29-Sep-2021 ခ်န္ပီယံလိဂ္ပြဲၿပီးသံုးသပ္ခ်က္ႏွင့္ အေစာဆံုး သတင္းမ်ား

[UNICODE] ပီအက်စ်ဂျီ ၂-၀ မန်စီးတီး

ZGY4-Nj-A4-OTAx-ZGIx-MTYz-YWEw-NTc4-MDBj-ODQ-thumb
IMAGE: GOAL

ဒီနေ့ ပိုချက်တီနိုရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ မန်စီးတီးကွင်းလယ်ကို ဖြိုဖို့ဖြစ်ပြီး ဒီဘရိုင်း-ဂရီးလစ်ရှ်၊ ဂရီးလစ်ရှ်နဲ့ တိုက်စစ်ကစားသမားတွေကြားက အချိတ်အဆက်ကို ဖြတ်တောက်နိုင်ခဲ့ပါတယ်။ ဒီဘရိုင်းဆီက ဘောလုံးမထွက်ချိန်၊ ဂရီးလစ်ရှ် လူကပ်ခံထားရချိန်မှာ မန်စီးတီးတိုက်စစ်က သေသွားခဲ့ပြီး ဘာနာဒိုဆေးလ်ဗားကလည်း သေချာပေါက်ဂိုးရမဲ့အ ခွင့်အရေးတစ်ကြိမ်ကို အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။ ပီအကစ်ဂျီကတော့ တိုက်စစ်ကို လျင်လျင်မြန်မြန် ပုံဖော်ခဲ့ပြီး မက်ဆီအနေနဲ့ ဒီပွဲမှာ အရင်ပွဲတွေတုန်းကထက် လုပ်ရဲကိုင်ရဲရှိလာတာ တွေ့ရပါတယ်။ မန်စီးတီး ခံစစ်နဲ့ ဂိုးသမား အီဒါဆန်တို့ အနေနဲ့ ပေါ့ဆခဲ့ပြီး ပီအက်စ်ဂျီသွင်းသွားတဲ့ နှစ်ဂိုးစလုံးက ဖော်မြူလာအကွက်တွေပါ။ ပီအက်စ်ဂျီအတွက်ဂိုးတွေကိုတော့ ပွဲအစ ၈ မိနစ်မှာ ဂေးလ်နဲ့ ၇၄ မိနစ်မှာ မက်ဆီက သူ့ပုံစံအတိုင်း လှလှပပ ကန်သွင်းယူခဲ့တာပါ။

0-15
IMAGE: GOAL

ပီအက်စ်ဂျီကတော့ မက်ဆီရဲ့ ပထမဆုံးဂိုးနဲ့အတူ မန်စီးတီးကို အိမ်ကွင်းမှာ ပြတ်ပြတ်သားသား အနိုင်ရခဲ့ပါတယ်။ ပီအက်စ်ဂျီဟာ တိုက်စစ်ကစားသမားတွေကအစ လုပ်အားနှုန်းကောင်းကောင်းနဲ့ မန်စီးတီး ကစားကွက်ကို ဖျက်စီးဖို့ ကြိုးစားခဲ့ပြီး အလုပ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ မန်စီးတီးကတော့ ချဲလ်ဆီးကို အနိုင်ရခဲ့တဲ့ပွဲတုန်းက ခြေစွမ်းနဲ့ ဆီနဲ့ရေလို ကွာခြားခဲ့ပြီး စတာလင်၊ မာရက်ဇ်တို့ ပါလာတဲ့ တိုက်စစ်ကစုတ်ပြတ်သတ်လွန်းခဲ့ပါတယ်။

download
IMAGE: GOAL

မက်ဆီက ချန်ပီယံလိဂ်မှာ မန်စီးတီးဘက်ကို ၇ ဂိုး၊ ဂွါဒီယိုလာ ကိုင်တွယ်တဲ့အသင်းတွေကို ၇ ဂိုး( ဘိုင်ယန်ကို ၂ ဂိုး၊ မန်စီးတီးကို ၅ ဂိုး)အထိသွင်းယူထားပြီး ဒီပြိုင်ပွဲမှာ မန်စီးတီးနဲ့ ဂွါဒီယိုလာတို့အပေါ် ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား ဖြစ်နေပါတယ်။

အေစီ ၁-၂ အက်သလက်

maxresdefault-1
IMAGE: GOAL

ကက်ဆီရဲ့ အနီကတ်က အေစီအပေါ် ရိုက်ခတ်မှု ကြီးမားခဲ့ပြီး ဂရစ်ဇ်မန်း ချေပဂိုး မသွင်းခင်အထိ အက်သလက်တို့ ဂိုးပေါက်တစ်ကြိမ်မှ မတည့်ခဲ့တဲ့အထိ အေစီခံစစ်ကြောင်းက မာကျာပြီး ကျစ်လျစ်မှုကို ပြခဲ့တာပါ။ တစ်ယောက်လျော့အေစီဟာ အနိုင်ဂိုးကို ထိန်းသိမ်းဖို့ ခံစစ်ဇုန်ထဲမှာပိတ်ကစားခဲ့ပြီး အက်သလက်တို့ ဂိုးစည်းထဲတောင် မဝင်နိုင်ဘဲ အဝေးကန်ချက်တွေနဲ့သာခြိမ်းခြောက်နေခဲ့ရပါတယ်။ ဒါပေမဲ့ အေစီအနေနဲ့ ပွဲချိန်ပြည့်တောင့်ခံနိုင်ခြင်း မရှိဘဲ ၈၄ မိနစ်မှာ ဂရစ်ဇ်မန်းရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ပြီး နာကျင်အချိန်မှာတော့ ဆွာရက်ဇ်က အငြင်းပွားဖွယ်ပင်နယ်တီကနေ အဖိုးတန်အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

ပေါ်တို ၁-၅ လီဗာပူး

maxresdefault
IMAGE: GOAL

လီဗာပူးကတော့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ပါတယ်။ လီဗာပူးအနေနဲ့ ဘောလုံးပိုင်ဆိုင်မှု အပြတ်အသတ်အသာရယူပြီး ပေါ်တိုကို တစ်ဖတ်သက် ဖိအားပေး ကစားခဲ့တာပါ။ ပေါ်တိုဟာ လီဗာပူးကို တုံ့ပြန်နိုင်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူတို့ရဲ့ မြင်တွေ့နေကျ မာကျောမှုက ဒီပွဲမှာ ပျောက်ဆုံးခဲ့ပါတယ်။ လီဗာပူးအတွက်ဂိုးတွေကိုတော့ ဆာလတ်က နှစ်ဂိုး၊ ဖာမီနိုက နှစ်ဂိုးနဲ့ မာနေးတို့က သွင်းယူပေးခဲ့တာပါ။ ဒါကြောင့်လီဗာပူးဟာ ပေါ်တိုနဲ့တွေ့တိုင်း ရှုံးပွဲမရှိတဲ့ မှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

ရီးရဲ ၁-၂ တီရာစပေါ

Real-Madrid-vs-Sheriff-Tiraspol-Football-Match-Report
IMAGE: GOAL

ရီးရဲကတော့ အသင်းငယ်လေး တီရာစပေါကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် အရေးနိမ့်ခဲ့ပါတယ်။ ရီးရဲအနေနဲ့ တစ်ပွဲလုံး တစ်ဖတ်သက် အသာစီးရယူပြီးဂိုးပေါက်ကန်သွင်းချက် ၃၁ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမဲ့ တီရာစပေါရဲ့ နောက်တန်းကို ထိန်းချုပ်နိုင်ခြင်း မရှိသလို ခံစစ်ပိုင်း အားနည်းချက်တွေကြောင့် အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ရပါတယ်။ ၂၅ မိနစ်မှာ တီရာစပေါက ဦးဆောင်ဂိုးရပြီး ၆၅မိနစ်မှာ ပင်နယ်တီက ရီးရဲအတွက်ဘန်ဇီမာက ချေပဂိုးပြန်သွင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ပွဲပြီးခါနီးမှာ ရီးရဲ ဖိကစားနေရင်း မထင်မှတ်ထားတဲ့ အနေအထားကနေ တီရာစပေါက အနိုင်ဂိုးရခဲ့ပါတယ်။

Getty-Images-1339712119
IMAGE: GOAL

⚽မန်ယူနောက်ခံလူ ဗာရာနီက သူတို့အနေနဲ့ ၂ ပွဲဆက် ရှုံးပွဲကြုံတွေ့ခဲ့ရပေမဲ့ လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်း၊ သူတို့အသင်းလူစာရင်းဟာ အရည်အသွေးများစွာ ရှိနေကြောင်း၊ လက်ရှိအသင်းဟာ အလားအလာကောင်းများစွာကို ပိုင်ဆိုင်ထားကြောင်း ဖွင့်ဟခဲ့ပါတယ်။

Getty-Images-1343188167
IMAGE: GOAL

⚽ စပါးနဲ့ ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အာဆင်နယ်ကွင်းလယ်လူ ဂျာကာဟာ ထင်မှတ်ထားတာထက် ကြာရှည်စွာ အနားယူနိုင်ဖွယ ်ရှိနေပါတယ်။ ဒါကြောင့် ဂျာကာအနေနဲ့ အနည်းဆုံး ၆ ပတ်ကနေ ၈ ပတ်အထိ အနားယူရနိုင်ဖွယ် ရှိနေပြီး လီဗာပူး၊ မန်ယူတို့နဲ့ အရေးကြီးပွဲစဉ်တွေကိုပါ လွဲချော်တော့မှာ ဖြစ်ပါတယ်။

Nicolo-Zaniolo-celebrating-after-the-score-Roma
IMAGE: GOAL

⚽ စီးရီးအေကလပ် ရိုးမားအသင်းဟာ အဓိက ကစားသမားနှစ်ဦးဖြစ်တဲ့ ပယ်လီဂရီနီနဲ့ ဇာနီယိုလိုတို့ကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ နည်းပြမော်ရင်ဟိုလက်အောက်မှာ ခြေစွမ်းပြထားသူတွေပါ။

[ZAWGYI] ပီအက္စ္ဂ်ီ ၂-၀ မန္စီးတီး

ZGY4-Nj-A4-OTAx-ZGIx-MTYz-YWEw-NTc4-MDBj-ODQ-thumb
IMAGE: GOAL

ဒီေန႔ ပိုခ်က္တီႏိုရဲ႕ အဓိက လုပ္ေဆာင္ခ်က္ကေတာ့ မန္စီးတီးကြင္းလယ္ကို ၿဖိဳဖိုိ႔ျဖစ္ၿပီး ဒီဘရိုင္း-ဂရီးလစ္ရွ္၊ ဂရီးလစ္ရွ္နဲ႔ တိုက္စစ္ကစားသမားေတြၾကားက အခ်ိတ္အဆက္ကို ျဖတ္ေတာက္ႏိုင္ခဲ့ပါတယ္။ ဒီဘရိုင္းဆီက ေဘာလံုးမထြက္ခ်ိန္၊ ဂရီးလစ္ရွ္ လူကပ္ခံထားရခ်ိန္မွာ မန္စီးတီးတုိက္စစ္က ေသသြားခဲ့ၿပီး ဘာနာဒိုေဆးလ္ဗားကလည္း ေသခ်ာေပါက္ဂိုးရမဲ့အ ခြင့္အေရးတစ္ႀကိမ္ကို အံ့အားသင့္ဖြယ္ လြဲေခ်ာ္ခဲ့ပါတယ္။ ပီအကစ္္ဂ်ီကေတာ့ တိုက္စစ္ကို လ်င္လ်င္ျမန္ျမန္ ပံုေဖာ္ခဲ့ၿပီး မက္ဆီအေနနဲ႔ ဒီပြဲမွာ အရင္ပြဲေတြတုန္းကထက္ လုပ္ရဲကိုင္ရဲရွိလာတာ ေတြ႕ရပါတယ္။ မန္စီးတီး ခံစစ္နဲ႔ ဂိုးသမား အီဒါဆန္တို႔ အေနန႔ဲ ေပါ့ဆခဲ့ၿပီး ပီအက္္စ္ဂ်ီသြင္းသြားတဲ့ ႏွစ္ဂိုးစလံုးက ေဖာ္ျမဴလာအကြက္ေတြပါ။ ပီအက္စ္ဂ်ီအတြက္ဂိုးေတြကိုေတာ့ ပြဲအစ ၈ မိနစ္မွာ ေဂးလ္နဲ႔ ၇၄ မိနစ္မွာ မက္ဆီက သူ႔ပံုစံအတုိင္း လွလွပပ ကန္သြင္းယူခဲ့တာပါ။

0-15
IMAGE: GOAL

ပီအက္စ္ဂ်ီကေတာ့ မက္ဆီရဲ႕ ပထမဆံုးဂိုးနဲ႔အတူ မန္စီးတီးကို အိမ္ကြင္းမွာ ျပတ္ျပတ္သားသား အႏုိင္ရခဲ့ပါတယ္။ ပီအက္စ္ဂ်ီဟာ တုိက္စစ္ကစားသမားေတြကအစ လုပ္အားႏႈန္းေကာင္းေကာင္းနဲ႔ မန္စီးတီး ကစားကြက္ကို ဖ်က္စီးဖို႔ ႀကိဳးစားခဲ့ၿပီး အလုပ္ျဖစ္ခဲ့တာ ေတြ႕ရပါတယ္။ မန္စီးတီးကေတာ့ ခ်ဲလ္ဆီးကို အႏုိင္ရခဲ့တဲ့ပြဲတုန္းက ေျခစြမ္းနဲ႔ ဆီနဲ႔ေရလို ကြာျခားခဲ့ၿပီး စတာလင္၊ မာရက္ဇ္တုိ႔ ပါလာတဲ့ တုိက္စစ္ကစုတ္ျပတ္သတ္လြန္းခဲ့ပါတယ္။

download
IMAGE: GOAL

မက္ဆီက ခ်န္ပီယံလိဂ္မွာ မန္စီးတီးဘက္ကို ၇ ဂိုး၊ ဂြါဒီယိုလာ ကိုင္တြယ္တဲ့အသင္းေတြကို ၇ ဂိုး( ဘုိင္ယန္ကို ၂ ဂိုး၊ မန္စီးတီးကို ၅ ဂိုး)အထိသြင္းယူထားၿပီး ဒီၿပိဳင္ပြဲမွာ မန္စီးတီးနဲ႔ ဂြါဒီယိုလာတုိ႔အေပၚ ဂိုးအမ်ားဆံုး သြင္းထားတဲ့ ကစားသမား ျဖစ္ေနပါတယ္။

ေအစီ ၁-၂ အက္သလက္

maxresdefault-1
IMAGE: GOAL

ကက္ဆီရဲ႕ အနီကတ္က ေအစီအေပၚ ရိုက္ခတ္မႈ ႀကီးမားခဲ့ၿပီး ဂရစ္ဇ္မန္း ေခ်ပဂိုး မသြင္းခင္အထိ အက္သလက္တို႔ ဂိုးေပါက္တစ္ႀကိမ္မွ မတည့္ခဲ့တဲ့အထိ ေအစီခံစစ္ေၾကာင္းက မာက်ာၿပီး က်စ္လ်စ္မႈကို ျပခဲ့တာပါ။ တစ္ေယာက္ေလ်ာ့ေအစီဟာ အႏုိင္ဂိုးကို ထိန္းသိမ္းဖို႔ ခံစစ္ဇုန္ထဲမွာပိတ္ကစားခဲ့ၿပီး အက္သလက္တုိ႔ ဂိုးစည္းထဲေတာင္ မ၀င္ႏုိင္ဘဲ အေ၀းကန္ခ်က္ေတြနဲ႔သာၿခိမ္းေျခာက္ေနခဲ့ရပါတယ္။ ဒါေပမဲ့ ေအစီအေနနဲ႔ ပြဲခ်ိန္ျပည့္ေတာင့္ခံႏုိင္ျခင္း မရိွဘဲ ၈၄ မိနစ္မွာ ဂရစ္ဇ္မန္းရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ၿပီး နာက်င္အခ်ိန္မွာေတာ့ ဆြာရက္ဇ္က အျငင္းပြားဖြယ္ပင္နယ္တီကေန အဖိုးတန္အႏိုင္ဂိုးသြင္းေပးခဲ့ပါတယ္။

ေပၚတုိ ၁-၅ လီဗာပူး

maxresdefault
IMAGE: GOAL

လီဗာပူးကေတာ့ အေ၀းကြင္းမွာ ဂိုးျပတ္ႏုိင္ပြဲကို ရယူႏုိင္ခဲ့ပါတယ္။ လီဗာပူးအေနနဲ႔ ေဘာလံုးပိုင္ဆုိင္မႈ အျပတ္အသတ္အသာရယူၿပီး ေပၚတုိကို တစ္ဖတ္သက္ ဖိအားေပး ကစားခဲ့တာပါ။ ေပၚတုိဟာ လီဗာပူးကို တုံ႔ျပန္ႏဳိင္ဖုိ႔ ႀကိဳးပမး္ခဲ့ေပမဲ့ သူတုိ႔ရဲ႕ ျမင္ေတြ႕ေနက် မာေက်ာမႈက ဒီပြဲမွာ ေပ်ာက္ဆံုးခဲ့ပါတယ္။ လီဗာပူးအတြက္ဂိုးေတြကိုေတာ့ ဆာလတ္က ႏွစ္ဂိုး၊ ဖာမီႏိုက ႏွစ္ဂိုးနဲ႔ မာေနးတို႔က သြင္းယူေပးခဲ့တာပါ။ ဒါေၾကာင့္လီဗာပူးဟာ ေပၚတုိနဲ႔ေတြ႕တုိင္း ရႈံးပြဲမရွိတဲ့ မွတ္တမ္းေကာင္းကို ဆက္ထိန္းႏုိင္ခဲ့ပါတယ္။

ရီးရဲ ၁-၂ တီရာစေပါ

Real-Madrid-vs-Sheriff-Tiraspol-Football-Match-Report
IMAGE: GOAL

ရီးရဲကေတာ့ အသင္းငယ္ေလး တီရာစေပါကို အိမ္ကြင္းမွာ အံ့အားသင့္ဖြယ္ အေရးနိမ့္ခဲ့ပါတယ္။ ရီးရဲအေနနဲ႔ တစ္ပြဲလံုး တစ္ဖတ္သက္ အသာစီးရယူၿပီးဂိုးေပါက္ကန္သြင္းခ်က္ ၃၁ ႀကိမ္အထိ ျပဳလုပ္ႏုိင္ခဲ့ေပမဲ့ တီရာစေပါရဲ႕ ေနာက္တန္းကို ထိန္းခ်ဳပ္ႏိုင္ျခင္း မရွိသလို ခံစစ္ပိုင္း အားနည္းခ်က္ေတြေၾကာင့္ အိမ္ကြင္းမွာ ရႈံးပြဲႀကံဳခဲ့ရပါတယ္။ ၂၅ မိနစ္မွာ တီရာစေပါက ဦးေဆာင္ဂိုးရၿပီး ၆၅မိနစ္မွာ ပင္နယ္တီက ရီးရဲအတြက္ဘန္ဇီမာက ေခ်ပဂိုးျပန္သြင္းေပးခဲ့ပါတယ္။ ဒါေပမဲ့ ပြဲၿပီးခါနီးမွာ ရီးရဲ ဖိကစားေနရင္း မထင္မွတ္ထားတဲ့ အေနအထားကေန တီရာစေပါက အႏုိင္ဂိုးရခဲ့ပါတယ္။

Getty-Images-1339712119
IMAGE: GOAL

⚽မန္ယူေနာက္ခံလူ ဗာရာနီက သူတုိ႔အေနနဲ႔ ၂ ပြဲဆက္ ရႈံးပြဲႀကံဳေတြ႕ခဲ့ရေပမဲ့ လမ္းေၾကာင္းမွန္ေပၚမွာ ရွိေနေၾကာင္း၊ သူတုိ႔အသင္းလူစာရင္းဟာ အရည္အေသြးမ်ားစြာ ရွိေနေၾကာင္း၊ လက္ရွိအသင္းဟာ အလားအလာေကာင္းမ်ားစြာကို ပိုင္ဆုိင္ထားေၾကာငး္ ဖြင့္ဟခဲ့ပါတယ္။

Getty-Images-1343188167
IMAGE: GOAL

⚽ စပါးနဲ႔ ပြဲစဥ္မွာ ဒဏ္ရာရရွိခဲ့တဲ့ အာဆင္နယ္ကြင္းလယ္လူ ဂ်ာကာဟာ ထင္မွတ္ထားတာထက္ ၾကာရွည္စြာ အနားယူႏုိင္ဖြယ ္ရွိေနပါတယ္။ ဒါေၾကာင့္ ဂ်ာကာအေနနဲ႔ အနည္းဆံုး ၆ ပတ္ကေန ၈ ပတ္အထိ အနားယူရႏိုင္ဖြယ္ ရွိေနၿပီး လီဗာပူး၊ မန္ယူတို႔နဲ႔ အေရးႀကီးပြဲစဥ္ေတြကိုပါ လြဲေခ်ာ္ေတာ့မွာ ျဖစ္ပါတယ္။

Nicolo-Zaniolo-celebrating-after-the-score-Roma
IMAGE: GOAL

⚽ စီးရီးေအကလပ္ ရိုးမားအသင္းဟာ အဓိက ကစားသမားႏွစ္ဦးျဖစ္တဲ့ ပယ္လီဂရီနီနဲ႔ ဇာနီယိုလိုတို႔ကို စာခ်ဳပ္သက္တမ္းတုိးျမွင့္ဖို႔ နီးစပ္ေနၿပီ ျဖစ္ပါတယ္။ သူတုိ႔ႏွစ္ဦးဟာ နညး္ျပေမာ္ရင္ဟိုလက္ေအာက္မွာ ေျခစြမ္းျပထားသူေတြပါ။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!