ့ပါတယ္။

Andre-Onana
IMAGE: GOAL

⚽ နယ္သာလန္ထိပ္သီးကလပ္ ေအဂ်က္ဇ္ ဒါရိုက္တာ အုိဗားမာစ္က သူတို႔အေနနဲ႔ ဂိုးသမား အိုနာနာကို စာခ်ဳပ္သက္တမ္း တိုးျမွင့္မွာ မဟုတ္ေၾကာင္း အတည္ျပဳခဲ့ပါတယ္။ ဒါေၾကာင္ ့အိုနာနာအေနနဲ႔ လာမဲ့ေႏြမွာ အလြတ္နဲ႔ ထြက္ခြာမွာျဖစ္ၿပီး သူ႔ကိုေခၚႏိုင္ဖုိ႔ အင္တာက နီးစပ္ေနပါတယ္။

Getty-Images-1342791347
IMAGE: GOAL

⚽ အာဆင္နယ္ေနာက္ခံလူ တိုမီယာဆုက သူ႔ကိုအသင္းမွာ အထုိင္က်ေအာင္ ကူညီေပးခဲ့တဲ့ အသင္းေဖာ္ အုိဒီဂတ္ကို ေက်းဇူးတင္ေၾကာင္း၊ ေနာ့၀ွစ္ခ်္နဲ႔ ပြဲဦးမထြက္ခင္က သူ႔အေနနဲ႔ တုန္လႈပ္ေနခဲ့ၿပီး အသင္းေဖာ္ေတြအားလံုးက ကူညီေပးခဲ့ၾကေၾကာင္း ဖြင့္ဟခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!