28-Sep-2021 ညပိုင္း သတင္းမ်ား

[UNICODE]

0-Whats-App-Image-2020-01-04-at-165449-1jpeg
IMAGE: GOAL

⚽ လီဗာပူးနဲ့ အင်္ဂလန်ဂန္ထဝင်ဟောင်း ရိုဂျာဟတ်ချ်ဟာ အသက် ၈၃ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ဟတ်ချ်ဟာ လီဗာပူးရဲ့ ဒုတိယမြောက် ဂိုးသွင်အများဆုံး ကစားသမားဖြစ်သလို အင်္ဂလန်နဲ့လည်း ၁၉၆၆ ကမ္ဘာ့ဖလားကို ရယူနိုင်ခဲ့သူပါ။

1-Getty-Images-1337305761
IMAGE: GOAL

⚽ အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာ ဂန္ထဝင် ဖယ်မန်းက မန်ယူတိုက်စစ်မှူး ကာဗာနီအနေနဲ့ ဘိုကာဂျုနီယာအသင်းမှာ ကစားဖို့ အချိန်တန်ပြီဖြစ်ကြောင်း၊ ဘိုကာဂျူနီယာဟာ ကမ္ဘာ့အကောင်းဆုံးကလပ်ဖြစ်ပြီး ကာဗာနီရဲ့ အသက်အရွယ်နဲ့ ကစားဖို့ အသင့်တော်ဆုံးဖြစ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

16026103684939
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဟာ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ရီးရဲကွင်းလယ်လူ အဆန်စီယိုကို ပေါင် ၃၄ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံလိုက်ရပါတယ်။ အာဆင်နယ်နည်းပြအာတီတာအနေနဲ့ လာမဲ့ ဇန်နဝါရီမှာလည်း အဆန်စီယိုကို ဆက်လက်ကြိုးပမ်းသွားဦးမယ်လို့ သိရပါတယ်။

dannyings140721a
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် စပါးအနေနဲ့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့တုန်းက ဆောက်သမ်တန်တိုက်စစ်မှူး ဒန်နီအင့်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ကြောင်း သိရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ စပါးဒါရိုက်တာ ပါရာတီချီအနေနဲ့ ခံစစ် ကစားသမားကို ခေါ်ယူဖို့ ဦးစားပေးခဲ့တာလို့ သိရပါတယ်။

e7pxfneweamsoum
IMAGE: GOAL

⚽ မန်စီးတီးတိုက်စစ်ကစားသမား မာရက်ဇ်က သူတို့အနေနဲ့ ချဲလ်ဆီးနဲ့ပွဲတုန်းက ပုံစံအတိုင်း ပီအက်စ်ဂျီကို ရင်ဆိုင်သွားမှာဖြစ်ကြောင်း၊ သူတို့အသင်းဟာ ပြီးခဲ့တဲ့ရာသီကနဲ့ နှိုင်းယှဉ်ရင်များစွာ တိုးတက်လာကြောင်းဖွင့်ဟခဲ့ပါတယ်။

ngolo-kante-chelsea-2021-22-m43ig0nx9ki41idf0ug08rqol
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် ချဲလ်ဆီးအနေနဲ့ အဓိကကွင်းလယ်လူ ကန်တီကို ၂ပွဲခန့် လက်လွှတ်ရမှာ ဖြစ်ပါတယ်။ ကန်တီဟာ ဖျားနာမှု ဝေဒနာကို ခံစားနေရပြီး ဂျူဗင်တပ်နဲ့ ဆောက်သမ်တန်တု့ိရဲ့ ပွဲစဉ်တွေကို လွဲချော်မှာ ဖြစ်ပါတယ်။

richarlison-everton-2021-22-1mqbqaw1gsudz110g6unq3a2ex
IMAGE: GOAL

⚽ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်တိုက်စစ်မှူး ရီချာလီဆန်က သူ့အနာဂတ်ဟာ အဲဗာတန်မှာပဲ မတည်မြဲနိုင်ကြောင်း၊ ဒါပေမဲ့ အဲဗာတန်မှာ ဆက်နေဖြစ်ခဲ့ရင်လည်း အသင်းအတွက်အကောင်းဆုံးပေးဆပ်သွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။ ရီချာလီဆန်ဟာ ပီအက်စ်ဂျီ၊ ရီးရဲ၊ဘာစီလိုနာတို့နဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

skysports-zlatan-ibrahimovic-5512403
IMAGE: GOAL

⚽ အေစီမီလန်တိုက်စစ်မှူး ဂျရူးက အသင်းဖော်အီဘရာဟီမိုဗစ်ချ်မှာ ဂန္ထဝင်တစ်ဦးဖြစ်ပြီး သူတို့နှစ်ယောက်ကြားက ပြိုင်ဆိုင်မှုက စစ်မှန်ကြောင်း၊ သူ့အနေနဲ့ တစ်ရာသီကို အနည်းဆုံး ၁၅ ဂိုးလောက်သွင်းနိုင်ကြောင်း ဆိုခဲ့ပါတယ်။

[ZAWGYI]

0-Whats-App-Image-2020-01-04-at-165449-1jpeg
IMAGE: GOAL

⚽ လီဗာပူးနဲ႔ အဂၤလန္ဂႏၳ၀င္ေဟာင္း ရိုဂ်ာဟတ္ခ်္ဟာ အသက္ ၈၃ ႏွစ္အရြယ္မွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။ ဟတ္ခ်္ဟာ လီဗာပူးရဲ႕ ဒုတိယေျမာက္ ဂိုးသြင္အမ်ားဆံုး ကစားသမားျဖစ္သလို အဂၤလန္နဲ႔လည္း ၁၉၆၆ ကမာၻ႕ဖလားကို ရယူႏုိင္ခဲ့သူပါ။

1-Getty-Images-1337305761
IMAGE: GOAL

⚽ အာဂ်င္တီးနားကလပ္ ဘိုကာဂ်ဴနီယာ ဂႏၳ၀င္ ဖယ္မန္းက မန္ယူတုိက္စစ္မွဴး ကာဗာနီအေနနဲ႔ ဘိုကာဂ်ဳနီယာအသင္းမွာ ကစားဖို႔ အခ်ိန္တန္ၿပီျဖစ္ေၾကာင္း၊ ဘုိကာဂ်ဴနီယာဟာ ကမာၻ႕အေကာင္းဆံုးကလပ္ျဖစ္ၿပီး ကာဗာနီရဲ႕ အသက္အရြယ္နဲ႔ ကစားဖို႔ အသင့္ေတာ္ဆံုးျဖစ္ေၾကာင္း တိုက္တြန္းခဲ့ပါတယ္။

16026103684939
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕မွာ ရီးရဲကြင္းလယ္လူ အဆန္စီယိုကို ေပါင္ ၃၄ သန္းနဲ႔ ကမ္းလွမး္ခဲ့ေပမဲ့ ပယ္ခ်ခံလုိက္ရပါတယ္။ အာဆင္နယ္နည္းျပအာတီတာအေနနဲ႔ လာမဲ့ ဇန္န၀ါရီမွာလည္း အဆန္စီယိုကို ဆက္လက္ႀကိဳးပမ္းသြားဦးမယ္လုိ႔ သိရပါတယ္။

dannyings140721a
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ စပါးအေနနဲ႔ ၿပီးခဲ့တဲ့ ေႏြရာသီအေျပာင္းအေရႊ႕တုန္းက ေဆာက္သမ္တန္တုိက္စစ္မွဴး ဒန္နီအင့္ကို ေခၚယူဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း သိရပါတယ္။ ဒါေပမဲ့ ေနာက္ဆံုးမွာ စပါးဒါရိုက္တာ ပါရာတီခ်ီအေနနဲ႔ ခံစစ္ ကစားသမားကို ေခၚယူဖုိ႔ ဦးစားေပးခဲ့တာလို႔ သိရပါတယ္။

e7pxfneweamsoum
IMAGE: GOAL

⚽ မန္စီးတီးတုိက္စစ္ကစားသမား မာရက္ဇ္က သူတို႔အေနနဲ႔ ခ်ဲလ္ဆီးနဲ႔ပြဲတုန္းက ပံုစံအတုိင္း ပီအက္္စ္ဂ်ီကို ရင္ဆိုင္သြားမွာျဖစ္ေၾကာငး္၊ သူတုိ႔အသင္းဟာ ၿပီးခ့ဲတဲ့ရာသီကနဲ႔ ႏိႈင္းယွဥ္ရင္မ်ားစြာ တုိးတက္လာေၾကာင္းဖြင့္ဟခဲ့ပါတယ္။

ngolo-kante-chelsea-2021-22-m43ig0nx9ki41idf0ug08rqol
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ ခ်ဲလ္ဆီးအေနနဲ႔ အဓိကကြင္းလယ္လူ ကန္တီကို ၂ပြဲခန္႔ လက္လႊတ္ရမွာ ျဖစ္ပါတယ္။ ကန္တီဟာ ဖ်ားနာမႈ ေ၀ဒနာကုိ ခံစားေနရၿပီး ဂ်ဴဗင္တပ္နဲ႔ ေဆာက္သမ္တန္တု႔ိရဲ႕ ပြဲစဥ္ေတြကို လြဲေခ်ာ္မွာ ျဖစ္ပါတယ္။

richarlison-everton-2021-22-1mqbqaw1gsudz110g6unq3a2ex
IMAGE: GOAL

⚽ ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္တိုက္စစ္မွဴး ရီခ်ာလီဆန္က သူ႔အနာဂတ္ဟာ အဲဗာတန္မွာပဲ မတည္ၿမဲႏုိင္ေၾကာငး္၊ ဒါေပမဲ့ အဲဗာတန္မွာ ဆက္ေနျဖစ္ခဲ့ရင္လည္း အသင္းအတြက္အေကာင္းဆံုးေပးဆပ္သြားမွာျဖစ္ေၾကာင္း ဆုိခဲ့ပါတယ္။ ရီခ်ာလီဆန္ဟာ ပီအက္စ္ဂ်ီ၊ ရီးရဲ၊ဘာစီလိုနာတို႔နဲ႔ သတင္းေတြ ထြက္ေပၚေနတာပါ။

skysports-zlatan-ibrahimovic-5512403
IMAGE: GOAL

⚽ ေအစီမီလန္တုိက္စစ္မွဴး ဂ်ရူးက အသင္းေဖာ္အီဘရာဟီမုိဗစ္ခ်္မွာ ဂႏၳ၀င္တစ္ဦးျဖစ္ၿပီး သူတုိ႔ႏွစ္ေယာက္ၾကားက ၿပိဳင္ဆုိင္မႈက စစ္မွန္ေၾကာင္း၊ သူ႔အေနနဲ႔ တစ္ရာသီကို အနည္းဆံုး ၁၅ ဂိုးေလာက္သြင္းႏုိင္ေၾကာင္း ဆုိခဲ့ပါတယ္။



အလတ်ဆတ်ဆုံး၊ အတိကျဆုံး အားကစားသတင်းတွေ ဖတ်ဖို့ အောက်ပါ Page ကို Like ထားပါ။
error: Content is protected !!